မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို နိုင်ငံတော်လုံခြုံရေးတာဝန်များတွင် စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့သော တပ်မတော်သားများနှင့် မိသားစုဝင်များအတွက် မြေနေရာဖော်ထုတ်ခြင်း လုပ်ငန်းဆောင်ရွက်မှု ကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို နိုင်ငံတော်လုံခြုံရေးတာဝန်များတွင် စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့သော တပ်မတော်သားများနှင့် မိသားစုဝင်များအတွက် မြေနေရာဖော်ထုတ်ခြင်း လုပ်ငန်းဆောင်ရွက်မှု ကြည့်ရှုစစ်ဆေး

မကွေး      မေ       ၂၈

          မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို၊ မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဌ ဒေါက်တာမောင်မောင်ဌေးတို့သည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုမင်းသိန်းနှင့် အတူ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါကာ ယနေ့ နံနက်ပိုင်းက  မကွေးမြို့နယ်၊ နံကပ်ကျွန်းကျေးရွာအုပ်စုတွင် နိုင်ငံတော်လုံခြုံရေးတာဝန်များ စွမ်းစွမ်း တမံတာဝန်ထမ်းဆောင်ခဲ့သော တပ်မတော်သားများနှင့် မိသားစုဝင်များအတွက် မြေနေရာဖော် ထုတ်ခြင်းလုပ်ငန်း ဆောင်ရွက်မှုအခြေအနေအား ကြည့်ရှုစစ်ဆေးသည်။

          ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဒေါက်တာ မောင်မောင်ဌေးနှင့် တာဝန်ရှိသူများ မကွေးမြို့နယ်၊ နံကပ်ကျွန်း ကျေးရွာအုပ်စု မြေနေရာ ဖော်ထုတ် ခြင်းလုပ်ငန်းခွင်သို့ ရောက်ရှိစဉ် တည်ဆောက်ရေး ယာယီရှင်းလင်းဆောင်၌ နိုင်ငံတော် လုံခြုံရေး တာဝန်များတွင် စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့သော တပ်မတော်သားများနှင့် မိသားစုဝင်များ အား မကွေးမြို့နယ်၊ နံကပ်ကျွန်းကျေးရွာအုပ်စု၌ အခမဲ့ ချထားပေးမည့် အကွက် အမှတ်(၁)၊ အကွက် (၂)နှင့် အကွက်အမှတ်(၃)အတွင်း ဆောင်ရွက်လျက်ရှိသည့် လမ်း၊ တံတားများ တစ်ကြောင်းထိုး ဖောက်လုပ်ပြီးသည့် လမ်းမြေသားတာဘောင်တင်ခြင်း၊ မြေနီကျောက် စစ်ခင်းခြင်း ဆောင်ရွက်မှု အခြေအနေ များအားလည်းကောင်း၊ လျှပ်စစ်မီးရရှိရေးအတွက် ၁၁ ကေဗွီ ACSR ဓာတ်အားလိုင်း (ဝ.၆၁)မိုင် တည်ဆောက်ခြင်း၊ ၁၁/ဝ.၄ ကေဗွီ ၂၀၀ ကေဗွီအေ ထရန်စဖော်မာ (၂)လုံး တည်ဆောက် ခြင်းနှင့် ၄၀၀ ဗို့ ဓာတ်အားလိုင်း (၂.၃၀)မိုင် တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်များကို လည်းကောင်း၊ သောက်သုံး ရေရရှိရေး Ø 4" x 400' သောက်သုံးရေ စက်ရေတွင်း တူးဖော်ထားရှိမှုနှင့် နံကပ်ကျွန်းကျေးရွာအုပ်စု၌ အခမဲ့ချထားပေးမည့် အကွက်အမှတ်(၁) မြေနေရာတွင် တည်ထောင် စိုက်ပျိုးထားသည့် လေကာတန်းစိုက်ခင်း (၁၉၂၀)ပင် စိုက်ပျိုးဆောင်ရွက်ပြီးစီးမှု အခြေအနေ များအားလည်းကောင်း သက်ဆိုင်ရာ တာဝန်ရှိသူများမှ အသီးသီး ရှင်းလင်းတင်ပြခဲ့ကြပြီး၊ တင်ပြ ချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လမ်းညွှန်မှာကြားကာ၊ လုပ်ငန်းများ အမြန်ပြီးစီး ဆောင်ရွက်နိုင်ရေးအတွက် တာဝန်ရှိသူများအား ကဏ္ဍအလိုက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ၊ လုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

          ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မကွေးမြို့နယ်၊ ထုံးပေါက် တောကျေးရွာအုပ်စု၊ ထုံးပေါက်တော(တ)ကျေးရွာ၊ ကွင်းအမှတ်(၁၆၉၃)၊ ထုံးပေါက်တော တောင်ကွင်းရှိ မြေပြင်တွင် စိုက်ပျိုးလုပ်ကိုင်ထားမှုမရှိသည့်(၂၆.၃၅)ဧက မြေနေရာအား ဘာသာ ပေါင်းစုံ သုဿာန်မြေနေရာအဖြစ် ရွေးချယ်ထားရှိမှုကို ကြည့်ရှုစစ်ဆေးကာ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က သက်ဆိုင်ရာဌာနအဖွဲ့များက အသုံးပြုမည့် မြေအမျိုးအစားအလိုက် အသုံးပြုခွင့် ရရှိရေး မြေယာလုပ်ထုံး လုပ်နည်းနှင့်အညီ ဆောင်ရွက်သွားရန် မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း