မကွေး မတ် ၂၅
မကွေးတိုင်းဒေသကြီး စက်မှုဇုန်များဖော်ဆောင်ရေးနှင့် ကြီးကြပ်ရေးကော်မတီ(ဒေသဆိုင်ရာ ကော်မတီ)နှင့် ဆုထူးပန်ဆောက်လုပ်ရေးကုမ္ပဏီတို့ အကျိုးတူပူးပေါင်း၍ မကွေးစက်မှုဇုန် စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး၊ မကွေးစက်မှုဇုန် စီမံကိန်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေအား ရှင်းလင်းတင်ပြခြင်းကို မကွေးစက်မှုဇုန်ခန်းမ၌ မတ်လ ၂၄ ရက် ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးတိုင်း ဒေသကြီးလွှတ်တော် ဥက္ကဌ၊ ဒု-ဥက္ကဌနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဒေသဆိုင်ရာကြီးကြပ်ရေး ကော်မတီ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးတိုင်းဒေသကြီး လွှတ်တော် ဥက္ကဌ၊
ဒု-ဥက္ကဌနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများအား မကွေးစက်မှုဇုန်စီမံကိန်း လုပ်ငန်းရှင်းလင်းဆောင်တွင် တိုင်းဒေသကြီး စက်မှုဇုန်များဖော်ဆောင်ရေးနှင့် ကြီးကြပ်ရေးကော်မတီ (ဒေသဆိုင်ရာကော်မတီ) တာဝန်ရှိသူများက စီမံကိန်းလုပ်ငန်းဆိုင်ရာ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ဆုထူးပန် ဆောက်လုပ်ရေးကုမ္ပဏီ တာဝန်ရှိသူတို့က အဆောက်အဦးများ ဆောက်လုပ်ခြင်း Survery တိုင်းတာ ခြင်း၊ သတ်မှတ်အတိုင်းအတာ အကွက်ဖော်တိုင်းတာခြင်း၊ လမ်းအူကြောင်းဖော် တစ်ကြောင်းထိုး လုပ်ငန်း၊ မြေသားတာဘောင်တင် ခင်းခြင်းလုပ်ငန်းများအား အချိန်နှင့် တပြေးညီ ဆောင်ရွက်ခဲ့မှုများ နှင့် ဆောင်ရွက်မှုလုပ်ငန်းအလိုက် လုပ်ငန်းတိုးတက်ပြီးစီးမှု အခြေအနေများနှင့် စီမံကိန်းလုပ်ငန်း ဆိုင်ရာ ဆောင်ရွက်ထားရှိမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးလွှတ်တော် ဥက္ကဌ တို့က စီမံကိန်းလုပ်ငန်းများ အရည် အသွေးပြည့်မီ စွာဖြင့် စံချိန်စံနှုန်းများနှင့် အညီ သတ်မှတ်ကာလပြီးစီးရေးနှင့် စက်မှုဇုန် အောင်မြင်အောင် အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဌနှင့် တာဝန်ရှိသူများ သည် မကွေးမြို့ စက်မှုဇုန်စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် စက်မှုဇုန်စီမံကိန်း Site Cleaning၊ Survey တိုင်းတာဆောင်ရွက်မှု၊ မြေကွက်တိုင်းတာချထားပေးမှု၊ လမ်းအူကြောင်း ဖော်လုပ်ငန်းများ၊ စက်မှုဇုန်အတွင်းလမ်းများ ပြီးစီးဆောင်ရွက်မှု အခြေအနေတို့ကို လှည့်လည် ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုမှတစ်ဆင့် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးတိုင်းဒေသကြီး လွှတ်တော် ဥက္ကဌ၊ ဒု-ဥက္ကဌနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် မကွေးမြို့နယ် ရှားပင်လှကျေးရွာအနီးတွင် ဆောင်ရွက်လျက်ရှိသည့် ရွှေတင့်တူး စိုက်ပျိုးမွေးမြူရေးဇုန်အတွင်း မွေးမြူရေးလုပ်ငန်းရှင်များ၊ စိုက်ပျိုးထုတ်လုပ် သူတောင်သူများနှင့် တွေ့ဆုံခဲ့သည်။
တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးတိုင်းဒေသကြီး လွှတ်တော် ဥက္ကဌ၊ ဒု-ဥက္ကဌနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် မကွေးမြို့နယ် ရှားပင် လှကျေးရွာအနီး ရွှေတင့်တူး စိုက်ပျိုးမွေးမြူ ရေးဇုန်နှင့် စနစ်ကျလယ်ယာမြေ ဖော်ထုတ်ခြင်းလုပ်ငန်း ယာယီရှင်းလင်းဆောင်တွင် ဥစားကြက် မွေးမြူရေးဇုန် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် ပတ်သက်၍ သက်ဆိုင်ရာဌာန တာဝန်ရှိသူ များနှင့် တည်ဆောက်ရေးလုပ်ငန်း တာဝန်ရှိသူများမှ မကွေးမြို့နယ်အတွင်း အသားကဏ္ဍဖူလုံစေဖို့ ဘေးအန္တရာယ်ဖြစ်စေသည့် အသားငါးများ လျော့နည်းစေဖို့အတွက် ရှားပင်လှကျေးရွာအနီး မြေဧက (၄၈.၀၆)ဧကပေါ်တွင် ဥစားကြက် မွေးမြူရေးဇုန် အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ မွေးမြူရေး လုပ်ငန်းရှင်(၁၂)ဦးမှ တစ်ဦးလျှင် ဥစားကြက် အကောင်ရေ(၃၀၀၀)ဖြင့် စတင် အကောင်အထည်ဖော် ဆောင်ရွက်မှုနှင့် လက်ရှိဆောင်ရွက်ပြီးစီးမှု အခြေအနေများအား လည်းကောင်း၊ စက်မှုလယ်ယာ ဦးစီးဌာန တာဝန်ရှိသူများမှ ဧက(၁၅၀)စနစ်ကျလယ်ယာမြေ ဖော်ထုပ်ခြင်းဆိုင်ရာများနှင့် လက်ရှိတွင် လယ်မြေဧက ၁၁၃ ဧက ဖော်ထုတ်ပြီးစီးမှုနှင့် ကျန်ရှိသည့် ဧကများကို အပြီးသတ် ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက်၍ လည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြသည်။
ထို့နောက် တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မကွေးမြို့နယ် ရှားပင်လှကျေးရွာအုပ်စုရှိ သမဝါယမအသင်းပိုင် မြေပေါ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေး အထူးဇုန်နှင့် ဧက(၁၅၀)စနစ်ကျ လယ်ယာမြေ ဖော်ထုပ်ခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး အထူးဇုန် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးပါက တစ်နှစ်ပတ်လုံးစိုက်ပျိုးရေ လုံလောက်စွာရရှိ၍ စိုက်ပျိုးသီးနှံများ တစ်နှစ်ကို (၃)သီး စိုက်ပျိုးနိုင်ကာ ပန်းတိုင်အထွက်နှုန်းများလည်း ရရှိမှာဖြစ်တဲ့အတွက် လုပ်ငန်းများ အန္တရာယ် ကင်းရှင်းစွာဖြင့် အမြန်ပြီးစီးရေး ကြိုးစားဆောင်ရွက်ကြရန် မှာကြားခဲ့ပြီး၊ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် ပတ်သက်၍ လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးကာ၊ လုပ်ငန်းခွင်အတွင်း ဆောင်ရွက်ပြီးစီးမှုများအား လှည်လည် ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။





