မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို ချောက်ခရိုင်၊ ချောက်မြို့ အမှတ်(၉)ရပ်ကွက် ဈေးရပ်ရှိ ချောက်နယ်မြေ မီးသတ်စခန်းသစ် ဖွင့်ပွဲ အခမ်းအနား တက်ရောက်၊ ချောက်မြို့ရှိ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံ

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို ချောက်ခရိုင်၊ ချောက်မြို့ အမှတ်(၉)ရပ်ကွက် ဈေးရပ်ရှိ ချောက်နယ်မြေ မီးသတ်စခန်းသစ် ဖွင့်ပွဲ အခမ်းအနား တက်ရောက်၊ ချောက်မြို့ရှိ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံ

မကွေး    မေ    ၂၂

          မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့ အမှတ်(၉)ရပ်ကွက် ဈေးရပ်ရှိ ချောက်နယ် မြေ မီးသတ်စခန်းသစ် ဖွင့်ပွဲ အခမ်းအနားကို မေလ ၂၂ ရက် ယနေ့နံနက်ပိုင်းက အဆိုပါမီးသတ် စခန်းသစ်၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်ကိုကို၊၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တိုင်း၊ ခရိုင်၊ မြိုနယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်မိရပ်ဖများ၊ မီးသတ်တပ်ဖွဲဝင်များ တက်ရောက်သည်။

          ဦးစွာ နယ်မြေမီးသတ်စခန်းသစ်နှင့် ပတ်သက်သည့် အချက်အလက်များအား ဆောက်လုပ် ရေးကုမ္ပဏီမှတာဝန်ရှိသူတစ်ဦးက လွဲပြောင်းပေးအပ်ရာ မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးမျိုးလှိုင် က လက်ခံရယူခဲ့ပြီး၊ ချောက်နယ်မြေ မီးသတ်စခန်းသစ်အား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်ကိုကို၊ အဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

