မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲ အခမ်းအနား တက်ရောက်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲ အခမ်းအနား တက်ရောက်

မကွေး   မတ်   ၂၁

          မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာမှ ဖွင့်လှစ်သည့် နွေရာသီအခြေခံ အားကစား သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးအားကစားကွင်း၊ ဖူဆယ်အားကစားရုံ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ နယ်မြေခံတပ်နယ်မှ အရာရှိကြီးများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအမျိုးသမီး အားကစားအဖွဲ့ နာယကနှင့် အဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အားကစားဆပ်ကော်မတီ အသီးသီးမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သင်တန်းနည်းပြများ၊ သင်တန်းဆင်းလူငယ် မောင်/မယ်များ တက်ရောက်ခဲ့ကြသည်။

          ဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင့်လွင်က နွေရာသီအားကစားသင်တန်း ဖွင့်လှစ် ရသည့်အတွက် မျိုးဆက်သစ်လူငယ်များ နွေရာသီ ကျောင်းအားလပ်ရက်များတွင် အားကစားကိုလေ့ လာလိုက်စားပြီး အားကစားဖြင့် နိုင်ငံတော်ကိုအကျိုးပြုနိုင်သော ကာယ၊ ဉာဏ၊ စာရိတ္တဘက်စုံ တော်သောလူငယ်များ ဖြစ်လာစေရေး၊ အခြေခံအားကစားနည်း တစ်ရပ်ရပ်ကိုလေ့ကျင့်လိုက်စားခြင်း  ဖြင့်ကျန်းမာကြံ့ခိုင်ပြီး အရည်အချင်း မြင့်မားသော အားကစားသမားကောင်းများ၊ နိုင်ငံ့သားကောင်း/ သမီးကောင်းများ ဖြစ်လာစေရေး၊ ကျောင်းသား/ကျောင်းသူ လူငယ်များအနေဖြင့် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာမှာပါ တိုးတက်ဖွံ့ဖြိုးမှု ကောင်းကျိုးများ ရရှိလာနိုင်စေရေး၊ အချိန်ကို အကျိုးရှိစွာအသုံး ချနိုင်စေရေးနှင့် ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရေး၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး စသည့်မြင့် မားတဲ့ ရည်ရွယ်ချက်များနဲ့ ယခုသင်တန်းကို ဖွင့်လှစ်သင်ကြားခဲ့ခြင်းဖြစ်ပါကြောင်း၊ ယခုသင်တန်း တွင် ဘောလုံး/ ဖူဆယ်၊ ဝူရှူး၊ ပိုက်ကျော်ခြင်း၊ ရိုးရာခြင်းလုံး၊ စားပွဲတင်တင်းနစ်၊ Physical Fitness Dance၊ ဘော်လီဘော၊ ကြက်တောင်၊ လက်ဝှေ့နှင့် ကရာတေးဒို စသည့်အားကစားနည်းများ၏ အခြေခံနည်းစနစ် ပိုင်းဆိုင်ရာများကို သင်ကြားခဲ့ပြီး ဖြစ်ပါကြောင်း၊ ယခုဖွင့်လှစ်လိုက်သည့် သင်တန်း ကရရှိလာမည့် နည်းစနစ်များကို လေ့ကျင့်ဖို့လိုအပ်ကြောင်း၊ အားကစားနည်းတစ်ခုကို လေ့လာလိုက် စားရာတွင် “လေ့ကျင့်မှ ကျွမ်းကျင်၊ ကျွမ်းကျင်မှ ယုံကြည်၊ ယုံကြည်မှ ရဲရင့်၊ ရဲရင့်မှ အောင်ပွဲဆီသို့” ဆိုသည့် ဆောင်ပုဒ်အတိုင်း လေ့ကျင့်မှ ကျွမ်းကျင်မှာဖြစ်ပြီး ကျွမ်းကျင်မှ မိမိကိုယ်ကို ပြိုင်ပွဲတွင် အောင်မြင်မှု ရရှိမည်ဆိုသည့် ယုံကြည်မှုရရှိမှာဖြစ်ပါကြောင်းနှင့် သင်တန်းကသင်ယူရရှိလာသည့် နည်းစနစ်နှင့် ကျွမ်းကျင်မှုများကိုအခြေခံပြီး အဆင့်မြင့်အားကစားပညာရပ်များကို ဆက်လက် လေ့လာလိုက်စားကြ ပြီး ထူးချွန်ထက်မြက်သော နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများဖြစ်အောင် ကြိုးစားကြစေလို ကြောင်း ပြောကြားသည်။

          ထို့နောက် နွေရာသီအခြေခံအားကစားသင်တန်းတွင် သင်ကြားခဲ့သော အားကစားနည်းများမှ ရိုးရာခြင်း၊ ဝူရှူး၊ လက်ဝှေ့၊ ကရာတေးနှင့် Physical Fitness Dance စသည့် သက်ဆိုင်ရာ အားကစားနည်းများအလိုက် သရုပ်ပြသကာ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင့်လွင်နှင့် တာဝန်ရှိ သူတို့က သင်တန်းသား/သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်နှင့် သင်တန်းနည်းပြများနှင့် သရုပ်ပြအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်‌ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

          အဆိုပါ နွေရာသီအခြေခံ အားကစားသင်တန်းတွင် ဘောလုံး၊ ဖူဆယ်၊ ဝူရှူး၊ ပိုက်ကျော်ခြင်း၊ ရိုးရာခြင်းလုံး၊ စားပွဲတင်တင်းနစ်၊ Physical Fitness Dance & အေရိုးဗစ်၊ မြန်မာ့သိုင်း၊ ဘော်လီဘော၊ ကြက်တောင်၊ လက်ဝှေ့နှင့် ကရာတေးဒိုစသည့် အားကစားနည်းများကို (၁.၃.၂၀၂၆)မှ (၂၁.၃.၂၀၂၆) ထိ သင်တန်းနည်းပြများက သက်ဆိုင်ရာ အားကစားနည်းအလိုက် စနစ်တကျ လေ့ကျင့်သင်ကြား ပေးခဲ့ကြောင်း သိရသည်။

 

နောက်ဆုံးရ သတင်း