မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို တိုင်းဒေသကြီးအတွင်း စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၂/၂၀၂၆)သို့ တက်ရောက်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို တိုင်းဒေသကြီးအတွင်း စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၂/၂၀၂၆)သို့ တက်ရောက်

မကွေး     ဇူလိုင်   

          မကွေးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးကဏ္ဍ တိုးတက်စေရန်နှင့် လျာထားချက်ပြည့်မီ ကျော်လွန်စေရေးအတွက် (အဓိကသီးနှံ- ၁၃ မျိုး)ကို မျှော်မှန်းချက်ပြည့်မီအောင် အထူးအလေးထား ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးအတွင်း စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး လုပ်ငန်းညှိနှိုင်း အစည်း အဝေး(၂/၂၀၂၆)ကို ဇူလိုင်လ ၆ ရက်နေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သည်။

          ဦးစွာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုက မကွေး တိုင်းဒေသကြီးသည် လယ်ယာကဏ္ဍသီးနှံများ စိုက်ပျိုးထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး အထူး ဦးစားပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ သီးနှံစိုက်စွမ်းအား မြင့်မားရေးအတွက် သီးထပ်သီးညှပ် တိုးချဲ့စိုက်ပျိုးခြင်းနဲ့ အဓိကသီးနှံများ သတ်မှတ်ထားတဲ့ ပန်းအတိုင်အထွက်နှုန်း ရရှိရေးတို့ကို ကြိုးပမ်းဆောင်ရွက် လျက်ရှိပါကြောင်း၊ ၂၀၂၅-၂၀၂၆ ခုနှစ်မှာ သီးနှံစုံစိုက်ဧက (၆၄)သိန်းကျော် စိုက်ပျိုးနိုင်ခဲ့ပြီး၊ ၂၀၂၆-၂၀၂၇ ခုနှစ်မှာလည်း သီးနှံစုံစိုက်ဧက (၆၄)သိန်းကျော် စိုက်ပျိုးနိုင်ရေး ဆောင်ရွက်လျက်ရှိရာမှာ ဇွန်လ (၃၀)ရက်နေ့အထိ မိုးအဓိကသီးနှံများစိုက်ပျိုး ပြီးစီးမှုအနေနဲ့ မိုးစပါး (၁၄၀၂၀)ဧက၊ အစေ့ ထုတ်ပြောင်း (၁၇၉၇၃)ဧက၊ မြေပဲ (၃၉၇၇၀၆) ဧက၊ မိုးနှမ်း (၁၁၁၆၁၇၈)ဧက၊ နေကြာ (၁၉၃၂၀)ဧက၊ မတ်ပဲ (၂၉၂)ဧက၊ ပဲတီစိမ်း (၂၅၃၀၅၇)ဧက၊ ပဲစဉ်းငုံ (၂၃၄၄၇၂)ဧက၊ ဝါစုစုပေါင်း (၂၄၁၁၄)ဧကနဲ့ ချက်ကြံရင့် (၁၁၇၆၁)ဧက၊ မိုးအဓိကသီးနှံ စုစုပေါင်း(၂၀၈၉၂၅၀)ဧက၊ မိုးအခြား သီးနှံပေါင်း(၃၅၆၁၇၇)ဧက၊ မိုးသီးနှံစုစုပေါင်း (၂၄၄၅၄၂၇)ဧက စိုက်ပျိုးပြီးဖြစ်လို့ မိုးသီးနှံ စုစုပေါင်း လျာထားဧက (၄၇)သိန်း (၅)သောင်း (၉) ထောင်ကျော်ရဲ့ (၅၁) ရာခိုင်နှုန်းကျော် စိုက်ပျိုးပြီး ဧက(၂၃)သိန်း (၁)သောင်း (၃) ထောင်ကျော် စိုက်ပျိုးဖို့ ကျန်ရှိကြောင်း သိရပြီး၊ လာမယ့်မိုးလယ် ကာလမှာ စိုက်ပျိုးရန် ကျန်ရှိနေ သေးတဲ့ စိုက်ပျိုးမြေများ အပြည့်အဝ စိုက်ပျိုးနိုင်ရေး၊ ရိတ်သိမ်းပြီး မိုးနှမ်းနဲ့ မိုးသီးနှံများအပေါ်မှာလည်း