မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို Quick Win စီမံချက်ဖြင့်ဆောင်ရွက်သော မကွေးမြို့နယ် မကြီးစမ်းကျေးရွာ လျှပ်စစ်မီးလင်းရေးဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို Quick Win စီမံချက်ဖြင့်ဆောင်ရွက်သော မကွေးမြို့နယ် မကြီးစမ်းကျေးရွာ လျှပ်စစ်မီးလင်းရေးဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်

မကွေး     မေ       ၂၉

          မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ Quick Win စီမံချက်ဖြင့်ဆောင်ရွက်သော မကွေးမြို့နယ် မကြီးစမ်းကျေးရွာ မီးလင်းရေးဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က အဆိုပါကျေးရွာ ၁၁/၀ ဒသမ ၄ ကေဗွီ ၂၀၀ ကေဗွီအေ ထရန်စဖော်မာရှေ့၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို၊ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဒေါက်တာမောင်မောင်ဌေး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အဆိုပါ ကျေးရွာများမှ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။

          ဦးစွာ မကြီးစမ်းကျေးရွာရှိ လျှပ်စစ်မီးလင်းရေးဖွင့်ပွဲ မုခ်ဦးအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို၊ မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဌ ဒေါက်တာမောင်မောင်ဌေးနှင့် တာဝန်ရှိသူ တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က  အဆိုပါကျေးရွာရှိ ၁၁/၀ ဒသမ ၄ ကေဗွီ ၂၀၀ ကေဗွီအေ ထရန်စဖော်မာအား စက်ခလုပ်နှိပ်၍ မီးလင်းပေးခြင်း ဆောင်ရွက်ကာ၊ မီးလင်းရေးဖွင့်ပွဲမှ အိုးစည်၊ ဒိုးပတ် အကအဖွဲ့တို့အား ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့ပြီး၊ ကျေးရွာ အတွင်း လျှပ်စစ်မီးရရှိမှုနှင့် စတင်သုံးစွဲနေမှု အခြေအနေများကို လှည့်လည် ကြည်ရှုစစ်ဆေးသည်။

          ဆက်လက်၍ မကြီးစမ်းကျေးရွာ မီးလင်းရေးဖွင့်ပွဲ အခမ်းအနားကို ကျင်းပရာ တိုင်းဒေသ ကြီးဝန်ကြီးချုပ်က ဦးတင်ကိုကိုက နိုင်ငံတော်အနေနဲ့ ဓာတ်အား စနစ်အတွင်း ဓာတ်အားပိုမိုရရှိ နိုင်ရေး နည်းလမ်းပေါင်းစုံနဲ့ ဆောင်ရွက်ရာမှာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားများ ပိုမိုထုတ်လုပ်ရရှိရေး၊ အိမ်ထောင်စုအလိုက် လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်မှု တိုးတက်မြင့်မားရေး၊ မီးမရရှိသေးတဲ့ ကျေးရွာများ လျှပ်စစ်ဓာတ်အား ရရှိရေးတို့အတွက် နှစ်အလိုက် ရန်ပုံငွေများ လျာထားခွင့်ပြုပေးကာ လိုအပ်တဲ့ အကူအညီများကို ပံ့ပိုးပေးလျက်ရှိကြောင်း၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ တိုင်းဒေသကြီးအတွင်း လျှပ်စစ် ဓာတ်အားများ ပြည့်ဝစွာ သုံးစွဲနိုင်ရေး လိုအပ်တဲ့ဓာတ်အား လိုင်းတွေ၊ ဓာတ်အားခွဲရုံတွေကို တိုးချဲ့ တည်ဆောက်နိုင်ဖို့ နှစ်စဉ် ရန်ပုံငွေ ခွင့်ပြုပေး လျက်ရှိရာမှာ ၂၀၂၁ ခုနှစ်မှ ယခုအချိန်ထိ (၅)နှစ်ကျော် ကာလအတွင်း ကျေးရွာပေါင်း (၈၃၂) ရွာ၊ အိမ်ထောင်စု အနေနဲ့ (၁၀၂၆၉၀) (တစ်သိန်းနှစ်ထောင့် ခြောက်ရာ့ ကိုးဆယ်)စုခန့် လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ပေးနိုင်ခဲ့ပြီး၊ ယခုဆိုရင် မကွေးတိုင်း ဒေသကြီးမှာ စုစုပေါင်း အိမ်ထောင်စုရဲ့ (၅၆၉၄၆၉) (ငါးသိန်းခြောက်သောင်းကိုးထောင်လေးရာ ခြောက်ဆယ့်ကိုး)စုကျော်၊ ရာခိုင်နှုန်းအားဖြင့်  (၆၂.၈၇%)ရာခိုင်နှုန်း လျှပ်စစ်မီးရရှိသုံးစွဲနိုင်ပြီ ဖြစ်ပါကြောင်းနှင့်လျှပ်စစ်မီးရရှိခြင်းဖြင့် လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ကျန်းမာရေး  ဘဝနေထိုင်ရေး ကဏ္ဍတို့မှာ ယခင်ထက် အစစအရာရာ ပိုမိုဖွံ့ဖြိုး တိုးတက် လာမှာလည်း ဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားသည်။

          ဆက်လက်၍ မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဌ ဒေါက်တာမောင်မောင်ဌေးက မိတ်ဆက်အမှာစကားပြောကြားကာ၊ ဒေသခံ ရပ်မိရပ်ဖတစ်ဦးက ကျေးဇူတင်စကားပြောကြား ခဲ့သည်။
          အဆိုပါ မကြီးစမ်းကျေးရွာ လျှပ်စစ်ဓာတ်အားရရှိရေး တင်ပြတောင်ခံမှုအရ (၁၁)ကေဗွီ ဓာတ်အားလိုင်း(ဝ.၂၈)မိုင်နှင့် (၁၁/ဝ.၄)ကေဗွီ(၁၀၀)ကေဗွီအေ ထရန်စဖော်မာ(၁)လုံး တည်ဆောက် ခြင်းကို ပစ္စည်းတန်ဖိုးအပါအဝင် တိုင်းဒေသကြီးရန်ပုံငွေမှ သိန်း( ၈၃၀ )ခန့် အကုန်အကျခံပြီး Quick Win စီမံချက် အနေနဲ့ ခွင့်ပြုဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး၊ ယခုလိုဆောင်ရွက်ခဲ့ခြင်းဖြင့် မကြီးစမ်း ကျေးရွာရှိ လူဦးရေ(၃၅၀)၊အိမ်ထောင်စု(၆၉)စုမှာ လျှပ်စစ်မီးများ စတင်သုံးစွဲနိုင်ပြီဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း