မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့နယ် ယင်းသာစည်(အရှေ့)နှင့်(အနောက်) ကျေးရွာ လျှပ်စစ်မီးလင်းရေးဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့နယ် ယင်းသာစည်(အရှေ့)နှင့်(အနောက်) ကျေးရွာ လျှပ်စစ်မီးလင်းရေးဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်

မကွေး     မတ်      ၁၂

          မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သော မကွေးမြို့နယ်ရှိ ယင်းသာစည်(အရှေ့)နှင့်(အနောက်)ကျေးရွာ လျှပ်စစ်မီးလင်းရေးဖွင့်ပွဲ အခမ်းအနားကို မတ်လ ၁၂ ရက်နေ့ နံနက်ပိုင်းက အဆိုပါကျေးရွာ ၁၁/၀ ဒသမ ၄ ကေဗွီ ၂၀၀ ကေဗွီအေ ထရန်စဖော်မာရှေ့၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အဆိုပါ ကျေးရွာများမှ ဒေသခံပြည်သူများ တက်ရောက် ခဲ့ကြသည်။

          ဦးစွာ ယင်းသာစည်(အရှေ့)နှင့် (အနောက်) ကျေးရွာရှိ လျှပ်စစ်မီးလင်းရေးဖွင့်ပွဲ မုခ်ဦးအား မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးပြီး၊ အဆိုပါကျေးရွာရှိ ၁၁/၀ ဒသမ ၄ ကေဗွီ ၂၀၀ ကေဗွီအေ ထရန်စဖော်မာအား စက်ခလုပ်နှိပ်၍ မီးလင်းပေးခြင်း ဆောင်ရွက်ကာ၊ ကျေးရွာအတွင်း လျှပ်စစ်မီးရရှိမှုနှင့် စတင်သုံးစွဲ နေမှုအခြေအနေများကို လှည့်လည်ကြည်ရှု့စစ်ဆေးသည်။

          ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မီးလင်းရေးဖွင့်ပွဲတွင် အိုးစည်၊ ဒိုးပတ်အဖွဲ့နှင့် ကျေးရွာမှ ကျောင်းသူလေးများ၏ ကပြဖျော်ဖြေမှုကို ကြည့်ရှုအားပေးကာ၊ တိုင်းဒေသ ကြီးဝန်ကြီးချုပ်က ဖျော်ဖြေပေးခဲ့သည့် တီးဝိုင်းအဖွဲ့များနှင့် ကျောင်းသူလေးများကို ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးခဲ့သည်။

