မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီချုပ် ဦးတင်ကိုကို တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲနှင့် ဝန်ထမ်းများ၏ သား/သမီးများအား ပညာသင်စရိတ် ပေးအပ်ခြင်း အခမ်းအနား တက်ရောက်

မကွေးတိုင်းဒေသကြီးဝန်ကြီချုပ် ဦးတင်ကိုကို တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲနှင့် ဝန်ထမ်းများ၏ သား/သမီးများအား ပညာသင်စရိတ် ပေးအပ်ခြင်း အခမ်းအနား တက်ရောက်

မကွေး   မေ   ၃၁

          မကွေးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်လျှက်ရှိသော ဝန်ထမ်းများ၏ သား/သမီး များအား ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ပညာသင်စရိတ်ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၁၀:၀၀ နာရီအချိန်က မကွေးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်း အဝေးခန်းမ၌ ကျင်းပသည်။

          ဦးစွာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်ကိုကို က နှုတ်ခွန်းဆက် အမှာစကား ပြောကြားပြီး ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် တက္ကသိုလ်အဆင့်၊ အထက်တန်းအဆင့်၊ အလယ် တန်းအဆင့်နှင့် မူလတန်းအဆင့်ကျောင်းသား/ကျောင်းသူများအတွက် စာရေးကိရိယာများနှင့် ပညာသင်စရိတ်များကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က ချီးမြှင့်ပေးခဲ့သည်။

          ဆက်လက်၍ မကွေးတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းဆန္ဒဖော်ထုတ် ပွဲနှင့် ဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများနှင့် မိသားစုဝင်များ စားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ သက်သာချောင်ချိစေရန်နှင့် လုပ်ငန်းခွင်အတွင်း စိတ်အေးချမ်းသာစွာ တာဝန် ထမ်းဆောင်နိုင်ရန် ရည်ရွယ်၍ အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုက ဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် အစဉ်တစိုက် ဖြည့်ဆည်းပံ့ပိုးပေးနေမှုများနှင့် စပ်လျဉ်း၍ အမှာစကား ပြောကြားသည်။

          ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တို့မှ ပံ့ပိုးပေးသော အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ နှင့် ကြက်ဥများကို တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဝန်ထမ်းများထံသို့  အသီးသီး ပေးအပ်ခဲ့ကြပြီး၊ ဝန်ထမ်းများက ရုံးလုပ်ငန်းများ လည်ပတ်ဆောင်ရွက်နေမှု၊ တွေ့ကြုံနေရသည့် အခက်အခဲများနှင့် ဖြည့်ဆည်း ဆောင်ရွက်ပေးရန် လိုအပ်သည်များ အထွေထွေတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပေါင်းစပ် ညှိနှိုင်း ဖြည့်ဆည်း ဆောက်ရွက်ပေးခဲ့ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း