မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မ‌ကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် နည်းပညာတက္ကသိုလ်(မကွေး) (၂၀)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အကြို‌လေ့ကျင့်ခြင်း အခမ်းအနားသို့ တက်ရောက်

မ‌ကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် နည်းပညာတက္ကသိုလ်(မကွေး) (၂၀)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အကြို‌လေ့ကျင့်ခြင်း အခမ်းအနားသို့ တက်ရောက်

မကွေး     ဖေဖော်ဝါရီ     ၇

          သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညတက္ကသိုလ်(မကွေး)၏(၂၀)ကြိမ်မြောက် ဘွဲ့နှင်း သဘင်အခမ်းအနား အကြို‌လေ့ကျင့်ခြင်းကို ယနေ့ နံနက်ပိုင်းက နည်းပညာတက္ကသိုလ်(မကွေး) ဘွဲ့နှင်းသဘင် ခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ နယ်‌မြေခံတပ်နယ်မှ အရာရှိကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် သိပ္ပံကျောင်းများမှ ပါမောက္ခချုပ်များနှင့် ကျောင်းအုပ်ကြီးများ၊ နည်းပညာတက္ကသိုလ်(မကွေး)စီမံခန့်ခွဲ့ရေးအဖွဲ့နှင့် ပညာရေးအဖွဲ့ဝင်များ၊ တက္ကသိုလ်ဆရာ၊ ဆရာမများ၊ ဘွဲ့ရ မောင်မယ်များနှင့် မိဘဆွေမျိုးများ တက်ရောက်ခဲ့ကြသည်။

