မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲမှ ကြီးမှူးကျင်းပသည့် (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနား တက်ရောက်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲမှ ကြီးမှူးကျင်းပသည့် (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနား တက်ရောက်

မကွေး      မတ်     ၂

          မကွေးတိုင်းဒေသကြီးအစိုးရအဖွဲမှ ကြီးမှူးကျင်းပပြုလုပ်သည့် (၆၃) နှစ်မြောက် တောင်သူ လယ်သမားနေ့ အခမ်းအနားကို မတ်လ ၂ ရက် ယနေ့နံနက် ၈ နာရီက မကွေးမြို့ မြို့တော်ခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ နယ်မြေခံ တပ်နယ်မှ အရာရှိကြီးများ၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ် အသီးသီးမှ  တောင်သူကြီးများနှင့် ဖိတ်ကြားထားသူများ တက်ရာက်ကြသည်။

          ဦးစွာ မကွေးတိုင်းဒေသကြီး ကြီးမှူးကျင်းပပြုလုပ်သည့်(၆၄)နှစ်မြောက် တောင်သူလယ် သမားနေ့ အခမ်းအနား မုခ်ဦးအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်း လေတပ် ကွတ်ကဲမှု ဌာနချုပ်မှူး ဗိုလ်ချုပ် သိန်းထွန်းဦး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်းနှင့် ထူးချွန်ဆုရတောင်သူကြီး(၂)ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး(၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ပါဝင်ခဲ့သည့် ဘင်ခရာ၊ ပန်းပွားအဖွဲ့ များအား ဂုတ်ပြုချီးမြှင့်ငွေများ ပေးအပ်ကာ၊ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။

          ထို့နောက် မြို့တော်ခန်းမအတွင်း အခမ်းအနားကို ဆက်လက်ကျင်းပရာ မကွေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သော (၆၄) နှစ်မြောက် တောင်သူလယ်သမားနေ့ အထိမ်းအမှတ် သဝဏ်လွှာအားဖတ် ကြားခဲ့သည်။

          ဆက်လက်၍  တိုင်းဒေသကြီးအတွင်းရှိ မိုးစပါးနှင့် နွေစပါးစိုက်ပျိုးထုတ်လုပ်မှု ထူးချွန်ဆု ရရှိသည့် တောင်သူကြီးများ၊ သီးထပ်စွမ်းအားနှင့် သီးနှံစိုက်စွမ်းအား တိုးတက်အောင် ဆောင်ရွက် နိုင်ခဲ့သည့် ထူးချွန်ခရိုင်၊ မြို့နယ်များနှင့် မွေးမြူရေးလုပ်ငန်းရှင်များအား  ဂုဏ်ပြုဆုနှင့် ဂုဏ်ပြု မှတ်တမ်းများကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က အသီးသီး ချီးမြှင့်ပေးအပ်ခဲ့သည်။

          ထို့နောက် မကွေးတိုင်းဒေသကြီး (၅)နှစ်တာကာလအတွင်း သီးထပ်တိုးချဲ့စိုက်ပျိုး၍ သီးနှံစိုက် စွမ်းအားတိုးတက်မှု အမြင့်ဆုံးရရှိသည့် ခရိုင်/မြို့နယ်များ၊ တစ်ဧကအထွက်နှုန်းအမြင့် ဆုံးနှင့် မျိုးစေ့ထုတ်လုပ်ငန်းဆောင်ရွက်မှုများတွင် ထူးချွန်ဆုရရှိသည့် တောင်သူကြီးများ၊ ဆာဖိုးသာ၊ အောင်နိုင်တိုး မျိုးပြောင်းလဲနိုင်မှု အများဆုံးမြို့နယ်နှင့် စိုက်ပျိုးရေးဦးစီးဌာန (Call Center)သို့ စိုက်ပျိုးရေးဆိုင်ရာများအား ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာတွင် တစ်နိုင်ငံလုံး ဒုတိယအများဆုံး ဆုရရှိသူများအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာတို့ကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိ သူတို့က ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ပြီး (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် မကွေး တိုင်းဒေသကြီး၏ စိုက်ပျိုး၊ မွေးမြူရေးကဏ္ဍနှင့် သမဝါယမကဏ္ဍ ဖွံဖြိုး တိုးတက်ရေး ဆောင်ရွက်ချက် Video Clip အား ပြသခဲ့သည်။

          ဆက်လက်၍ Magway Violin Group မှတယော တီးခတ်ဖျော် ဖြေခြင်း၊ ပညာရေးဒီဂရီ ကောလိပ် ယိမ်းအဖွဲ့မှ “တိုးတက်အလှဝေကျေးလက်မြေ”သီချင်းနှင့် အခြေခံကျန်းမာရေး တက္ကသိုလ် ယိမ်းအဖွဲ့ မှ ကျေးလက်အကများဖြင့် ကပြဖျော်ဖြေ တင်ဆက်ခဲ့ကြပြီး၊ ဖျော်ဖြေတင်ဆက်ခဲ့ကြသော ကျောင်းသား/ကျောင်းသူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ဂုဏ်ပြုဆုငွေများချီးမြှင့်ကာ၊ တိုင်းဒေ သကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က တောင်သူအသိပညာပေး ခင်းကျင်းပြသထားသော ပြခန်းများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း