မကွေး ဧပြီ ၂၃
#မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးတင့်လွင်သည် အဖွဲ့ဝင်(၁) ဗိုလ်မှူး ကြီး မင်းဦး၊အဖွဲ့ဝင်(၄)ဦးစိုးပိုင်မြင့်၊အဖွဲ့ဝင်(၅)ရဲမှူးကြီးလှိုင်တင့်နှင့်အတူ တိုင်းဒေသကြီးအဆင့် ဌာန ဆိုင်ရာတာဝန်ရှိသူများ လိုက်ပါကာ ဧပြီလ ၂၃ ရက် နံနက် ၈ နာရီက မင်းဘူးခရိုင် မင်းဘူး(စကု) မြို့နယ် အိုးပြင်မဲကျေးရွာတွင် ကျေးလက်လမ်းဦးစီးဌာနမှ တာဝန်ယူတည်ဆောက်မည့် မန်းချောင်း တံတားတည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိပြီး လုပ်ငန်းဆောင်ရွက်မှုများအား ကြည့်ရှုစစ်ဆေး ခဲ့သည်။
#ဆက်လက်၍ မင်းဘူး(စကု)မြို့နယ် ရွှေစက်တော်ဘေးမဲ့တောအတွင်း ရွှေသမင်များ သောက်သုံးနိုင်ရန် ရေကန်အတွင်း ရေပြတ်လတ်မှု မရှိစေရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ခဲ့သည့် Solor သုံးစက်ရေတွင်း တူးဖော်ပြီးစီးမှု၊ရေထွက်ရှိမှုနှင့် Solor တပ်ဆင်ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးပြီး၊ ကြယ်လိပ်များ၊ရွှေသမင်များ မွေးမြူထိန်းသိမ်းထားရှိမှုများနှင့်ပတ်သက်၍ လိုအပ် သည်များ မှာကြားဆောင်ရွက်ခဲ့သည်။
#ထို့နောက် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌနှင့်အဖွဲ့သည် မန်းရွှေစက်တော်သို့ ဆက်လက်ထွက်ခွာပြီး မန်းရွှေစက်တော်ဘုရားတွင် ဆောင်ရွက်လျက်ရှိသည့် ကိုခန်းကြီးဘုရားအဝင် တံတားတည်ဆောက်မှု၊မြေထိန်းနံရံတည်ဆောက်မှု၊ စောင်းတန်းလှေကားများပြန်လည်ပြုပြင်နေမှုနှင့် ဓာတ်လှေကားတည်ဆောက်ရန် စီစဉ်ဆောင်ရွက်ထားရှိမှုအခြေများအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိ သူများက လိုက်လံရှင်းတင်ပြခဲ့ပြီး၊တင်ပြဆောင်ရွက်ခဲ့မှုများအပေါ် လိုအပ်သည်များ မှာကြား ဖြည့် ဆည်း ဆောင်ရွက်ပေးကာ အထက်စက်တော်ရာ စေတီတော်မြတ်အား ရွှေသင်္ကန်းဆက်ကပ်လှူဒါန်း ခဲ့သည်။
#ဆက်လက်၍ မင်းဘူးခရိုင် ငဖဲမြို့နယ်သို့ ဆက်လက်ထွက်ခွဲပြီး ငဖဲမြို့အနီး နွေစပါးနှင့်နွေနှမ်း စိုက်ပျိုးမှု အခြေအနေများအား ကြည့်ရှုခဲ့ပြီး တောင်သူများမှ ရေရရှိရေး ဆောင်ရွက်ပေးရန် တင်ပြမှုအပေါ် ဆိုလာသုံးစက်ရေတွင်း တူးဖော်ပေးနိုင်ရေး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး၊ငဖဲမြို့ ကုန်းမြင့်ရတနာတိုက်ကျောင်းဆရာတော်အား ဝင်ရောက်ဖူးတွေ့ကာ လှူဖွယ်ဝတ္ထုပစည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။
#ဆက်လက်ပြီး ငဖဲ့မြို့နယ် မန်းချောင်းရေလှောင်တမံသို့ ရောက်ရှိပြီး မန်းချောင်းအတွင်း ရေဝင်ရောက်မှုအခြေအနေ၊ စိုက်ပျိုးရေပေးဝေမှု၊ ရေပိုလွှဲနှင့်မြောင်းများ ပြုပြင်ဆောင်ရွက်ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး မန်းချောင်းရေလှောင်တမံ ရှင်းလင်းဆောင်တွင် ဆည်မြောင်း ဦးစီးဌာန တာဝန်ရှိသူတို့က ရှင်းလင်းတင်ပြခဲ့ကြသည်။
#ယင်းနောက် ငဖဲ့မြို့နယ် ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အဝည်းအဝေးခန်းမတွင် ငဖဲမြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံပွဲကျင်းပရာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးတင့်လွင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် မူဝါဒများချမှတ်၍ ဆောင်ရွက်နေမှုများကို အသေးစိတ်ရှင်းလင်းပြောကြားပြီး၊ ဌာနဆိုင်ရာတာဝန်ရှိသူများအနေဖြင့် မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက် ရေးအတွက် တာဝန်ကျရာ အခန်းကဏ္ဍများအလိုက် နိုင်ငံဝန်ထမ်းကောင်းပီသစွာဖြင့် လုပ်ငန်း တာဝန်များကို ကျေပွန်စွာထမ်းဆောင်သွားကြရန်နှင့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့်ညီ နေထိုင်သွားကြရန် လမ်းညွှန်မှာကြားခဲ့သည်။
#ဆက်လက်၍ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)ဗိုလ်မှူးကြီးမင်းဦး၊ အဖွဲဝင်(၄) ဦးစိုး ပိုင်မြင့်နှင့် အဖွဲ့ဝင်(၅)ရဲမှူးကြီး လှိုင်တင့်တို့က ရပ်/ကျေးအုပ်ချုပ်ရေးကိစ္စရပ်များ၊ နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့် လူမှုစီပွားဘဝဖွံ့ဖြိုးရေးဆိုင်ရာများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ပြီး၊ ငဖဲမြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သိန်းလှိုင်က ငဖဲမြို့နယ် အုပ်ချုပ် ရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဒေသဆိုင်ရာအချက်အလက်များအား Power Point ဖြင့်ရှင်းလင်း တင်ပြရာ မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ရှင်လင်းတင်ပြမှုများအပေါ် လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။