မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်ကိုကို မင်းလှမြို့နယ်ရှိ ဌာနဆိုင်ရာများနှင့် ဒေသခံ ပြည်သူများအား တွေ့ဆုံ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ ကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်ကိုကို မင်းလှမြို့နယ်ရှိ ဌာနဆိုင်ရာများနှင့် ဒေသခံ ပြည်သူများအား တွေ့ဆုံ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ ကြည့်ရှုစစ်ဆေး

မကွေး   မေ   ၉

          မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်ကိုကိုသည် အဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါကာ မေလ ၈ ရက်နေ့ နံနက်ပိုင်းက သရက်ခရိုင်၊ မင်းလှမြို့ မြို့နယ်ခန်းမ၌ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိ မြို့ဖများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ၊ မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

          တွေ့ဆုံစဉ် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုက ဒေသဖွံ့ဖြိုးရေးဆိုင်ရာများနှင့် ပတ်သက်၍ အမှာစကား ပြောကြားပြီး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသန်း ထွန်းအောင်က မင်းလှမြို့နယ် အတွင်းရှိ ဒေသဖွံ့ဖြိုးရေး ဆိုင်ရာအချက်အလက်များ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာ‌ရေး၊ ကျန်းမာရေးနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြခဲ့ပြီး၊ မြို့မိမြို့ဖများက မင်းလှမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး ဒေသလိုအပ်ချက်များအား တင်ပြချက်များအပေါ် သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ကဏ္ဍ အလိုက်ပြန်လည်ဆွေးနွေးတင်ပြကာ၊တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို သက်ဆိုင်ရာ ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

          ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့် တာဝန်ရှိသူများသည် မင်းလှ ခံတပ်သို့ ရောက်ရှိပြီး မင်းလှခံတပ် ယဉ်ကျေးမှုအဆင့်ဆင့်ထွန်းကားခဲ့ပုံ သမိုင်းကြောင်း အကျဉ်းနှင့် Site Plan ဖြင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်မည့် အစီအစဉ်များအား သက်ဆိုင်ရာဌာနမှ ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က မင်းလှခံတပ်ကြည့်ရှုလေ့လာခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

          ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့် တာဝန်ရှိသူများသည် မင်းလှမြို့ သာသနာ့ဗိမာန်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနက ရက် ၁၀၀ စီမံချက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သော အသက် ၁၀ နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြား မကိုင် ဆောင်ရသေးသည့် ပြည်သူများအား နိုင်ငံသား စိစစ်ရေး ကတ်ပြား ဆောင်ရွက်ပေးမှုကို ကြည့်ရှု စစ်ဆေးကာ၊ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

          ထို့အတူ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့် တာဝန်ရှိသူများသည် မင်းဘူးမြို့ အမှတ်(၄)ရပ်ကွက်ရှိ မင်းဘူးခရိုင်အားကစားကွင်းသို့ ရောက်ရှိပြီး အားကစားကွင်းအတွင်း၌ ရေစီး ရေလာ ကောင်းမွန်စေရေး ငါးရိုးပုံရေစိမ့်မြောင်းပြုလုပ်ခြင်း ဆောင်ရွက်ပြီးစီးမှု၊ ငါးရိုးပုံရေစိမ့်မြောင်း အတွင်း ၄ လက်မပိုက် ထည့်ခြင်းနှင့် ကျောက်ဖြည့်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေ များကို ကြည့်ရှုစစ်ဆေးပြီး ရှင်းလင်းဆောင်၌ တာဝန်ရှိသူများမှ အားကစားကွင်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ်နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြ မှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းများအားလုံး အရည်အသွေးပြည့်မီစွာ ဆောင်ရွက် ရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ရေး မှာကြားခဲ့ကြောင်းနှင့် ဧရာဝတီတံတား(မကွေး)တွင် တံတားကြီးအား ပြန်လည်မွန်းမံ ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေ တို့အား ကြည့်ရှုစစ်ဆေးကာ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က အန္တရာယ်ကင်းရှင်းစွာဖြင့် လုပ်ငန်းများ အမြန်ပြီးစီးရေးနှင့် အခြားလိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

နောက်ဆုံးရ သတင်း