မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို တိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက် (၂၅)နှစ်အောက် အမျိုးသားဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရာက်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို တိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက် (၂၅)နှစ်အောက် အမျိုးသားဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရာက်

မကွေး   မေ   ၇

          ၂၀၂၆ ခုနှစ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅) နှစ်အောက် အမျိုးသားဘော်လီဘော ပြိုင်ပွဲဖွင့်ပွဲ အခမ်းနားကို ယနေ့နံနက် ၇ နာရီခွဲ အချိန်က မကွေး တိုင်းဒေသကြီး မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို၊ တိုင်းဒေသကြီးတရားလွှတ်‌တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း ဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ အားကစား ဝါသနာရှင်များနှင့် ပြိုင်ပွဲဝင် ကစားသမားများ တက်ရောက်ခဲ့ကြသည်။

          ဦးစွာ ဖွင့်ပွဲအခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုက တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်မှု အဆင့်အတန်း မြှင့်မားလာစေရန်နှင့် စုပေါင်းလှုပ်ရှားတတ်သော အလေ့အကျင့် ကောင်းများမှတစ်ဆင့် ဗလငါးတန်ဖွံ့ဖြိုးသည့် မျိုးဆက်သစ်လူငယ်များနှင့် ရွက်ပုန်းသီး အားကစား သမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း၊ ဘော်လီဘော အားကစားနည်းသည် ကမ္ဘာပေါ်တွင် ဒုတိယလူကြိုက်အများဆုံးဖြစ် သည်နှင့်အညီ "ကျေးရွာအဆုံး တစ်ပြည်လုံး" မည်သူမဆို လွယ်ကူစွာကစားနိုင်သည့် အားကစားနည်းဖြစ်သည့်အတွက် အားကစား သမားများအနေဖြင့် အခြေခံနည်းစနစ်(၆)မျိုးကို ကျွမ်းကျင်စွာ အသုံးချနိုင်ရန် လိုအပ်သလို နည်းပြများနှင့် ဒိုင်လူကြီးများ၏ အရည်အသွေး မြင့်မားနေစေရန်အတွက်လည်း ခေတ်နှင့် အညီ သင်တန်းများ စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးရန် လိုအပ်ပါကြောင်း၊ ထို့အပြင် ဘော်လီဘော အားကစားနည်း၏ ထူးခြားသော ဆွဲဆောင်မှုနှင့် စိတ်လှုပ်ရှားဖွယ်ကောင်းသော အချက်များကို နှလုံးသွင်းကာ ပြိုင်ပွဲဝင်များအနေဖြင့် "တရားသော ယှဉ်ပြိုင်ခြင်းဖြင့် အနိုင်ရရှိရမည်" ဟူသော အားကစားစိတ်ဓါတ် အပြည့်အဝဖြင့် အားကြိုးမာန်တက် ယှဉ်ပြိုင်ကြရန် တိုက်တွန်းလိုပါကြောင်း၊ ဒိုင်လူကြီးများကလည်း သတ်မှတ်ဥပဒေ စည်းမျဉ်းများအတိုင်း တရားမျှတမှန်ကန်စွာ ဆုံးဖြတ် ဆောင်ရွက်ပေးကြရန်နှင့် အားကစားသမားများကလည်း ဒိုင်လူကြီးများ၏ အဆုံးအဖြတ်ကို ကျေနပ်စွာ လက်ခံလိုက်နာခြင်းဖြင့် အားကစားလောက ဂုဏ်သိက္ခာကို မြှင့်တင်ပေးကြရန် တိုက်တွန်းပြောကြားကာ ၂၀၂၆-ခုနှစ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင် ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား ဘော်လီဘောပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။

          ဆက်လက်၍ ပြိုင်ပွဲအားကစားသမားများမှ အားကစားသစ္စာ အဓိဌာန်များ ရွတ်ဆိုခဲ့ပြီး၊ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာကာ၊ ခရိုင်ပေါင်းစုံ အမျိုးသားဘော်လီဘောပြိုင်ပွဲ ပထမပွဲစဉ်အဖြစ် မကွေးခရိုင် အမျိုးသားဘော်လီဘောအသင်းနှင့် အောင်လံခရိုင် အမျိုးသားဘော်လီဘောအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တက်ရောက်လာသူများက ကြည့်ရှုအားပေး ခဲ့ကြကြောင်းနှင့် အဆိုပါ ၂၀၂၆ ခုနှစ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင် ပေါင်းစုံ အသက်(၂၅)နှစ်အောက် ဘော်လီဘောပြိုင်ပွဲကို တိုင်းဒေသကြီးမိုးလုံလေလုံ အားကစား ခန်းမ၌ (၇.၅.၂၀၂၆) ရက်နေ့မှ (၁၁.၅.၂၀၂၆) ရက်နေ့အထိ ပြိုင်ပွဲဝင် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း