မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို မင်းဘူးမြို့ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန် ရေသဘင်ပွဲတော် ဗဟိုမဏ္ဍပ် ဖွင့်ပွဲအခမ်းအနား တက်ရောက်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို မင်းဘူးမြို့ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန် ရေသဘင်ပွဲတော် ဗဟိုမဏ္ဍပ် ဖွင့်ပွဲအခမ်းအနား တက်ရောက်

မကွေး     ဧပြီ       ၁၄

          မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ရေသဘင်ပွဲတော် လမ်းလျှောက်သင်္ကြန် ဖွင့်ပွဲအခမ်းအနားကို ဧပြီ ၁၃ ရက် ညနေ ၅ နာရီအချိန်က မင်းပူးဦးဩဘာသမြို့နယ်ခန်းမရှေ့ရှိ ဗဟိုမဏ္ဍပ်၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဌ ဒေါက်တာ မောင်မောင်ဌေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေ သကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။

          ဦးစွာ ဖွင့်ပွဲအခမ်းအနားတွင် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုက နှစ်သစ်ကူး မင်္ဂလာနှုတ်ခွန်းဆက်စကား ပြောကြားရာ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန် ပွဲတော်ကြီးကို ရိုးရာယဉ်ကျေးမှုအစဉ်အလာအရ ပျော်ရွှင်စရာ၊ ကြည်နူးစရာများဖြင့် ထုံမွှမ်းသည့် ပွဲတော်ကြီး တစ်ခုအဖြစ် ကျင်းပခြင်းဖြစ်ကာ ဒေသခံပြည်သူများအားလုံးက စိတ်အေးချမ်းပျော်ရွှင်စွာဖြင့် လာရောက်ပါဝင်ပြီး တူယှဉ်နွှဲပျော်နိုင်ကြောင်း၊ နှစ်သစ်ကူး အချိန်ကာလအခါသမယမှာ နှစ်ဟောင်းမှ မကောင်းမှု၊ အဆိုးအညံ့များနှင့် အညစ်အကြေးများကို သန့်စင်သော ရေကြည်ရေအေး အတာရေ တို့ဖြင့် ဆေးကြောသန့်စင်ပြီး ပြည်ထောင် စုဖွားတိုင်းရင်းသား ညီအစ်ကို မောင်နှမများအားလုံး ကျန်းမာရွှင်လန်းကြပါစေကြောင်းစသည်ဖြင့် ဆုတောင်းစကားများ ပြေားကြားပြီး၊ တာဝန်ရှိသူ များက ၁၃၈၇ ခုနှစ်  မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ရေသဘင်ပွဲတော် ဗဟိုမဏ္ဍပ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

          ဆက်လက်ပြီး နိုင်ငံကျော်တေးသံရှင်များ၊ ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များနှင့် ဖျော်ဖြေရေး အဖွဲ့များမှ “မြူမှောင်ဝေကင်း၊ မန်းတောင်ရိပ်ခို” စသည့် သင်္ကြန်တေးသီးချင်းများဖြင့် သီဆိုကပြ ဖျော်ဖြေ တင်ဆက်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်ယိမ်းအဖွဲ့ များအား အတာရေဖြင့် ပက်ဖျန်းပြီး၊ ဂုဏ်ပြုဆုတော်ငွေများ ပေးအပ်ကာ လမ်းလျှောက်သင်္ကြန် မဏ္ဍပ်အတွင်း ဒေသခံပြည်သူများက စည်ကားသိုက်မြိုက် အေးချမ်းပျော်ရွှင်စွာဖြင့် ပါဝင်ဆင်နွှဲနေမှုများကို ကြည့်ရှု အားပေးခဲ့သည်။

 

          မင်းဘူးမြို့၌ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ရေသဘင်ပွဲတော် ဗဟို မဏ္ဍပ်တွင် ဌာနဆိုင်ရာများနှင့် မြို့ပေါ်ရပ်ကွက်များမှ ပြိုင်ပွဲယိမ်းအဖွဲ့ (၉)ဖွဲ့နှင့် တစ်ပင်တိုင်အက (၁၂)ဦးအပါဝင် နိုင်ငံကျော်တေးသံရှင်များ၊ ဖျော်ဖြေရေးအဖွဲ့များက ခေတ်ပေါ်တေးဂီတများဖြင့် မဟာသင်္ကြန်အတက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ မည်သူမဆို အေးချမ်းပျော်ရွှင်စွာ လာရောက်ပါဝင်ဆင်နွှဲနိုင်ပြီး သင်္ကြန်စတုဒီသာများဖြင့် နေ့စဉ် ဧည့်ခံကျွေးမွေး သွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း