မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မင်းဘူးမြို့ သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ် သည့် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန် စာအောင်ဆုနှင်းသဘင် အခမ်းအနားသို့ တက်ရောက်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မင်းဘူးမြို့ သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ် သည့် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန် စာအောင်ဆုနှင်းသဘင် အခမ်းအနားသို့ တက်ရောက်

မကွေး        မတ်    ၁၁

          မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ မင်းဘူးမြို့ သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်သော ၂၀၂၅ ခုနှစ်၊ အစိုးရဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲတွင် မကွေး တိုင်းဒေသကြီးအတွင်း၌ ဖြေဆိုအောင်မြင်တော်မူခဲ့သော သံဃာတော်အရှင်သူမြတ်များအား စာအောင်ဆု နှင်းသဘင် ဆက်ကပ်လှူဒါန်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပရာ အခမ်း အနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်သည်။

          ဦးစွာ အခမ်းအနားသို့ တက်ရောက်လာသောကြသူများက နမောနဿ သုံးကြိမ်ရွတ်ဆို ဘုရား ကန်တော့၍ ဖွင့်လှစ်ပြီး နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဌဂုရု မကွေးမြို့ သံဃာရာမ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တစိန္တာသာရ မဟာထေရ်မြတ်ထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ငါးပါးသီလ ခံယူဆောက်တည်ကာ ပရိတ်တရားဒေသနာတော်များ နာယူ ကြည်ညိုသည်။

          ဆက်လက်ပြီး မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများက ပင့်ဖိတ် ထားသော ဆရာတော်ကြီးများထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီးနောက် မကွေးတိုင်း ဒေသကြီးအတွင်း၌ ၂၀၂၅ ခုနှစ်၊ အစိုးရဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲတွင် ဖြေဆို အောင်မြင်တော်မူခဲ့သော စာအောင်သံဃာတော်အရှင်သူမြတ်များ၊ သီလရှင်ဆရာကြီး ဆရာလေးများ နှင့် လူပုဂ္ဂိုလ်တစ်ဦး အပါအဝင် စုစုပေါင်း ၇၈၅ ပါးအတွက် စာအောင်ဆုနှင့် အောင်လက်မှတ်များကို အသီးသီး ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

          ဆက်လက်၍ မကွေးတိုင်းဒေသကြီးသံဃနာယကအဖွဲ့ အကျိုးတော်ဆောင် အဂ္ဂမဟာ ကမ္မ ဌာနာစရိယ၊ အဂ္ဂမဟာသာဒ္ဓမ္မဇောတိကဓဇ တောင်တွင်းကြီးမြို့ ငှက်ပစ်တောင်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တမာနိတ မထေရ်မြတ်ထံမှ အနုမောဒနာတရားတော်များ နာယူကြည်ညိုပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်ချ အမျှအတမ်းများပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ် ရွတ်ဆိုပူဇော်၍ ရုပ်သိမ်းပြီး ပင့်သံဃာအပါး ၈၀ အား နေ့ဆွမ်းများ ဆက်ကပ်လှူ ဒါန်းခဲ့ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း