မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

တတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး (စတုတ္ထနေ့) ဆက်လက်ကျင်းပ

တတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး (စတုတ္ထနေ့) ဆက်လက်ကျင်းပ

မကွေး    ဇွန်    ၁၁

          တတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (စတုတ္ထနေ့)ကို ဇွန် ၁၁ ရက် ၊ နံနက် ၁၀ နာရီက မကွေးမြို့ တိုင်းဒေသကြီးလွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အစည်းအဝေးသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်ကိုကို၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဒေါက်တာမောင်မောင်ဌေး၊ ဒုတိယဥက္ကဌ ဦးခင်မောင်ညိုနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
          ဦးစွာ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဒေါက်တာမောင်မောင်ဌေးက တတိယအကြိမ် တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(စတုတ္ထနေ့) စတင်ကျင်းပကြောင်းနှင့် အစည်း အဝေး အထမြောက်ကြောင်း ကြေညာသည်။ ယင်းနောက် တတိယအကြိမ် တိုင်းဒေသကြီး လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး (စတုတ္ထနေ့)သို့ မတက်ရောက်နိုင်သည့် ကိုယ်စားလှယ်များ အတွက် ခွင့်ပန်ကြားကာ တိုင်းဒေသကြီးလွှတ်တော်၏ အဆုံးအဖြတ်ကို ရယူ၍ လွှတ်တော်ကိုယ်စား လှယ်များ အစည်းအဝေးတက်ရောက်မှုအခြေအနေကို လွှတ်တော်၌ အတည်ပြု မှတ်တမ်းတင် ထားရှိသည်။
          ဆက်လက်၍ မကွေးတိုင်းဒေသကြီး ၊ မြိုင်မြို့နယ် သရက်ကန်ကျေးရွာ ၊ ပေါက်မြို့နယ် ရေပြာ ကျေးရွာနှင့် ကုက္ကိုစုကျေးရွာတို့မှ အပြစ်မဲ့ ဒေသခံပြည်သူများအား အကြမ်းဖက်လက်နက်ကိုင် အဖွဲ့များ၏ ဖမ်းဆီးနှိပ်စက်ခံရမှုဖြစ်စဉ်နှင့် စပ်လျဉ်း၍ ဝမ်းနည်းကြောင်းနှင့် အဆိုပါ အကြမ်းဖက်မှု လုပ်ရပ်အား ကန့်ကွက်ရှုံ့ချကြောင်း အဆိုကို ငဖဲမြို့နယ်မဲဆန္ဒနယ် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်လင်းက လွှတ်တော်သို့ တင်သွင်းရာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၃)ဦးတို့က ထောက်ခံဆွေးနွေးခဲ့ကြပြီး လွှတ်တော် ဥက္ကဌ က ယင်းအဆိုအား လွှတ်တော်၏ အဆုံးအဖြတ်ဖြင့် မှတ်တမ်းတင် အတည်ပြုသည်။

          ထို့နောက် လွှတ်တော်အစည်းအဝေးတွင် ကြယ်ပွင့်ပြ မေးခွန်း(၃)ခုကို တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်(၃)ဦးတို့က မေးမြန်းခဲ့ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီး များက ပြန်လည်ဖြေကြားသည်။

          ယင်းနောက် မကွေးတိုင်းဒေသကြီးလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီဝင် အစားထိုး ပြင်ဆင်ဖွဲ့စည်းခြင်းနှင့် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီဝင် အစားထိုးပြင်ဆင်ဖွဲ့စည်း ခြင်းတို့နှင့် စပ်လျဉ်း၍ လွှတ်တော်သို့ တင်ပြ တည်ပြုချက်ရယူရာ လွှတ်တော်ကိုယ်စားလှယ်များက သဘောတူညီသည့်အတွက် လွှတ်တော်ဥက္ကဌက အတည်ပြုကြောင်း ကြေညာသည်။

          ထို့နောက် တတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (စတုတ္ထနေ့)ကို ရပ်နားကာ အစည်းအဝေး(ပဉ္စမနေ့)ကို ၂၀၂၆ ခုနှစ် ဇွန်လ ၁၆ ရက်၊ နံနက် ၁၀ နာရီတွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း