မကွေး မေ ၃၀
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို၊ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဒေါက်တာမောင်မောင်ဌေးနှင့်အတူ အဖွဲဝင်ဝန်ကြီးများနှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ တာဝန် ရှိသူများ လိုက်ပါကာ မေလ ၂၉ ရက်နေ့ နံနက်ပိုင်းက အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့ မြိုနယ်ခန်းမ၌ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်နှင့် မြိုနယ်အဆင့် ဌာနဆိုင်ရာများ၊ မြိုမိ မြိုဖများ၊ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံကာ၊ မြိုနယ်အတွင်း ဒေသဖွံဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးသည်။
တွေ့ဆုံစဉ် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုက နယ်မြေဒေသလုံခြုံရေးနှင့် တရား ဥပဒေ စိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ လုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေး၊ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားကာ၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေးက အမှာစကား ပြောကြားသည်။
ဆက်လက်၍ မြိုနယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်ငြိမ်းထွန်းက ဆင်ပေါင်ဝဲမြိုနယ်အတွင်းရှိ ဒေသဖွံဖြိုးရေးဆိုင်ရာ အချက်အလက်များ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြခဲ့ပြီး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများက ဒေသဖွံ့ဖြိုးရေးလုပ်ငန်း လိုအပ်ချက် တင်ပြမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က သက်ဆိုရာဌာနများနှင့် ပေါင်းစပ် ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့် တာဝန်ရှိသူများသည် ဆင်ပေါင်ဝဲ မြိုနယ်အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိပြီး ၂ဝ၂၆-၂ဝ၂၇ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးကာ၊ ကျောင်းသား၊ ကျောင်းသူ များကို ကျောင်းဝတ်စုံများနှင့် ကျောင်းသုံးပစ္စည်းများ ပေးအပ်ခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြိုနယ်ပြည်သူ့ဆေးရုံသို့ သွားရောက်၍ ဆေးရုံအတွင်း မင်းဘူးမြို ဆေးရုံအုပ်ကြီး ဦးဆောင်သော အထူးဆရာဝန်ကြီးများက ဆင်ပေါင်ဝဲမြိုနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ပြည်သူများအား အခမဲ့ကွင်းဆင်း ဆေးကုသ ဆောင်ရွက်ပေးနေမှုအား လှည့်လည်ကြည့်ရှု၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆေးဝါးကုသမှုခံ ယူနေသူ ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကားပြောကြားကာ၊ အာဟာရဖြည့်စွက်စာ နှင့် ဆေးစိမ်ခြင် ထောင်များ အခမဲ့ ဆေးကုသမှုဆောင်ရွက်ပေးခဲ့သော မင်းဘူးမြို ဆေးရုံအုပ်ကြီးနှင့် အထူးကု ဆရာဝန်ကြီးများအား အမှတ်တရ လက်ဆောင်ပစ္စည်းများကို ပေးအပ်ခဲ့သည်။
ထိုအတူ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့် တာဝန်ရှိသူများသည် ဆင်ပေါင်ဝဲမြိုနယ် ညံတောအင်း ဆိုလာလျှပ်စစ်မြစ်ရေတင်စီမံကိန်းသို့ သွားရောက် ကြည့်ရှုစစ်ဆေးရာ စီမံကိန်း ရှင်းလင်း ဆောင်၌ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်)မှ ဒုတိယ ညွှန်ကြားရေးမှူး ဦးမြင့်ဦးက စီမံကိန်းလုပ်ငန်းများ လည်ပတ်နေမှု အခြေအနေများနှင့် တောင်သူ များအား စိုက်ပျိုးရေ ဖြန့်ဝေပေးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး၊ တင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။