မိုးရာသီ သီးထပ်သီးနှံ များအချိန်မီ အပြည့်အဝ စိုက်ပျိုးနိုင်ရေး တွန်းအားပေးဆောင်ရွက်ကြဖို့ မှာကြားလိုပါကြောင်း၊ တိုင်းဒေသကြီးအတွင်း မိုးအဆက်မပြတ် ရွာသွန်းလျက်ရှိပြီး လယ်မြေ နွေနှမ်းစိုက်ခင်း များ၊ ယာမြေ မိုးသီးနှံ စိုက်ခင်းများ ရေဝင်နစ်မြုပ်မှုများ ဖြစ်ပေါ်နိုင်တာကြောင့် စိုက်ခင်းများ ရေဝင်ရောက်ပါက အချိန်မီ ရေထုတ်နိုင်ရေး၊ ရိတ်သိမ်းရမယ့် နွေသီးနှံများ အချိန်မီ ရိတ်သိမ်းပြီး အမိုးအကာအောက် အမြန်ရောက်ရှိရေး၊ တောင်သူများ လိုက်နာဆောင်ရွက်ရေး ကွင်းဆင်းပညာပေး ခြင်း၊ နှိုးဆော် အကြောင်းကြားခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ကြရမှာ ဖြစ်ကြောင်း၊ ရေနစ်မြုပ် ဧရိယာများမှ သီးနှံ ထိခိုက်မှု အခြေအနေများ ရှိပါကလည်း အချိန်နှင့် တပြေးညီ တင်ပြပေးကြရမှာ ဖြစ်ပြီး ပျက်စီးဧရိယာများမှာ မိုးသီးနှံများအမြန် ပြန်လည် စိုက်ပျိုးနိုင်ရေး စီမံဆောင်ရွက်ထားကြရမှာ ဖြစ်ပါကြောင်း၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပထမရက် (၁၀၀)အတွင်း ဆောင်ရွက်ရမယ့် Quick Win လုပ်ငန်းများကိုလည်း အောင်မြင်အောင် အကောင် အထည်ဖော်ဆောင်ရွက်ကြရမှာဖြစ်ပြီး ယခုအချိန် ဟာ ရက်(၁၀၀) ပြည့်တော့မှာဖြစ်လို့ လုပ်ငန်းများကို အချိန်နဲ့တပြေးညီ ပြီးစီးအောင် ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်ကြစေ လိုကြောင်းနှင့် မကွေးတိုင်းဒေသကြီးရဲ့ လယ်ယာကဏ္ဍ သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့် မားရေးအတွက် သီးနှံစိုက်စွမ်းအား တိုးတက်ရေး၊ စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိပြီး ထုတ်လုပ်မှု တိုးတက် မြင့်မားရေး လယ်ယာကဏ္ဍကို တာဝန်ယူ ဆောင်ရွက်နေတဲ့ ဌာနများအနေနဲ့ လိုအပ်ချက်များကို ပူးပေါင်းကူညီ ဖြည့်ဆည်းပေးရင်းနဲ့ လယ်ယာ ကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးကို  အောင်မြင်အောင် ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်သွားကြ စေလိုကြောင်း ပြောကြားသည်။
          ဆက်လက်၍ တိုင်းဒေသကြီးစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်နိုင်က မကွေးတိုင်းဒေသကြီးအတွင်း သီးနှံစုံ စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ဖို့ ဒေသတွင်းရှိ ရေမြေသဘာဝအခြေခံများနဲ့ အခွင့်အလမ်းများ၊ အခြေအနေကောင်းများကို အသုံးပြုပြီး ဌာနများ အချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် တိုင်းဒေသကြီးရဲ့ လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက် ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် ပြောကြားသည်။

နောက်ဆုံးရ သတင်း