မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဝန်ကြီးချုပ် ဦးတင်ကိုကို ၂၀၂၆ ခုနှစ်(ပထမ)အကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနား တက်ရောက်

မကွေးတိုင်းဝန်ကြီးချုပ် ဦးတင်ကိုကို ၂၀၂၆ ခုနှစ်(ပထမ)အကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနား တက်ရောက်

မကွေး    ဇွန်    ၁၃

          မကွေးတိုင်းဒေသကြီးအတွင်း သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ သစ်တောသယံ ဇာတများ ရေရှည်တည်တံ့စေရေး၊ ရာသီဥတု မျှတရေး၊ သစ်တောသစ်ပင် စိုက်ပျိုးပြုစု ထိန်းသိမ်း ခြင်းတွင် ဒေသခံပြည်သူများပူးပေါင်းပါဝင်လာစေရေး ရည်ရွယ်ချက်များဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုး ပွဲများကို ဆောင်ရွက်လျက်ရှိရာ၊ ၂၀၂၆ ခုနှစ်၊ မကွေးတိုင်းဒေသကြီး(ပထမ)အကြိမ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲကို ယနေ့နံနက်(၇)နာရီခွဲ အချိန်က မကွေးမြို့၊ မကွေးတက္ကသိုလ်ဝန်းအတွင်း ကျင်းပပြု လုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ၊ နယ်မြေခံ တပ်နယ်မှ အရာရှိကြီးများ၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေ သကြီးအမျိုးသမီးရေးရာအဖွဲ့နာယကနှင့် အဖွဲဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ ဝင်များ၊ အမျိုးသမီး ရေးရာနှင့်မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ ဝင်များ၊‌ ကျောင်းသား ကျောင်းသူများ၊ ဒေသခံ ပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ ကြသည်။
          အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို က ၂၀၂၆ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပွဲ အခမ်းအနားကို ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်သာယာ လှပရေး၊ သစ်တောသယံဇာတ များ ရေရှည်တည်တံ့စေရေး၊ ဂေဟစနစ် ကောင်းမွန်မျှတစေရေး၊ ရေမြေထိန်းသိမ်းပြီး သဘာဝဘေး အန္တရာယ်များမှ တားဆီးကာကွယ်နိုင်ရေး၊ ရာသီဥတုမျှတ ကောင်းမွန်စေရေးနဲ့ သစ်ပင်စိုက်ပျိုး ထိန်းသိမ်းရေးလုပ်ငန်းတွေမှာ ပြည်သူများကနိုးကြား တက်ကြွစွာ ပိုမိုပူးပေါင်းပါဝင် ဆောင်ရွက် လာစေရေးစတဲ့ ရည်ရွယ်ချက်များဖြင့် စိုက်ပျိုးပွဲတော်ကို ကျင်းပခြင်းဖြစ်ကြောင်း၊ မိမိတို့ မကွေးတိုင်း ဒေသကြီးအတွင်း ခရိုင်၊ မြို့နယ်အလိုက် လူထုလှုပ်ရှားမှုအသွင်ဖြင့် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲများ ကျင်းပ လျှက်ရှိပြီး ဒီကနေ့ သစ်ပင်စိုက်ပျိုးပွဲကတော့(ပထမ)အကြိမ်မြောက် လူထုလှုပ်ရှားမှုအသွင်နဲ့ သစ်ပင် စိုက်ပျိုးခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံဟာ ရေ၊ မြေ၊ တောတောင်၊ သဘာဝသယံဇာတများနဲ့ ဇီဝမျိုးစုံ မျိုးကွဲများ ကြွယ်ဝတဲ့ နိုင်ငံတစ်ခုဖြစ်ပြီး၊ အာဆီယံဒေသတွင်း နိုင်ငံတွေထဲမှာ သစ်တော ဖုံးလွှမ်းမှု ဧရိယာ ဒုတိယအများဆုံး ပိုင်ဆိုင်တဲ့ နိုင်ငံလည်းဖြစ်ပါကြောင်း၊ ၂၀၂၅ ခုနှစ်အစီရင်ခံစာအရ သစ်တော ဖုံးလွှမ်းမှုဟာ ၄၂ ဒသမ ၁၅ ရာခိုင်နှုန်းရှိသည်ကို စစ်တမ်း ကောက်ယူရရှိခဲ့ပြီး နိုင်ငံရဲ့ သစ်တော ဖုံးလွှမ်းမှု တိုးပွားလာစေဖို့အတွက် နိုင်ငံဧရိယာရဲ့ ၅၀ ရာခိုင်နှုန်းကို ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ် တောများ၊ သဘာဝ ထိန်းသိမ်းရေး နယ်မြေများအဖြစ်ဖွဲ့စည်းသွားဖို့ ရည်မှန်း ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ မကွေးတိုင်းဒေသကြီး သစ်တောဦးစီးဌာန အနေဖြင့်လည်း ၂၀၂၅ ခုနှစ် မိုးရာသီမှာ သစ်ပင်စိုက်ပျိုးပွဲတော် ပြုလုပ်ခြင်းများအပါအဝင် နိုင်ငံပိုင်သစ်တော စိုက်ခင်းများ၊ ကျေးရွာထင်း စိုက်ခင်းများ၊ တစ်ရွာ(၂)ဧက စိုက်ခင်းများ၊ ဘက်စုံသုံး စိုက်ခင်းများ၊ လမ်းဘေးဝဲ/ယာ စိုက်ခင်းများ၊ သီးနှံသစ်တော ရောနှောစိုက်ပျိုးခြင်းများ၊ ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တော လုပ်ငန်းများ၊ လူထု ဖြန့် ပျိုးပင်ဖြန့်ဝေပေးခြင်း တို့အတွက် ပျိုးပင်စုစုပေါင်း(၁)သန်းကျော်ကို ယခုနှစ် အတွင်း စိုက်ပျိုး ဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း၊ စိုက်ပျိုးပြီး သစ်ပင်များ ရာနှုန်းပြည့် အောင်မြင် ရှင်သန်ရေးအတွက် ပေါင်းသင်ရှင်းလင်းခြင်း၊ သေပင်ဖာထေးခြင်းနဲ့ အဖျက်အဆီးများမှ ကာကွယ်ခြင်းကဲ့သို့ လိုအပ်တဲ့ ပြုစုထိန်းသိမ်းရေး လုပ်ငန်းများကိုလည်း အားလုံးဝိုင်းဝန်း ဆောင်ရွက် ပေးကြဖို့ မှာကြားလိုပါကြောင်း၊ နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစို့ဆိုသည့် နိုင်ငံတော်၏ မူဝါဒနှင့်အညီ နိုင်ငံရဲ့ သဘာဝ အရင်းအနှီး သစ်ပင်သစ်တောတွေကို ပြုစုထိန်းသိမ်း ကာကွယ်စောင့်ရှောက်ပေးခြင်းအားဖြင့် ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးအမြတ်များ ရရှိစေမှာဖြစ်ပြီး၊ ပတ်ဝန်းကျင် စိမ်းလန်းစိုပြည် သာယာလှပ စေရေး၊ ရာသီဥတုမျှတကောင်းမွန်စေရေးနဲ့ သဘာဝဘေး အန္တရာယ်တားဆီးကာကွယ်ရေးတို့အတွက် သိသိသာသာ အကျိုးသက်ရောက်မှုရှိစေတဲ့ သစ်တော သစ်ပင်စိုက်ပျိုးပြုစုထိန်းသိမ်းခြင်း လုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အနေနဲ့ ပူးပေါင်း ပါဝင်ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်းဖြင့် ပြောကြားသည်။

နောက်ဆုံးရ သတင်း