မကွေး ဧပြီ ၆
တတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့ကို ဧပြီ ၆ ရက်နေ့ နံနက် ၁၀ နာရီက မကွေးမြို့ တိုင်းဒေသကြီးလွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဒေါက်တာမောင်မောင်ဌေးက တတိယအကြိမ် တိုင်းဒေသကြီး လွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့ စတင်ကျင်းပကြောင်းနှင့် တိုင်းဒေ သကြီးလွှတ်တော် ပထမပုံမှန် အစည်းအဝေး တတိယနေ့သို့ တက်ရောက်ခွင့်ရှိသည့် လွှတ်တော် ကိုယ်စားလှယ်များ စုံညီစွာတက်ရောက်ခဲ့သဖြင့် အစည်းအဝေးကို အထမြောက်ကြောင်း ကြေညာ သည်။
ဆက်လက်၍ တတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့သို့ တက်ရောက်သည့် လွှတ်တော်ကိုယ်စားလှယ်များအား လွှတ်တော်က မှတ်တမ်းတင် ထားရှိမည်ဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌက အသိပေးပြောကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက အဆိုပြုသော မကွေး တိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးသင့်သည့် မကွေးမဲဆန္ဒနယ်အမှတ်(၂) ဦးတင်ကိုကို အား ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးနိုင်ရန် လွှတ်တော်သို့ တင်ပြအတည်ပြုချက် ရယူရာ လွှတ်တော်ကိုယ်စားလှယ်များက သဘောတူညီသည့်အတွက် တိုင်းဒေသကြီးလွှတ်တော် ဥက္ကဌက မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ် မကွေးမဲဆန္ဒနယ်အမှတ်(၂) ဦးတင်ကိုကို အား ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးအပ်နိုင်ရေး ပြည်ထောင်စုလွှတ်တော်သို့ တင်ပြသွားမည် ဖြစ်ကြောင်း အတည်ပြုပြောကြားသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက အဆိုပြုသော မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးဌာနအရေအတွက်၊ ဝန်ကြီးဌာနအမည်၊ ဝန်ကြီးဦးရေ စာရင်းနှင့် စပ်လျဉ်း၍ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ လူမှုရေးရာဝန်ကြီးဌာန၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ စည်ပင်သာယာရေးဝန်ကြီးဌာန၊ စုစုပေါင်းဝန်ကြီးဌာန (၇)ခုအား လွှတ်တော်သို့တင်ပြ၍ အတည်ပြုချက်ရယူရာ လွှတ်တော်ကိုယ်စားလှယ်များက သဘောတူညီသည့် အတွက် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌက ပြည်ထောင်စုလွှတ်တော်သို့ တင်ပြသွားမည် ဖြစ်ကြောင်း အတည်ပြုပြောကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက အဆိုပြုသော မကွေး တိုင်းဒေသကြီးလွှတ်တော် တရားသူကြီးဦးရေနှင့် စပ်လျဉ်း၍ တရားသူကြီးဦးရေ(၃)ဦး ရွေးချယ် ခန့်အပ်နိုင်ရေး လွှတ်တော်သို့ တင်ပြ အတည်ပြုချက်ရယူရာ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးရန် မရှိသည့်အတွက် မကွေးတိုင်းဒေသကြီး လွှတ်တော်တရားသူကြီးဦးရေ(၃)ဦး ခန့်အပ် တာဝန်ပေးနိုင်ရေး ပြည်ထောင်စုလွှတ်တော်သို့ တင်ပြသွားမည်ဖြစ်ကြောင်း အတည်ပြုပြောကြား သည်။
ဆက်လက်ပြီး တိုင်းဒေသကြီးလွှတ်တော် ဥက္ကဌက တိုင်းဒေသကြီးလွှတ်တော် ပြည်သူ့ရေးရာ နှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေးကော်မတီနှင့် တိုင်းဒေသကြီးလွှတ်တော် လုံခြုံရေးနှင့် စီမံခန့်ခွဲရေးဆိုင်ရာကော်မတီများ ဖွဲ့စည်းနိုင်ရေးအတွက် ကြေညာပြီး ရေနံချောင်း မဲဆန္ဒနယ်အမှတ်(၁)လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဝင်းက တိုင်းဒေသကြီးလွှတ်တော် ပြည်သူ့ရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေးကော်မတီ၏ အဖွဲ့ဝင် ဦးရေ၊ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်များ၊ သက်တမ်းတို့နှင့် စပ်လျဉ်း၍ လည်းကောင်း၊ တပ်မတော် သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး ကျော်သန်းဆွေက တိုင်းဒေသကြီးလွှတ်တော်လုံခြုံရေး နှင့် စီမံခန့်ခွဲရေးဆိုင်ရာကော်မတီ၏ အဖွဲ့ဝင်ဦးရေ၊ တာဝန် ၊ လုပ်ပိုင်ခွင့် ၊ ရပိုင်ခွင့်များ၊ သက်တမ်း တို့နှင့် စပ်လျဉ်း၍ လည်းကောင်း တိုင်းဒေသကြီးလွှတ်တော်သို့ တင်ပြကာ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဌက တိုင်းဒေသကြီးလွှတ်တော်၏ သဘောတူညီချက်ရယူရာ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များက သဘောတူညီကြသည့်အတွက် အတည်ပြုကြောင်း လွှတ်တော်ဥက္ကဌက ကြေညာသည်။
ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ပြည်သူ့ရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေး ကော်မတီဥက္ကဌအဖြစ် ဦးသိန်းဇော် မင်းတုန်းမြို့နယ် ကိုယ်စားလှယ်အမှတ် (၂)အပါအဝင် အဖွဲ့ဝင်ကိုယ်စားလှယ် (၉)ဦးဖြင့် လည်းကောင်း၊ တိုင်းဒေသကြီး လွှတ်တော်လုံခြုံရေး နှင့် စီမံခန့်ခွဲရေးဆိုင်ရာကော်မတီ ဥက္ကဌအဖြစ် ဦးအောင်နိုင်လင်း ငဖဲမြို့နယ် ကိုယ်စားလှယ်အမှတ် (၂) အပါအဝင် အဖွဲ့ဝင်ကိုယ်စားလှယ် (၉)ဦးဖြင့်လည်းကောင်း ဖွဲ့စည်းကြောင်းကို တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌက လွှတ်တော်သို့ တင်ပြရာ လွှတ်တော်က အတည်ပြုရန် သဘောတူသဖြင့် အတည်ပြုကြောင်း တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌက ကြေညာကာ တတိယအကြိမ် မကွေးတိုင်း ဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့ကို ရပ်နားကာ၊ အစည်းအဝေး စတုတ္ထ နေ့ကို ၂၀၂၆ ခုနှစ် ဧပြီလ ၇ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်တွင် ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။





