မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် အခမဲ့ ဆေးကုသပေးခြင်းနှင့် သွားတုအံကပ် တပ်ဆင်ပေးရန် တိုင်းတာပေးနေမှုနှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် (Grade-5)၊ အခြေခံပညာအလယ်တန်းအဆင့် (Grade-9)ပြီးမြောက်မှု စာမေးပွဲဖြေဆိုမှု ကြည့်ရှုအားပေး

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် အခမဲ့ ဆေးကုသပေးခြင်းနှင့် သွားတုအံကပ် တပ်ဆင်ပေးရန် တိုင်းတာပေးနေမှုနှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် (Grade-5)၊ အခြေခံပညာအလယ်တန်းအဆင့်  (Grade-9)ပြီးမြောက်မှု စာမေးပွဲဖြေဆိုမှု ကြည့်ရှုအားပေး

မကွေး     ဖေဖော်ဝါရီ    ၂၃

          မကွေးမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား ကျန်းမာရေးစောင့် ရှောက်မှုကို လက်လှမ်းမီရရှိစေရေးနှင့် စိုက်ထုတ်ကုန်ကျရသော ဆေးကုသမှုစရိတ်လျော့နည်း ကျဆင်းစေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ဆောင်ရွက်မှုဖြင့် ကျန်းမာရေးစောင့် ရှောက်မှုအဖြစ် အခမဲ့ဆေးကုသပေးခြင်းကို ဖွင့်လှစ်ဆောင်ရွက်ထားရှိရာ ယနေ့နံနက် ၈ နာရီက တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင်ဝန်ကြီးများနှင့် အတူ ဌာနဆိုင်ရာတာဝန်ရှိ သူများလိုက်ပါကာ  နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား အခမဲ့ဆေးကုသပေးခြင်း၊ သွားတုအံကပ် တပ်ဆင်ရန် တိုင်းတာပေးနေမှုနှင့် အခြေခံစားသောက်ကုန်များအား သက်သာ‌သောဈေးနှုန်းဖြင့် ရောင်းချပေးနေမှုအား ကြည့်ရှုအားပေးသည်။

          ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မကွေးမြို့ မြန်မာ့စီးပွားရေးဘဏ် တွင် နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား တိုင်းပြည်သူ့ဆေးရုံကြီး အထူးကုဆရာဝန်ကြီးများမှ အခမဲ့ ဆေးကုသဆောင်ရွက်ပေးနေမှု၊ သွားတုအံကပ်တပ်ဆင်ပေးရန် တိုင်းတာပေးနေမှု၊ အခမဲ့ မျက်စိ ကုသဆောင်ရွက်ပေးနေမှုနှင့် လိုအပ်သည့် ကျန်းမာရေး‌စောင့်ရှောက်မှု ဆောင်ရွက်ပေးနေမှုများအား လှည်လည်ကြည့်ရှု၍ ဆေးဝါးကုသမှု ခံယူနေသူ နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား ရင်းရင်းနှီးနှီး တွေ့ဆုံကာ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် သက်ဆိုင်ရာ ဌာနအသီးသီးနဲ့ ပေါင်းစပ်ပြီး တိုင်းဒေသကြီးအတွင်း ပြည်သူလူထုတွေ အကျိုးရှိမယ့် လုပ်ငန်းတွေကို စဉ်ဆက်မပြတ် ထောင့်စေ့အောင် ကြိုးစားစီမံဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားကာ၊ မကွေး မြို့နယ်အတွင်းရှိ နိုင်ငံဝန်ထမ်းအငြိမ်းစားများကို အခမဲ့ ဆေးဝါးကုသပေးနေမှုအား ကြည့်ရှုအားပေး သည်။

          မကွေးတိုင်းဒေသကြီးအတွင်း နိုင်ငံ့တာဝန်များကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြသည့်(အငြိမ်း စား)များအား ဆေးကုသမှုကုန်ကျစရိတ်သက်သာစေရန်နှင့် စနစ်တကျဆေးကုသမှု ခံယူနိုင်ရန် အတွက် အခမဲ့ဆေးကုသခြင်းအစီစဉ်ကို လစဉ်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး၊ အခမဲ့ ဆေးကုသမှု အဖြစ် သွားနှင့်ခံတွင်း အထူးကုဆရာဝန်ကြီးများ၊ မျက်စိအထူးကု ဆရာဝန်ကြီးများနှင့် အထွေထွေ ရောဂါကုဆရာဝန်ကြီးများက ဦးဆောင်ကာ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုကို ဆောင်ရွက် ပေးလျှက်ရှိကြောင်း သိရသည်။

 

          ထို့အတူ မကွေးတိုင်းဒေသကြီးအတွင်း ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာမူလတန်း အဆင့်(Grade-5)နှင့် အခြေခံပညာအလယ်တန်းအဆင့်(Grade-9)ပြီးမြောက်မှု စာမေးပွဲများကို ဖြေဆို ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက မကွေးမြို့ အမှတ်(၁ ၊ ၄)အခြေခံပညာကျောင်းများသို့ သွားရောက်၍  (Grade-5)နှင့် (Grade-9) ကျောင်းသား၊ ကျောင်းသူများ ပြီးမြောက်မှုစာမေးပွဲ ဖြေဆိုနေမှုကို ကြည့်ရှုအားပေးကာ၊ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရေး အလေးထား ဆောင်ရွက်ကြရန် တာဝန်ရှိသူ များအား မှာကြားသည်။

          ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့်(Grade-5)နှင့် အခြေခံပညာ အလယ်တန်းအဆင့် (Grade-9) ပြီးမြောက်မှုစာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖေဖော် ဝါရီလ(၂၃)ရက်နေ့မှ (၂၈)ရက်နေ့အထိ ဖြေဆိုသွားမည်ဖြစ်ပြီး၊ မကွေးတိုင်းဒေသကြီးအတွင်း အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်တော်ကြီးသင်ပညာရေးကျောင်းများ အပါအဝင် အခြေခံပညာကျောင်း(၂၉၇၄)ကျောင်းတွင် (Grade-5)ဖြေဆိုသူ (၅၄၈၅၆)ဦးနှင့် အခြေခံ ပညာအလယ်တန်းအဆင့်(Grade-9) ဖြေဆိုသူ(၁၃၄၂၂)ဦး စုစုပေါင်း(၆၈၂၇၈)ဦးတို့ ဝင်ရောက်ဖြေ ဆိုကာ ကျောင်းသား၊ ကျောင်သူများ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း မကွေးတိုင်းဒေသကြီးပညာ ရေးမှူးရုံး တာဝန်ရှိသူထံမှ သိရသည်။

နောက်ဆုံးရ သတင်း