မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးအတွင်းသို့ ရောက်ရှိလာပြီး မှတ်ပုံတင်လုပ်ငန်း ဆောင်ရွက်ခြင်း မပြုရသေးသော မော်တော်ယာဉ်များအား မှတ်ပုံတင်လုပ်ငန်းဆောင်ရွက်ရန် ကြီးကြပ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး

မကွေးတိုင်းဒေသကြီးအတွင်းသို့ ရောက်ရှိလာပြီး မှတ်ပုံတင်လုပ်ငန်း ဆောင်ရွက်ခြင်း မပြုရသေးသော မော်တော်ယာဉ်များအား မှတ်ပုံတင်လုပ်ငန်းဆောင်ရွက်ရန် ကြီးကြပ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး

၁။    မကွေးတိုင်းဒေသကြီးအတွင်းသို့ ရောက်ရှိလာပြီး မှတ်ပုံတင်လုပ်ငန်း ဆောင်ရွက်ခြင်း မပြုရသေးသော မော်တော်ယာဉ်များအား မှတ်ပုံတင်လုပ်ငန်းဆောင်ရွက်ရန် ကြီးကြပ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၁/၂၀၂၆)ကို (၁၉.၃.၂၀၂၆) ရက်နေ့၊ နံနက် (၀၉း၃၀) အချိန်က မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
၂။    အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မကွေးတိုင်းဒေသကြီးအတွင်းသို့ ရောက်ရှိလာပြီး မှတ်ပုံတင်လုပ်ငန်းဆောင်ရွက်ခြင်း မပြုရသေးသော မော်တော်ယာဉ်များအား မှတ်ပုံတင်လုပ်ငန်း ဆောင်ရွက်ရန် ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်သူဦးက မြန်မာနိုင်ငံအတွင်းသို့ ကုန်သွယ်ရေးဦးစီးဌာန၏ တင်သွင်းခွင့်ပြုချက်နှင့် အကောက်ခွန်ဦးစီးဌာန တို့တွင် အခွန်များပေးဆောင်၍ တင်သွင်းရောက်ရှိပြီးသော မော်တော်ယာဉ်များသည် ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် ကနဦးမှတ်ပုံတင်ဆောင်ရွက်ရမည်ဖြစ်သော်လည်း မှတ်ပုံတင် ဆောင်ရွက်ခြင်းမရှိဘဲ အသုံးပြုနေသည်ကို တွေ့ရှိရပါသဖြင့် ကုန်သွယ်ရေးဦးစီးဌာနမှ ၂၀၁၈ ခုနှစ် အတွင်း တင်သွင်းခွင့် လိုင်စင်ထုတ်ပေးထားသောယာဉ်များသည် ၃၀- ၄ -၂၀၂၆ ရက်နေ့  နောက်ဆုံး ထား၍လည်းကောင်း၊ ၂၀၁၉ ခုနှစ်အတွင်း တင်သွင်းခွင့်လိုင်စင်ထုတ်ပေးထားသော ယာဉ်များသည် ၃၁- ၅ -၂၀၂၆ ရက်နေ့  နောက်ဆုံးထား၍လည်းကောင်း၊ ၂၀၂၀ ခုနှစ်အတွင်း တင်သွင်းခွင့်လိုင်စင် ထုတ်ပေးထားသော ယာဉ်များသည် ၃၀-၆-၂၀၂၆ ရက်နေ့ နောက်ဆုံးထား၍လည်းကောင်း ကနဦး မှတ်ပုံတင်ခြင်း လုပ်ငန်းများ ပြီးပြတ်အောင်ဆောင်ရွက်ကြရန်၊ သတ်မှတ်ကာလကျော်လွန်ပါက ကနဦးမှတ်ပုံ တင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးမည် မဟုတ်ပါကြောင်းနှင့် မှတ်ပုံတင်ခြင်း လုပ်ငန်းများ အချိန်မီဆောင်ရွက်ခြင်းမပြုပါက  တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက် သွားမည်ဖြစ်ပါ၍ ယခုလို တိုင်းဒေသကြီးကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းပြီး လုပ်ငန်းများသတ်မှတ် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။
၃။    ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာအောင်နိုင်မြင့် ကလည်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ (၄/ ၂၀၂၅) ကြိမ်‌မြောက်၊ လုပ်ငန်းညှိနှိုင်းအစည်းအဝေးဆုံးဖြတ်ချက် အပိုဒ်(ဖ)၌ “၂၀၂၁ ခုနှစ် မတိုင်မီ (၃)နှစ်တာကာလအတွင်း မော်တော်ယာဉ် တင်သွင်းခွင့် လိုင်စင်ထုတ်ပေးမှု၊ တရားဝင်ယာဉ် မှတ်ပုံတင်ဆောင်ရွက်ထားရှိမှုနှင့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် လိုင်စင်ဝင်ရန် ကျန်ရှိမှုတို့အား စိစစ်တင်ပြရန်” ဆုံးဖြတ်ခဲ့ပါသဖြင့်၊ ၂၀၁၈ မှ ၂၀၂၀ ပြည့်နှစ်အတွင်း တင်သွင်းခွင့်လိုင်စင်ဖြင့် ရောက်ရှိလာသော ယာဉ်များအား နံပါတ်သတ်မှတ်ပေးပြီး ကနဦးမှတ်ပုံတင်ခြင်း ဆောင်ရွက်ရမည်ကြောင်း ဆွေးနွေး ပြောကြားခဲ့ပါသည်။




 

နောက်ဆုံးရ သတင်း