မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို ၂၀၂၆_ခုနှစ် ကမ္ဘာ့ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးရေးရက်သတ္တပတ် အခမ်းအနားသို့ တက်ရောက်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို ၂၀၂၆_ခုနှစ် ကမ္ဘာ့ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးရေးရက်သတ္တပတ်  အခမ်းအနားသို့ တက်ရောက်

မကွေး   ဧပြီ    ၂၈

          ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် ၂၀၂၆-ခုနှစ် (World Immunization Week) အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။

          အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို၊ နယ်မြေခံတပ်နယ်မှ အရာရှိကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ဒု-ဥက္ကဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက၊ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများ၊ ဆေးရုံအုပ်ကြီးများ၊ ပါမောက္ခ ဆရာဝန်ကြီးများနှင့် အထူးကုဆရာဝန်ကြီးများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ကာကွယ်ဆေးထိုးနှံမည့် ကလေးများနှင့် မိခင်များ တက်ရောက်ကြသည်။

          ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ယခုနှစ် ကမ္ဘာ့ကာကွယ် ဆေးထိုးနှံ/တိုက်ကျွေးရေး ရက်သတ္တပတ်အခမ်းအနား၏ ဆောင်ပုဒ်မှာ “မျိုးဆက်တိုင်းကိုကာကွယ်ထား၊ ကာကွယ်ဆေး၏ စွမ်းပကား” ဖြစ်ပြီးကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်းဖြင့် အသက်အရွယ်မရွေး၊ လူမျိုးဘာသာ မရွေး ပြည်သူလူထုအားလုံးကို ကာကွယ်ဆေးဖြင့်ကာကွယ်၍ ရသောရောဂါများကြောင့် ဖြစ်ပွား သေဆုံးမှုကို တားဆီးပေးနိုင်ကြောင်း၊ ကာကွယ်ဆေးထိုးနှံ/ တိုက်ကျွေးခြင်းလုပ်ငန်းဖြင့် ကလေးများ၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်ခြင်းဖြစ်ကြောင်းပြောကြားသည်။

          ထို့နောက် ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ်အထိမ်း အမှတ်“မျိုးဆက်တိုင်းကို ကာကွယ်ထားကာကွယ်ဆေး၏ စွမ်းပကား” Documentary Story နှင့် တေးသီချင်း ဗီဒီယို့တို့အား ပြသသည်။

          ယင်းနောက်  တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည်ကာကွယ်ဆေးအကြိမ်ပြည့် မထိုးနှံရသေးသည့် အသက် ၅ နှစ်အောက် ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံတိုက်ကျွေးပေး နေမှုများကို ကြည့်ရှုအားပေးပြီး လက်ဆောင်ပစ္စည်းများနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာ များပေးအပ်ခဲ့ကြပြီး တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ခင်းကျင်းပြသ ထားသော ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေးနေ့ အထိမ်းအမှတ်ပြခန်းငယ်များအား လှည့်လည်ကြည့်ရှု ခဲ့ကြောင်း သိရသည်။

 

နောက်ဆုံးရ သတင်း