မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန ရေပြင်မီးငြိမ်းသတ်ရေး နှင့် ရှာဖွေကယ်ဆယ်ရေးစွမ်းရည် သရုပ်ပြသခြင်း အခမ်းအနား တက်ရောက်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန ရေပြင်မီးငြိမ်းသတ်ရေး နှင့် ရှာဖွေကယ်ဆယ်ရေးစွမ်းရည် သရုပ်ပြသခြင်း အခမ်းအနား တက်ရောက်

မကွေး ဇွန် ၁၆

          ပြည်သူလူထု၏ အသက်အိုးအိမ်ပစ္စည်းများ၊နိုင်ငံတော်အတွင်းရှိ ကုန်ထုတ်အရင်းအနှီးများကို မီးဘေးအန္တရာယ်မှ တားဆီးကာကွယ်ရေးလုပ်ငန်းစဉ်နှင့် သဘာဝဘေးအန္တရာယ်အပါအဝင် အခြား သောဘေးအန္တရာယ်များ ကျရောက်သည့်အခါ အရေးပေါ်ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက်ရန် ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များသည် ပွဲမဝင်ခင် အပြင် ကကျင်းပဆိုသည့် စကားနှင့်အညီ ကြိုတင်လေ့ကျင့်မှုများကို ဆောင်ရွက်လျက်ရှိရာ မကွေးတိုင်း ဒေသကြီးမီးသတ်ဦးစီးဌာနမှ ရေပြင်မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးစွမ်းရည် သရုပ်ပြသ ခြင်းအခမ်းအနားကို ဇွန်လ ၁၆ ရက် ယနေ့နံနက် ၇ နာရီက မကွေးမြို့၊ ကမ်းနားလမ်း We Love Magway ညဈေးတန်း အနီး၌ ကျင်းပသည်။

          အဆိုပါအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်ကိုကို၊ နယ်မြေခံ တပ်နယ်မှ အရာရှိကြီးများ၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ တက်ရောက် ည်။

          ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုက မီးသတ်တပ်ဖွဲ့ အနေဖြင့် မီးဘေးလုံခြုံရေး၊ သဘာဝဘေး အန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနဲ့ ပြည်သူ့အကျိုးပြုဆောင်ရွက်ရေး စသည့် ရည်မှန်းချက်တာဝန်(၄)ရပ်ကို ဆောင်ရွက်လျက်ရှိရာ သဘာဝဘေး အန္တရာယ်များ ကျရောက် လာသည့်အခါ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့် တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်ရမှာ ဖြစ်သည့် အတွက် ယခုလိုသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းကို ဆောင်ရွက်ရတာဖြစ်ကြောင်း၊ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်များကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးမှာ သဘာဝဘေး အန္တရာယ်များ နှစ်စဉ်ပိုမိုဖြစ်ပွား ကြုံတွေ့ရလျက်ရှိပြီး ထိခိုက်ပျက်စီးဆုံးရှုံးမှု ပမာဏလည်း ပိုမိုများပြားလာတာကို တွေ့ရကြောင်း၊ မြန်မာနိုင်ငံရဲ့ ရာသီဥတုနဲ့ ပထဝီ အနေအထားအရ ဒေသအလိုက် မီးဘေး ၊ ရေဘေး၊ မုန်တိုင်းဘေး၊ ငလျင်ဘေး၊ ဆူနာမီဘေး၊ မြေပြို ဘေး၊ မိုးခေါင် ရေရှားဘေး အစရှိတဲ့ ဘေးအန္တရာယ် များကို ရင်ဆိုင်ကြုံတွေ့လျက်ရှိကြောင်း၊ ဒါအပြင် အခြားသော ဓာတုပစ္စည်း၊ ဇီဝပစ္စည်း၊ ရေဒီယို သတ္တိကြွပစ္စည်းများရဲ့ အန္တရာယ်များလည်း ဖြစ်ပွားလာတာကို တွေ့ကြရမှာ ဖြစ်ကြောင်း၊ တိုင်းဒေသ ကြီးအစိုးရအဖွဲ့အနေဖြင့် မီးသတ်တပ်ဖွဲ့အတွက် လိုအပ်သော မီးငြှိမ်းသတ်ရေးနဲ့ ရှာဖွေကယ်ဆယ် ရေးပစ္စည်းကိရိယာတွေကို နှစ်စဉ်ဝယ်ယူဖြည့်တင်းပေးလျက်ရှိကြောင်း၊ မီးသတ်တပ်ဖွဲ့ဝင်များ အနေဖြင့် ရေကြီး ရေလျှံမှု ဖြစ်ပွားလာပါက ပြည်သူများ၏ အသက်အိုးအိမ် ပစ္စည်းများ ထိခိုက်ဆုံးရှုံးမှု မဖြစ်စေရေး ရှာဖွေကယ်ဆယ်ရေးနဲ့ ကယ်ဆယ်ရွေ့ထုတ်လုပ်ငန်းများကို အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်နိုင်ရန် အမြဲအသင့်အနေ အထားရှိနေဖို့ လိုအပ်ပါကြောင်း၊ မြစ်ရေမြင့်တက်မှု အခြေအနေနှင့် ပတ်သက်ပြီး ပြည်သူများကို အသိပညာပေးခြင်း၊ သတိပေးခြင်း၊ ရေဘေးဇာတ်တိုက် လေ့ကျင့်ခြင်းများ ဆောင်ရွက် ခြင်း၊ ရှာဖွေကယ်ဆယ်ရေးအင်အားစုများ၊ စက်လှေ၊ ရေယာဉ်များ၊ ရေပြင်ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းသုံး ပစ္စည်းကိရိယာများကို မြို့နယ်အလိုက် အသင့်စုဖွဲ့ ထားလျက်ရှိသည်ကိုသိရှိရကြောင်း၊ ရှာဖွေကယ်ဆယ်ရေး ပစ္စည်းကိရိယာတွေကို ကျွမ်းကျင်စွာ ကိုင်တွယ် အသုံးပြုတတ်ဖို့၊ အမြဲအသင့်ဖြစ် နေဖို့နဲ့ မိုးဦးကာလနှင့် မိုးနှောင်းကာလများအတွင်း ဖြစ်ပေါ်တတ်သည့် မုန်တိုင်းဘေးအန္တရာယ်နှင့် ရေကြီးမှုဘေးအန္တရာယ်များအတွက် ရှာဖွေကယ် ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် တပ်ဖွဲ့ဝင်များအား အသင့်လေ့ကျင့် ပြင်ဆင်ထားကြစေ လိုကြောင်း၊ နိုင်ငံတကာမှာ ပြောင်းလဲတိုးတက်နေတဲ့ မီးသတ်လုပ်ငန်းဆိုင်ရာများကို မျက်ခြည် မပြတ် လေ့လာဆည်းပူးပြီး မိမိနိုင်ငံသားတို့အတွက် ပြန်လည် အသုံးချနိုင်ဖို့နဲ့ မီးသတ်တပ်ဖွဲ့ရဲ့ လုပ်ငန်းများဟာ တစ်ဦးကောင်း၊ တစ်ယောက်ကောင်းဖြင့် လုပ်ဆောင်၍မရဘဲ အဖွဲ့လိုက် (Teamwork)ဖြင့် ဆောင်ရွက်ရတာ ဖြစ်တဲ့အတွက် တစ်ဦးချင်း စွမ်းဆောင်ရည် မြင့်မားအောင် ကြိုးပမ်းနေခြင်းဟာ တပ်ဖွဲ့တစ်ခုလုံးရဲ့ စွမ်းဆောင်ရည် မြှင့်တင်နေခြင်းဖြစ်ပြီး၊ ပြည်သူ ယုံကြည် အားကိုးအားထားပြုသည့် မီးသတ်တပ်ဖွဲ့ဝင်တွေဖြစ်အောင် လေ့ကျင့်တည်ဆောက် သွားကြဖို့ မှာကြားလိုကြောင်း စသည်ဖြင့် ပြောကြားသည်။

          ဆက်လက်၍ ရှာဖွေကယ်ဆယ်ရေးစွမ်းရည် သရုပ်ပြသမှု အစီအစဉ် ဆောင်ရွက်ရာ ဧရာဝတီ မြစ်အတွင်း မြေနုကျွန်းပေါ်ရှိ ရေဘေးသင့်ပြည်သူများကို Assault Boat များအသုံးပြု၍ ဘေးလွတ် ရာသို့ ကယ်ဆယ်ရွှေ့ပြောင်းမှု သရုပ်ပြသခြင်း၊ Intellienge Lifebuoy များ အသုံးပြု၍ ရှာဖွေ ကယ်ဆယ်ရေး ဆောင်ရွက်မှု သရုပ်ပြသခြင်း၊ ဆီတင်သင်္ဘော(၁)စီး မီးလောင်မှုဖြစ်ပွားသောကြောင့် ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များမှ မီးငြှိမ်းသတ်ခြင်းနှင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း သရုပ်ပြသဆောင်ရွက်နေမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တက်ရောက် လာသူများက ကြည့်ရှုအားပေးကာ၊ ရေပြင်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံး ပစ္စည်းကိရိယာများ ခင်းကျင်းပြသထားမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်းနှင့် ရေပြင်မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ် ရေးစွမ်းရည် သရုပ်ပြသခြင်း ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သည့် အဖွဲ့များအား တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း