မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို Quick Win စီမံချက်ဖြင့်ဆောင်ရွက်သော နတ်မောက်မြို့နယ် သစ်ရာကိုင်းကျေးရွာ လျှပ်စစ်မီးလင်းရေးဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်၊ နတ်မောက်မြို့ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံ

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို Quick Win စီမံချက်ဖြင့်ဆောင်ရွက်သော နတ်မောက်မြို့နယ် သစ်ရာကိုင်းကျေးရွာ လျှပ်စစ်မီးလင်းရေးဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်၊ နတ်မောက်မြို့ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံ

မကွေး     မေ       ၂၄

          မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ Quick Win စီမံချက်ဖြင့်ဆောင်ရွက်သော မကွေးခရိုင်၊ နတ်မောက်မြို့နယ် သစ်ရာကိုင်းကျေးရွာ မီးလင်းရေးဖွင့်ပွဲနှင့် တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါကျေးရွာ ၁၁/၀ ဒသမ ၄ ကေဗွီ ၂၀၀ ကေဗွီအေ ထရန်စဖော်မာရှေ့နှင့် ပြည်သူ့ခန်းမတွင် ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အဆိုပါ ကျေးရွာများမှ ဒေသခံ ပြည်သူများ တက်ရောက် ခဲ့ကြသည်။

          ဦးစွာ သစ်ရာကိုင်းကျေးရွာရှိ လျှပ်စစ်မီးလင်းရေး ဖွင့်ပွဲ မုခ်ဦးအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့် အဖွဲ့ဝင် ဝန်ကြီးများက ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဆိုပါကျေးရွာရှိ ၁၁/၀ ဒသမ ၄ ကေဗွီ ၂၀၀ ကေဗွီအေ ထရန်စဖော်မာအား စက်ခလုပ်နှိပ်၍ မီးလင်းပေးခြင်း ဆောင်ရွက်ကာ၊ မီးလင်းရေးဖွင့်ပွဲမှ အိုးစည်၊ ဒိုးပတ်အဖွဲ့တို့အား ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့ပြီး၊ ကျေးရွာအတွင်း လျှပ်စစ်မီးရရှိမှုနှင့် စတင်သုံးစွဲနေမှု အခြေအနေများကို လှည့်လည် ကြည်ရှုစစ်ဆေးသည်။
          ဆက်လက်၍ သစ်ရာကိုင်းကျေးရွာ မီးလင်းရေးဖွင့်ပွဲ အခမ်းအနားကို ကျင်းပရာ တိုင်းဒေသ ကြီးဝန်ကြီးချုပ်က ဦးတင်ကိုကိုက နိုင်ငံတော်အနေနဲ့ ဓာတ်အားစနစ်အတွင်း ဓာတ်အားပိုမိုရရှိ နိုင်ရေးနည်းလမ်းပေါင်းစုံနဲ့ ဆောင်ရွက်ရာမှာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားများ ပိုမိုထုတ်လုပ် ရရှိရေး၊ အိမ်ထောင်စုအလိုက် လျှပ်စစ် ဓာတ်အားသုံးစွဲနိုင်မှု တိုးတက်မြင့်မားရေး၊ မီးမရရှိသေးတဲ့ ကျေးရွာများ လျှပ်စစ်ဓာတ်အားရရှိရေး တို့အတွက် နှစ်အလိုက် ရန်ပုံငွေများ လျာထားခွင့်ပြုပေးကာ လိုအပ်တဲ့ အကူအညီများကို ပံ့ပိုး ပေးလျက်ရှိကြောင်း၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ် အားများ ပြည့်ဝစွာသုံးစွဲနိုင်ရေး လိုအပ်တဲ့ဓာတ်အား လိုင်းတွေ၊ ဓာတ်အားခွဲရုံတွေကို တိုးချဲ့တည် ဆောက်နိုင်ဖို့ နှစ်စဉ် ရန်ပုံငွေ ခွင့်ပြုပေးလျက်ရှိရာမှာ ၂၀၂၁ ခုနှစ်မှ ယခုအချိန်ထိ (၅)နှစ်ကျော် ကာလအတွင်း ကျေးရွာပေါင်း(၈၃၂)ရွာ၊ အိမ်ထောင်စု အနေနဲ့ (၁၀၂၆၉၀) (တစ်သိန်းနှစ်ထောင့် ခြောက်ရာ့ကိုးဆယ်)စုခန့် လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ပေးနိုင်ခဲ့ပြီး၊ ယခုဆိုရင် မကွေးတိုင်း ဒေသကြီးမှာ စုစုပေါင်း အိမ်ထောင်စုရဲ့(၅၆၉၄၆၉) (ငါးသိန်းခြောက်သောင်းကိုးထောင်လေးရာ ခြောက်ဆယ့်ကိုး)စုကျော်၊ ရာခိုင်နှုန်းအားဖြင့် (၆၂)ရာခိုင်နှုန်း လျှပ်စစ်မီးရရှိသုံးစွဲနိုင်ပြီ ဖြစ်ပါ ကြောင်းနှင့် လျှပ်စစ်မီးရရှိခြင်းဖြင့် လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး
ဘဝနေထိုင် ရေးကဏ္ဍတို့မှာ ယခင်ထက် အစစအရာရာ ပိုမိုဖွံ့ဖြိုးတိုးတက် လာမှာလည်း ဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားသည်။

          ဆက်လက်၍ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဆန်းညွှန့် အောင်က  လျှပ်စစ်မီးရရှိလာပြီဖြစ်သည့်အတွက် လျှပ်စစ်မီးသုံးစွဲရာတွင် လိုက်နာဆောင်ရွက်ရမည့် အကြောင်းအရာများနှင့် လျှပ်စစ်အန္တရာယ် မဖြစ်ပေါ်စေရေး အထူးအလေးထား ဆောင်ရွက်ကြရန် ရှင်းလင်းပြောကြားခဲ့ကာ၊ ဒေသခံ ရပ်မိရပ်ဖတစ်ဦးက ကျေးဇူတင်စကားပြောကြားခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့် အဖွဲ့သည် နတ်မောက်မြို့
  ပြည်သူ့ ခန်းမတွင် ခရိုင်/မြို့နယ်စီမံ ခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့သည်။

          တွေ့ဆုံစဉ် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုက နယ်မြေဒေသလုံခြုံရေးနှင့် တရား ဥပဒေ စိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ လုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေး၊ အစိုးရသစ်လက်ထက်ရက်(၁၀၀)စီမံချက်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေ မှုများနှင့် စပ်လျဉ်း ၍ ရှင်းလင်းပြောကြားကာ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းနိုင်ဦးက မြို့နယ်အတွင်းရှိ အုပ်ချုပ်ရေး၊ စီးပွားရေး၊ ပညာရေးနှင့် ဒေသဖွံ့ဖြိုးရေး ဆိုင်ရာများကို ရှင်းလင်း တင်ပြခဲ့ပြီး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများက ဒေသဖွံ့ဖြိုးရေး လုပ်ငန်းလိုအပ်ချက် တင်ပြမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က သက်ဆိုရာ ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းနှင့် တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ ပြည်သူမျာအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးခဲ့ကြောင်း သိရသည်။

          ဆက်လက်၍  တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နတ်မောက်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အတွက် မေလ(၂၅)ရက်နေ့မှ (၃၁)ရက်နေ့အထိ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ကျောင်းအပ်လက်ခံ ဆောင်ရွက်ရန် ပြင်ဆင် ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ လမ်းညွှန်မှာကြား ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း