မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးမှူးရုံးဝန်းအတွင်း ဖန်ခါးမြေ လဝက မြတ်ဓမ္မာရုံနှင့် အမျိုးသားဆောင် ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးမှူးရုံးဝန်းအတွင်း ဖန်ခါးမြေ လဝက မြတ်ဓမ္မာရုံနှင့် အမျိုးသားဆောင် ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်

မကွေး      ဖေဖော်ဝါရီ     ၄

          လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးဝန်း အတွင်း ဆောက်လုပ်ပြီးစီးခဲ့သော ဖန်ခါးမြေ လ.ဝ.က မြတ်ဓမ္မာရုံနှင့် အမျိုးသားဆောင်ဖွင့်ပွဲ အခမ်း အနားကို ဖေဖော်ဝါရီလ ၄ ရက် ယနေ့နံနက်ပိုင်းက အဆိုပါရုံးဝန်း ဖန်ခါးမြေ လ.ဝ.က မြတ်ဓမ္မာရုံရှေ့ ၌ကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ နယ်မြေခံတပ်နယ်မှ တပ်မတော်အကြီး အကဲများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူး၊ မြို့နယ် အသီးသီးမှ မြို့နယ်ဦးစီးမှူးများနှင့် ဝန်ထမ်းများတက်ရောက်ခဲ့ကြသည်။

          ဦးစွာ ဖန်ခါးမြေ လ.ဝ.က မြတ်ဓမ္မာရုံနှင့် ဖန်ခါးမြေ လဝက အမျိုးသားဆောင်တို့အား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ နယ်မြေခံတပ်နယ်မှ တပ်မတော် အရာရှိကြီးများ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းသိန်းနှင့် လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်တို့က ဖဲ့ကြိုးဖြတ် ဖွင့်လှစ်ပေးကာ၊ လ.ဝ.က မြတ်ဓမ္မာရုံ ကမ္မည်းမော်ကွန်းကျောက်စာအား အမွှေးနံ့သာ ရည်များ ပက်ဖျန်းပေးသည်။

          ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဖန်ခါးမြေ လ.ဝ.က မြတ်ဓမ္မာရုံအတွင်း တည်ထားကိုးကွယ်သော မဟာမြတ်မုနိပုံတူ ရုပ်ပွားတော်မြတ်အား ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ခဲ့ကြပြီး၊ ဖန်ခါးမြေ လ.ဝ.က အမျိုးသားဆောင်အား ကြည့်ရှုစစ်ဆေးကာ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်းနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည်  တိုင်းဒေသကြီး လ.ဝ.က မိသားစုမှ တည်ခင်းဧည့်ခံသော နေ့လည်စာကို တက်ရောက်လာကြသူများနှင့် အတူတကွ သုံးဆောင်ခဲ့ကြကြောင်း သိရသည်။

 

နောက်ဆုံးရ သတင်း