မကွေး ဖေဖော်ဝါရီ ၂၂
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စကုမြို့သို့ သွားရောက်၍ သားမွေး ချောင်း(နွားကူးရိုး)ပေါ်ရှိ ပေတိုင် ၁၆၀၀၀ မှ ၂၂၀၀၀ အထိ ပေါင်ဆင့်ခြင်းလုပ်ငန်း ဆောင်ရွက် နေမှုနှင့် စကုမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ မြို့မဈေးအတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ခေတ္တ စိုက်ထုတ်ရန်ပုံငွေ (၆၄)သိန်းဖြင့် ဆောင်ရွက်သော (၄၅ ပေ x ပေ ၃၀) ပျံကျဈေးရုံသစ် ဆောက်လုပ်ပြီးစီးမှုနှင့် ဈေးသူဈေးသားများ၏ ထည့်ဝင်ငွေဖြင့် ဆောင်ရွက်သော (၁၆၃)ပေ အရိပ်ရ အမိုး ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများနှင့် မြို့ဒေသခံများ၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရှင်းလင်းတင်ပြမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည် များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။