          ဦးစွာ အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင့်လွင်က မောင်မယ်တို့အနေနဲ့ ရည်မှန်းချက်ကို မလျှော့သော ဇွဲ၊ လုံံ့လ၊ ဝီရိယများ အရင်းတည်ပြီး တစ်နှစ်ပြီး တစ်နှစ် အဆင့်ဆင့် ကြိုးစာအားထုတ်ခဲ့ကြလို့လဲ အခုလို အင်ဂျင်နီယာဘွဲ့များကို ဆွတ်ခူးနိုင်ခဲ့ကြတာဖြစ်လို့ မောင်မယ် တို့အတွက် ဘဝရဲ့ပျော်ရွှင်စရာ နေ့တစ်နေ့အဖြစ် ဝမ်းမြောက်ကြည်နူးရသလို မောင်မယ်တို့ရဲ့ မိဘဆွေမျိုးများသာမက အမိတက္ကသိုလ်ကြီးကလည်း ဒီလိုဝမ်းသာ ဂုဏ်ယူစရာ နေ့တစ်နေ့ကို ဆောင်ကြဉ်းပေးကြတဲ့ မောင်မယ်တို့ကို ထပ်တူဝမ်းသာဂုဏ်ယူမဆုံး ဖြစ်ရပါကြောင်း၊ အင်ဂျင်နီယာ ပညာရပ်များဟာ မောင်မယ်တို့ရဲ့ လူမှုပတ်ဝန်းကျင်နဲ့ ကမ္ဘာကြီးအတွက်ပါ အရေးပါတဲ့ အသုံးချ ပညာရပ်များဖြစ်ကြလို့ စာသင်ခန်း၊ လက်တွေ့ခန်းနဲ့ လေ့ကျင့်ရေး လုပ်ငန်းခွင်များက သင်ယူ လေ့ကျင့်ဆည်းပူးခဲ့တဲ့ ပညာရပ်တွေကို ရပ်တန့်မနေဘဲ မိမိတာဝန်ကျရာ လုပ်ငန်းခွင်များမှာ စဉ်ဆက်မပြတ် ဆည်းပူးလေ့လာရင်း လက်တွေ့ကျကျ ပေါင်းစပ်အကောင်အထည်ဖော် ဆောင်ရွက် သွားကြဖို့ပြောလိုကြောင်း၊ မောင်မယ်အပေါင်းတို့ တက္ကသိုလ်ပညာဆည်းပူးစဉ် ကာလမှာပဲ မောင်မယ်တို့ရဲ့ စွမ်းဆောင်ရည်မြင့် မားရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် စီမံကိန်းချမှတ်ပြီး ကြိုးပမ်းဆောင်ရွက်မှုဖြင့် တက္ကသိုလ်ရဲ့ စီမံအုပ်ချုပ်မှု ခိုင်ခံ့အားကောင်းဖို့၊ နိုင်ငံတကာ အရည်အသွေး၊ စံချိန်စံညွှန်းများကို လိုက်နာကျင့်သုံးရင်း ၂၀၁၈ ခုနှစ်မှာ ချီးမြှင့်တဲ့ နိုင်ငံတကာ အသိအမှတ်ပြု အရည်အသွေး စီမံခန့်ခွဲမှု စနစ် (ISO 9001: 2015) အသိအမှတ်ပြုလက်မှတ်ကို ရယူ နိုင်ခဲ့ပြီး၊ တက္ကသိုလ်က ဒီစနစ်ကို ဆက်လက်ကျင့်သုံး အကောင်အထည်ဖော်ဆဲ ဖြစ်ကြောင်း၊ အခုဆိုရင် တက္ကသိုလ်ရဲ့ အင်ဂျင်နီယာသင်တန်း အစီအစဉ်များကို အရည်အသွေး အာမခံမှု(Quality Assurance)ရှိအောင် ဆောင်ရွက်လျှက်ရှိကြောင်း၊ လူအများနဲ့ လုပ်ကိုင် ဆောင်ရွက်ကြတဲ့ အင်ဂျင်နီယာ အသက်မွေးဝမ်းကျောင်း လုပ်ငန်းမှာ အဓိကကျ အရေးကြီးတဲ့ ကိစ္စရပ် ကတော့ စည်းကမ်းနဲ့ ကျင့်ဝတ်သိက္ခာ စောင့်ထိန်း ခြင်းဖြစ်ပြီး၊ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတခုဖြစ်ဖို့ စည်းကမ်း ကောင်းမွန်တဲ့ လူ့အဖွဲ့အစည်းတွေ ရှိဖို့လိုမှာ ဖြစ်တဲ့အတွက် တစ်ဦးချင်း စည်းကမ်းမှသည် တစ်ဖွဲ့၊ တစ်ရပ်၊ တစ်မြို့၊ တစ်နယ်၊ တစ်နိုင်ငံလုံးထိ ကောင်းမွန်အောင် ကြိုးစားကြရမှာ ဖြစ်ကြောင်း၊ မောင်တို့၊ မယ်တို့ဟာ အမိတက္ကသိုလ်ဖြစ်တဲ့ နည်းပညာတက္ကသိုလ်(မကွေး) ကျောင်းဆင်းများ ပီပီ အင်ဂျင်နီယာ ကျင့်ဝတ်များကို စောင့်ထိန်းလိုက်နာရင်း ရပ်ရွာစည်းကမ်း၊ အလုပ်ခွင်စည်းကမ်းများကို စံပြဖြစ်အောင် ကြိုစားနေထိုင်သွားကြဖို့လည်း မှာကြားလိုကြောင်း၊ ဒီနေ့ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်ဟာ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော် ကို ဦးတည်ရင်း ငြိမ်းချမ်းရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး၊ ဘက်စုံခေတ်မီဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များကို ကဏ္ဍအသီးသီးက အားကြိုး မာန်တက် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်နေချိန်မှာ ဘွဲ့ယူမောင်မယ်များအနေနဲ့ မိမိတက်မြောက်ထားတဲ့ အင်ဂျင်နီယာ ပညာရပ်များကို အသုံးချပြီး တိုင်းပြည် ဖွံ့ဖြိုးရေးကဏ္ဍများမှာ ကျရာနေရာပေးအပ်ရာတာဝန်များမှာ စွမ်းအားရှိသမျှ ကြိုးစားပါဝင်ပေးကြဖို့နဲ့ နိုင်ငံတော်ငြိမ်းချမ်း ရေးနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးမှာလည်း ဝိုင်းဝန်းကူညီ ဆောင်ရွက်သွားနိုင်ဖို့ အလေး အနက် မှာကြားလိုကြောင်း စသည်ဖြင့်ပြောကြားသည်။

          ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဘွဲ့ယူမောင်မယ်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားကြောင်းနှင့်  နည်းပညာတက္ကသိုလ် (မကွေး) (၂၀)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားတွင် ဘွဲ့ရမောင်မယ်(၂၀၂)ဦးအား အင်ဂျင် နီယာဘွဲ့ ချီးမြှင့်အပ်နှင်းသွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း