မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး (၈၁)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အဖြစ် ဂုဏ်ထူးဆောင် လက်မှတ်များနှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားကျင်းပ

မကွေးတိုင်းဒေသကြီး (၈၁)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အဖြစ် ဂုဏ်ထူးဆောင် လက်မှတ်များနှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားကျင်းပ

မကွေး    မတ်    ၂၈

          ၂၀၂၆ ခုနှစ်၊ မကွေးတိုင်းဒေသကြီး (၈၁)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ်အဖြစ် ဂုဏ်ထူးဆောင်လက်မှတ်များနှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မကွေးမြို့၊ မြို့တော်ခန်းမ၌ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင့်လွင်၊ မကွေး တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ၊ နယ်မြေခံတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တက္ကသိုလ် အသီးသီးမှ ပါမောက္ခချုပ်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ဂုဏ်ထူးဆောင်ဆုရရှိသည့် ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။

          ဦးစွာ အခမ်းအနားကို Magway Violint အဖွဲ့မှ “ရွှေမြန်မာ” တေးသီချင်းဖြင့် သီဆိုဖွင့်လှစ် ခဲ့ပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားသည်။

          ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင့်လွင်က စီမံခန့်ခွဲရေးဆိုင်ရေးဆိုင်ရာ ဂုဏ်ထူး ဆောင်ဆုရရှိသူများအား ဂုဏ်ထူးဆောင်လက်မှတ်များနှင့် ဂုဏ်ပြုဆုငွေများအား ချီးမြှင့်ပေးအပ်ကာ၊ မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဌ၊ နယ်မြေခံတပ်နယ်မှ တပ်မတော်အရာရှိကြီးများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးတို့က တိုင်းဒေသကြီးအစိုးရအဖွဲ့က ပေးအပ်ချီးမြှင့်သည့် တရား ဥပဒေစိုးမိုးရေးဆိုင်ရာ ဂုဏ်ထူးဆောင်ဆု၊ နိုင်ငံ့ဝန်ထမ်းဆိုင်ရာ ဂုဏ်ထူးဆောင်ဆု၊ စီးပွားရေးဆိုင်ရာ ဂုဏ်ထူးဆောင်ဆု၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဂုဏ်ထူးဆောင်ဆု၊ ကျန်းမာရေးဆိုင်ရာ ဂုဏ်ထူး ဆောင်ဆု၊ ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာ ဂုဏ်ထူးဆောင်ဆုနှင့် လူမှုရေးဆိုင်ရာ ဂုဏ်ထူးဆောင် ဆုများ ချီးမြှင့်ခြင်း ခံရသူများအား ဂုဏ်ထူးဆောင်လက်မှတ်များနှင့် ဂုဏ်ပြုဆု‌ငွေများအား အသီးသီး ချီးမြှင့် ပေးအပ်ခဲ့ကြသည်။

          ယင်းနောက် Magway Violin အဖွဲ့မှ‌ ဗိုလ်ရှု့သဘင်၊ နှလုံးသားကို အလှဆင်ပါ၊ တပ်မတော် အင်းအားရှိမှ တိုင်းပြည်အင်းအားရှိမည် စသည့်တေးသီချင်းများဖြင့် သီဆိုကပြ ဖျော်ဖြေတင်ဆက် ခဲ့ပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က တေးသီးချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည့် Magway Violin Group အား ဂုဏ်ပြုဆုငွေများချီးမြှင့်ပေးအပ်ခဲ့သည်။

နောက်ဆုံးရ သတင်း