          ဆက်လက်၍ ချောက်နယ်မြေ မီးသတ်စခန်းသစ်ဖွင့်ပွဲ အထိမ်းအမှတ်နှင့် ချောက်မြို့ရှိ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံပွဲ အခမ်းအနားကို ချောက်မြို့နယ် အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုက ယခုဖွင့်လှစ်သည့် နယ်မြေမီးသတ် စခန်းဟာ ချောက်မြို့ အမှတ်(၉)ရပ်ကွက် ဈေးရပ်နှင့် အနီးတစ်ဝိုက်မှာ ရှိသည့် ရပ်ကွက်/ ကျေးရွာများမှ ပြည်သူ တွေအတွက် မီးသတ်တပ်ဖွဲ့ရဲ့ ရည်မှန်းချက်တာဝန်(၄)ရပ်ဖြစ်တဲ့ မီးဘေးလုံခြုံရေး၊ သဘာဝ ဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနဲ့ ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေးစတဲ့ လုပ်ငန်း တွေဆောင်ရွက်နိုင်ဖို ရည်ရွယ်ကာ တည်ဆောက်ပေးခဲ့ခြင်း ဖြစ်ကြောင်း၊ ချောက်နယ်မြေ မီးသတ် စခန်းသစ်အား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၂၅ -၂ဝ၂၆ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ရန်ပုံငွေမှ ငွေကျပ် ၃၅၀.၁၀၀ သန်းဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး၊ ချောက်နယ်မြေမီးသတ်စခန်းဟာ အမှတ်(၉)ရပ်ကွက်မှာ တည်ရှိပြီး ချောက်မြို့မဈေးနဲ့ ကပ်လျက်တည်ရှိတာ ဖြစ်တဲ့အတွက် ဈေးအတွင်းမှာရှိတဲ့ ဈေးဆိုင်ခန်း(၁၂ဝ၂)ခန်းအတွက် မီးဘေးလုံခြုံရေးကို အနီးကပ် လွှမ်းခြုံ ဆောင်ရွက်နိုင်မှာ ဖြစ်ပြီး၊ နိုင်ငံပိုင်စက်ရုံတွေဖြစ်တဲ့ အမှတ်(၂)ရေနံချက် စက်ရုံ၊ Hydrogen Peroxide စက်ရုံ၊ အမှတ်(၃၅)အကြီးစား စက်ရုံ၊ အမှတ်(၁)ဓာတ်မြေဩဇာ စက်ရုံ(စလေ) တို့ရဲ့ မီးဘေးလုံခြုံရေးကိုလည်း ထိရောက်စွာ လွှမ်းခြုံဆောင်ရွက်နိုင်မှာဖြစ်ပါကြောင်း၊ ဒါအပြင် မြို့ပေါ် (၁၅)ရပ်ကွက်မှာရှိတဲ့ အိမ်ခြေ (၉၂၁၂)လုံး၊ အိမ်ထောင်စု(၉၉၉၇)စု၊ လူဦးရေ (၆၁၃၁၁)ဦးရဲ့ မီးဘေး လုံခြုံရေးသာမက ထိစပ်ကျေးရွာတွေဖြစ်တဲ့ ပြည့်ပင်ကျေးရွာအုပ်စုရှိ ကျေးရွာ (၅)ရွာ၊ အိမ်ခြေ(၅ဝ၄) လုံး၊ အိမ်ထောင်စု(၅ဝ၄)စု၊ လူဦးရေ(၂၇၄၄)ဦး၊ ရေတွင်းကျေးရွာ အုပ်စုရှိ ကျေးရွာ(၄)ရွာ၊ အိမ်ခြေ (၅၅၁)လုံး၊ အိမ်ထောင်စု(၅၈ဝ)စု၊ လူဦးရေ(၄၇၃၈)ဦး၊ အုံမြားကြီး ကျေးရွာအုပ်စုရှိ ကျေးရွာ(၃)ရွာ၊ အိမ်ခြေ (၄၄၄)လုံး၊ အိမ်ထောင်စု (၄၄၉)စု၊ လူဦးရေ(၂၉၃၆)ဦး၊ စုစုပေါင်း ကျေးရွာအုပ်စု(၃)စု၊ ကျေးရွာပေါင်း(၁၂)ရွာမှာ ရှိတဲ့ အိမ်ခြေ (၁၄၉၉)လုံး၊ အိမ်ထောင်စု(၁၅၃၃)စု၊ လူဦးရေ(၁၀၄၁၈)ဦးရဲ့ မီးဘေးလုံခြုံရေးကို လွှမ်းခြုံဆောင်ရွက်နိုင်မှာ ဖြစ်တဲ့အတွက် အချက်အခြာကျတဲ့ မီးသတ်စခန်း တစ်ခုဖြစ်ကြောင်းနှင့် မီးသတ်တပ်ဖွဲဝင်များ အနေဖြင့် “မီးမလောင်စေချင်တဲ့စိတ်၊ လောင်တဲ့မီးကို အမြန်ဆုံးငြိမ်းစေချင်တဲ့စိတ်”ကို အရင်းခံပြီး မီးလောင်မှု အကြိမ်ရေနှင့် ဆုံးရှုးမှုတန်ဖိုးများ လျော့နည်းကျဆင်းဖို မီးဘေးလုံခြုံရေးဆိုင်ရာ လုပ်ငန်းတွေဖြစ်သည့်  မီးသတိမူရေး၊ မီးဘေး ကြိုတင် ကာကွယ်တားဆီးရေးနှင့် မီးငြှိမ်းသတ်ရေး လုပ်ငန်းတွေကို အကောင်အထည်ဖော် ဆောင်ရွက် ရာတွင် ပြည်သူတွေ ယုံကြည်အားကိုးအားထား ပြုရတဲ့ မီးသတ်တပ်ဖွဲဝင်တွေဖြစ်အောင် လေ့ကျင့် တည်ဆောက်သွားကြဖိုနဲ့ ယခုဖွင့်လှစ်တဲ့ စခန်းသစ်ကို ရေရှည်တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းစောင့် ရှောက်သွားကြဖို့လိုအပ်ပါကြောင်း ပြောကြားသည်။

နောက်ဆုံးရ သတင်း