          ဆက်လက်၍ ယင်းသာစည် (အရှေ့+ အနောက်)ကျေးရွာ ဘက်စုံသုံးခန်းမ၌ မီးလင်းရေးဖွင့်ပွဲ ဒုတိယပိုင်း အခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဦးတင့်လွင်က နိုင်ငံတော်အနေ နဲ့ဓာတ်အားစနစ်အတွင်း ဓာတ်အားပိုမိုရရှိနိုင်ရေး နည်းလမ်းပေါင်းစုံနဲ့ ဆောင်ရွက်ရာမှာ မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့အနေနဲ့ တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားများ ပိုမိုထုတ်လုပ် ရရှိရေး၊ အိမ်ထောင်စုအလိုက် လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်မှု တိုးတက်မြင့်မားရေး၊ မီးမရရှိသေးတဲ့ ကျေးရွာများ လျှပ်စစ်ဓာတ်အားရရှိရေးတို့အတွက် နှစ်အလိုက်ရန်ပုံငွေများ လျာထားခွင့်ပြုပေးကာ လိုအပ်တဲ့ အကူအညီများကို ပံ့ပိုးပေးလျက်ရှိကြောင်း၊ ယခုဆိုရင်လည်း (၆၆)ကေဗွီ သစ်ရာကောက် ဓာတ်အား ခွဲရုံအထွက်(၁၁)ကေဗွီ ဓာတ်အားလိုင်းမှ ယင်းသာစည်(အရှေ့)နှင့်(အနောက်)ကျေးရွာများ လျှပ်စစ်မီးရရှိရေးအတွက်(၁၁)ကေဗွီ ဓာတ်အား လိုင်း(၃.၃)မိုင် တိုးချဲ့ဆွဲသားခြင်း၊ (၁၁/ဝ.၄)ကေဗွီ (၂၀၀) ကေဗွီ အေ ထရန်စဖော်မာ(၂)လုံး အသစ်တည်ဆောက်ခြင်းများကို ပစ္စည်းတန်ဖိုးအပါအဝင် တိုင်းဒေသကြီးရန်ပုံငွေမှ( ၄၃၁.၇၅၀ )ကျပ်သန်း အကုန်အကျခံပြီး ခွင့်ပြုဆောင်ရွက်ပေးခဲ့တာ ဖြစ်ပါကြောင်း၊ ယခုလို ဆောင်ရွက်ခဲ့ခြင်းဖြင့် ယင်းသာစည်(အရှေ့)ကျေးရွာရှိ အိမ်ခြေ(၂၄၉)အိမ်၊ အိမ်ထောင်စု(၂၆၁)စုနှင့် ယင်းသာစည်(အနောက်)ကျေးရွာရှိ အိမ်ခြေ(၃၆၉)အိမ်၊ အိမ်ထောင်စု (၃၇၆)စု တို့ဟာ လျှပ်စစ်မီးများ သုံးစွဲနိုင်တော့မှာ ဖြစ်ပါကြောင်း၊  မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အနေနဲ့ တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားများ ပြည့်ဝစွာ သုံးစွဲနိုင်ရေး လိုအပ်တဲ့ ဓာတ်အား လိုင်းတွေ၊ ဓာတ်အားခွဲရုံတွေကို တိုးချဲ့တည်ဆောက်နိုင်ဖို့ နှစ်စဉ်ရန်ပုံငွေခွင့်ပြုပေး လျက်ရှိရာမှာ ၂၀၂၁ ခုနှစ်မှ ယခုအချိန်ထိ (၅)နှစ် ကျော် ကာလအတွင်း ကျေးရွာပေါင်း(၈၃၂)ရွာ၊ အိမ်ထောင်စု အနေနဲ့ (၁၀၂၆၉၀) (တစ်သိန်းနှစ်ထောင့် ခြောက်ရာ့ကိုးဆယ်)စုခန့် လျှပ်စစ်မီးရရှိရေး ဆောင်ရွက် ပေးနိုင်ခဲ့ပြီး၊ ယခုဆိုရင် မကွေးတိုင်းဒေသကြီး မှာ စုစုပေါင်း အိမ်ထောင်စုရဲ့(၅၆၉၄၆၉) (ငါးသိန်း ခြောက်သောင်းကိုးထောင်လေးရာ ခြောက်ဆယ့်ကိုး) စုကျော်၊ ရာခိုင်နှုန်းအားဖြင့်(၆၂)ရာခိုင်နှုန်း လျှပ်စစ်မီးရရှိသုံးစွဲနိုင်ပြီ ဖြစ်ပါကြောင်းနှင့် လျှပ်စစ်မီး ရရှိခြင်းဖြင့် လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး  ဘဝနေထိုင်ရေးကဏ္ဍတို့မှာ ယခင်ထက် အစစအရာရာ ပိုမိုဖွံ့ဖြိုးတိုးတက်လာ မှာလည်း ဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားသည်။

          ဆက်လက်ပြီး တိုင်းဒေသကြီးသယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေးက နိုင်ငံတော်အနေနဲ့ ပြည်သူများ လျှပ်စစ်ဓာတ်အား ပြည့်ဝစွာ သုံးစွဲနိုင်ရေးအတွက် နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်း ဆောင်ရွက် လျက်ရှိသလို ပြည်သူများအနေနဲ့ လျှပ်စစ်ဓာတ်အားကို အကျိုးရှိစွာသုံးစွဲခြင်း၊ လိုအပ် သလောက်ကိုသာ ချွေတာသုံးစွဲခြင်း၊ မိမိတို့ကျသင့်သည့် ဓာတ်အားခများကို သတ်မှတ်ရက်များ အတိုင်း အချိန်မီပေးသွင်းကြခြင်းဖြင့် နိုင်ငံတော်အတွင်း ဓာတ်အားများ ပိုမိုထုတ်လုပ်နိုင်ရေး၊ လျှပ်စစ်မီးမရရှိသေးတဲ့ ဒေသများမှ ပြည်သူများ လျှပ်စစ်ဓာတ်အားများ သုံးစွဲနိုင်ရေးတို့ကို နားလည် သဘောပေါက်ပြီး ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးဖို့ လိုအပ်ပါကြောင်း ပြောကြားကာ၊ ဒေသခံ ရပ်မိရပ်ဖတစ်ဦးက ကျေးဇူတင်စကားပြောကြားခဲ့ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း