မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနား တက်ရောက်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနား တက်ရောက်

မကွေး    ဇူလိုင်   ၂၀

          မကွေးတိုင်းဒေသကြီး ကျောင်းစာကြည့်တိုက်များ၊ ဖွံ့ဖြိုးတိုးတက်ရေး နှင့် စာဖတ်ရှိန်မြှင့်တင် ရေးပွဲတော် အခမ်းအနားကို ယနေ့နံနက်ပိုင်းက မကွေးမြို့ အမှတ်(၃)အခြေခံပညာအထက်တန်း ကျောင်း၌ ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်ကိုကို၊ နယ်မြေခံတပ်နယ်မှ အရာရှိကြီးများ၊ တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဒု_ဥက္ကဌ၊ တိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အခြေခံပညာကျောင်း များမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

          ဦးစွာ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် မုခ်ဦး အား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို၊ နယ်မြေခံတပ်နယ်မှ ဗိုလ်ချုပ်သိန်းထွန်းဦး၊ တရား လွှတ်တော်တရားသူကြီးချုပ် ဒေါ်မိမိမော်၊ တိုင်းဒေသကြီးလွှတ်တော်ဒု_ဥက္ကဌ ဦးခင်မောင်ညိုတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး ဘင်ခရာ၊ ပန်းပွားအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကာ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။

          ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကာယစွမ်းရည်ပြိုင်ပွဲများ ဖြစ်သည့် ကာယစွမ်းရည်ပြိုင်ပွဲများဖြစ်သည့် စကားပုံဆက်၊ အရုပ်ကွင်းစွပ်၊ မြန်မာစာဉာဏ်စမ်းပြိုင်ပွဲ၊ ခွက်နင်း ပြိုင်ပွဲ၊ အိမ်ဆောက်ဂိမ်းပြိုင်ပွဲ နှင့် ဆေးရောင်ခြယ်ပြိုင်ပွဲများတွင် ကျောင်းသား၊ ကျောင်းသူများအေး ချမ်းပျော်ရွှင်စွာပါဝင်ဆင်နွှဲနေမှုများကို ကြည့်ရှုအားပေးပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ခင်းကျင်းပြသထားသည့် လှပသာယာပြည်မြန်မာရောင်စုံဓာတ်ပုံပြဘုတ်များ၊ စာအုပ်အရောင်း ဆိုင်များနှင့် ဌာနဆိုင်ရာပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးကာ ကျောင်းသား၊ ကျောင်းသူများ အား အာဟာရဖြည့် အစားအစာနှင့် ဂုဏ်ပြုလက်ဆောင်များပေးအပ်ခဲ့သည်။

          ထို့နောက် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် အစီအစဉ် ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ မကွေးမြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူလေးများက “အလှဆုံးပန်းများပွင့်ကြပြီ” သီချင်း သီဆိုဖျော်ဖြေကာ အခမ်းအနားကို ဖွင့်လှစ် ခဲ့သည်။

            ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်ကိုကိုက အမှာစကားပြော ကြားရာတွင် မိမိတို့နိုင်ငံအနေဖြင့် ပညာနှင့် ပတ်သက်ပြီး လိုအပ်ချက်များရှိနေခြင်းကြောင့် ပညာဗဟုသု တပြည့်စုံကြွယ်ဝရေးအတွက် အလွယ်ကူဆုံးနှင့် အထိရောက်ဆုံးဆောင်ရွက်နိုင်သည့် ကျောင်းစာ ကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို စဉ်ဆက် မပြတ်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ အနာဂတ်အတွက်အားထားရမည့် သားကောင်း ရတနာများအနေဖြင့် ကာယ၊ ဉာဏ၊ မိတ္တ၊ စာရိတ္တနှင့် ဘောဂဆိုသည့် ဗလငါးတန်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ငယ်စဉ်ကပင် စာအုပ်/စာပေကောင်းတွေကို ဖတ်ရှုလေ့လာကြရန် လိုအပ် ကြောင်း၊ စာအုပ်/စာပေ ဆိုသည်မှာ မည်မျှနှစ်ကာလကြာမြင့်သည်ဖြစ်စေ မဖတ်ရှုသေးပါက အသစ် ပင်ဖြစ်၍ မိမိအတွက် အသိ ပညာ ဗဟုသုတများ ပေးစွမ်းနိုင်ကြောင်း၊ မိမိတို့ဖတ်ရှုမှတ်သားခဲ့သည့် အသိဉာဏ်ပညာဗဟုသုတများ ကိုအချင်းချင်း လက်ဆင့်ကမ်းမျှဝေကြမည် ဆိုပါက ကောင်းမွန်သည့် လူ့ဘောင်အသိုက်အဝန်းကို ထူထောင်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

          ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က မကွေးမြို့ အမှတ်(၃)အခြေခံပညာအထက်တန်း ကျောင်းတွင် ကျင်းပသည့် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်အတွက်  ငွေကျပ်(၅၅)သိန်းကို ပေးအပ်ရာ တိုင်းဒေသကြီးပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးက လက်ခံရယူပြီး ကျောင်းစာကြည့်တိုက်အတွက် သုတ၊ ရသ စာအုပ် စာစောင်များကို ကျောင်းအုပ်ဆရာမကြီးထံ ပေးအပ်လှူဒါန်းခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကို ကိုနှင့် တာဝန်ရှိသူများက ဉာဏစွမ်းရည်ပြိုင်ပွဲများတွင် ဆုရရှိသူများနှင့် အမြဲမပြတ်လေ့ လာသင်ယူ ရေး စကားဝိုင်း(Never Stop Learning Talk Show)တွင် ပါဝင်ဆွေးနွေး ကြသူများကို ဆုများ အသီသီး ပေးအပ်ချီးမြှင့်ခဲ့သည်။

          ထို့နောက် မကွေးမြို့အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်း သူလေးများက “ပညာဘဏ် တိုက်စာကြည့်တိုက်ဆီသို့”၊ “ဇာတိမာန်” တေးသီးချင်းများဖြင့် လည်းကောင်း၊ မကွေးမြို့ Star Light ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူ များက “မင်္ဂလာပါ”သီချင်းဖြင့်လည်းကောင်း၊ LEO ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသူ လေးများက ပြည်ထောင်စု ရဲ့ ထာဝရအလှ သီချင်းဖြင့်လည်းကောင်း သီဆိုဖျော်ဖြေတင်ဆက်ကာ၊ အခမ်း အနားကို ရုပ်သိမ်းခဲ့သည်။

          ယနေ့ကျင်းပသည့် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်တွင် ကာယစွမ်းရည်ပြိုင်ပွဲများ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများအပြင် စာအုပ်၊ စာပေဖတ်ရှုခြင်းမှရရှိ သည်အကျိုးကျေးဇူးများအကြောင်းကို ဖော်ကျူးသည့် စာရေးဆရာဖေမြင့် ရေးသားခဲ့သော “ဘဝတိုး တက်မှုအတွက် စာဖတ်ခြင်း” စာအုပ်အပေါ် ကျောင်းသား/ကျောင်းသူများက အမြဲမပြတ် လေ့လာ သင်ယူရေး Talk Show အစီအစဉ်ဆောင်ရွက်ခြင်း၊ ဌာနဆိုင်ရာပြခန်းများနှင့် စာအုပ်အရောင်း ဆိုင်များ ပါဝင်ပြသခဲ့ကြပြီး၊ ကျောင်းသား၊ ကျောင်းသူ အင်းအား ၂၀၀၀ ကျော် တက်ရောက် ခဲ့ကြောင်းသိရသည်။

နောက်ဆုံးရ သတင်း