မကွေး ဧပြီ ၁၇
ဇီဝိတဒါန(အဘယဒါန) ဘေးမဲ့ငါးလွှတ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မကွေးတိုင်း ဒေသကြီး မကွေးမြို့ ကမ်းနားလမ်းရှိ We Love Magway ကျောက်သားပန်းခြံအနီး ဧရာဝတီ မြစ်ကမ်းနံဘေး၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို နှင့် ဇနီး၊ နယ်မြေခံတပ်နယ်မှအရာရှိကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်း/ ခရိုင် / မြို့နယ် အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များတက်ရောက်ကြသည်။
ဇီဝိတဒါန ဘေးမဲ့ငါးလွှတ်ပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်ကိုကို နှင့် ဇနီး၊ နယ်မြေခံ တပ်နယ်မှအရာရှိကြီးများ ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ ငါးလုပ် ငန်းဦးစီး ဌာနမှတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူများက တိုင်းဒေသကြီးငါးလုပ်ငန်း ဦးစီးဌာန တောင်တွင်းကြီးမြို့နယ်၊ ပွင့်ဖြူမြို့နယ် နှင့် မြို့သစ်မြို့နယ်တို့မှ ငါးသားပေါက်စခန်းများ တွင်မွေးမြူထားသောငါးမြစ်ချင်းငါးသားပေါက်ကောင်ရေ(၁)သောင်း၊ ရွှေဝါငါးသားပေါက် ကောင်ရေ (၂)သောင်း၊ ငါးခုတ်မငါးသားပေါက်ကောင်ရေ(၂)သောင်း စုစုပေါင်းငါးသားပေါက် ကောင်ရေ(၅) သောင်းအား ဇီဝိတဒါန(အဘယဒါန) ဘေးမဲ့ငါးများကို ဧရာဝတီမြစ်အတွင်း လွှတ်ပေးခဲ့ကြကြောင်း သိရသည်။



