မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို မင်းဘူးခရိုင်အားကစားကွင်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို မင်းဘူးခရိုင်အားကစားကွင်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

မင်းဘူး    ဧပြီ    ၁၀

          မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အားကစားကွင်းအားအဆင့်မြှင့်တင်ခြင်း လုပ်ငန်းအဖြစ် အားကစားကွင်း မြေဖို့ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ယ​နေ့ နေ့လယ် ၃ နာရီအချိန်က မင်းဘူးမြို့ အမှတ်(၄) ရပ်ကွက်ရှိ အဆိုပါအားကစားကွင်း၌ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

          ဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့် တာဝန်ရှိသူများသည် မင်းဘူးခရိုင် အားကစားကွင်းသို့ရောက်ရှိပြီး အားကစားကွင်းအတွင်း၌ ရေစီးရေလာ ကောင်းမွန်စေရေး အတွင်း ပတ်လမ်း၊ အပြင်ပတ်လမ်း အုတ်စီရေမြောင်း ဆောင်ရွက်နေမှု၊ စက်ယန္တရားကြီးများဖြင့် အားကစား ကွင်းမြေဖို့ခြင်းနှင့် မြေညှိခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး အားကစားကွင်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများအားလုံး အရည်အသွေးပြည့်မီစွာ ဆောင်ရွက်ရေး နှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ရေး မှာကြားခဲ့သည်။

          မင်းဘူးခရိုင်အားကစားကွင်းအား အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုဖြင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာ ရေးနှစ် ပြည်ထောင်စုအစိုးရခွင့်ပြုရန်ပုံငွေဖြင့် အားကစားကွင်း အတွင်းပတ်လမ်း (အရှည် ၁၃၀၂ ပေ၊ အကျယ် ၁ ပေ ၆ လက်မ၊ အမြင့် ၂ ပေ ၆ လက်မ) အုတ်စီရေမြောင်း ဆောင်ရွက်ခြင်း လုပ်ငန်းကို ခွင့်ပြုငွေ ၁၀၅ ဒသမ ၀၁ ကျပ်သန်းဖြင့် လည်းကောင်း၊ အားကစားကွင်း အပြင်ပတ်လမ်း (အရှည် ၁၈၀၀ ပေ၊ အကျယ် ၁ ပေ ၆ လက်မ၊ အမြင့် ၂ ပေ ၆ လက်မ) အုတ်စီရေမြောင်း ဆောင်ရွက်ခြင်း လုပ်ငန်းကို ခွင့်ပြုငွေ ၁၀၁ ဒသမ ၆၂ ကျပ်သန်းဖြင့်လည်းကောင်း စုစုပေါင်းလုပ်ငန်း နှစ်ရပ်ကို ၂၀၆ ဒသမ ၆၃ ကျပ်သန်းတို့ဖြင့် အားကစားကွင်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

နောက်ဆုံးရ သတင်း