မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်ကိုကို မကွေးမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား ကျန်းမာရေး စောင့်ရှောက်မှုအဖြစ် အခမဲ့ ဆေးကုသပေးခြင်းနှင့် အခြေခံစားသောက်ကုန်များအား သက်သာ‌သော ဈေးနှုန်းနှင့် ရောင်းချပေးနေမှုအား ကြည့်ရှုအားပေး

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်ကိုကို မကွေးမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား ကျန်းမာရေး စောင့်ရှောက်မှုအဖြစ် အခမဲ့ ဆေးကုသပေးခြင်းနှင့် အခြေခံစားသောက်ကုန်များအား သက်သာ‌သော ဈေးနှုန်းနှင့် ရောင်းချပေးနေမှုအား ကြည့်ရှုအားပေး

မကွေး    ဇူလိုင်   ၂၁

            မကွေးမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား ကျန်းမာရေးစောင့် ရှောက်မှုများကို လက်လှမ်းမီရရှိစေရေးနှင့် စိုက်ထုတ်ကုန်ကျရသော ဆေးကုသမှုစရိတ် လျော့နည်း ကျဆင်းစေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ဆောင်ရွက်မှုဖြင့် ကျန်းမာရေး စောင့်ရှောက်မှုအဖြစ် အခမဲ့ဆေးကုသပေးခြင်းကို ဖွင့်လှစ်ဆောင်ရွက်ထားရှိရာ ဇူလိုင်လ ၂၁ ရက် ယနေ့နံနက် ၈ နာရီက တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါကာ နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား အခမဲ့ဆေးကုသပေးခြင်းနှင့် အခြေခံ စားသောက်ကုန် များအား သက်သာ‌သော ဈေးနှုန်းဖြင့် ရောင်းချပေးနေမှုအား ကြည့်ရှုအားပေးသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့် တာဝန်ရှိသူများသည် မကွေးမြို့ မြန်မာ့စီးပွားရေး ဘဏ်တွင် နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား တိုင်းပြည်သူ့ဆေးရုံကြီး အထူးကုဆရာဝန်ကြီးများမှ အခမဲ့ ဆေးကုသဆောင်ရွက်နေမှုအား လှည်လည်ကြည့်ရှု၍ ဆေးဝါးကုသမှုခံယူနေသူ နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား)များအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် သက်ဆိုင်ရာဌာန အသီးသီးနဲ့ ပေါင်းစပ်ပြီး တိုင်းဒေသကြီးအတွင်း ပြည်သူလူထု တွေ အကျိုးရှိမယ့် လုပ်ငန်းတွေကို စဉ်ဆက်မပြတ် ထောင့်စေ့အောင် ကြိုးစားစီမံပေး လျက်ရှိကြောင်းနှင့် အားပေးစကားများ ပြောကြားကာ၊ မကွေးမြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်း (၄) ထောင်ကျော်ကို အခြေခံစားသောက်ကုန်များအား သက်သာ‌သော ဈေးနှုန်းနှင့် ရောင်းချပေးနေ မှုအား ကြည့်ရှုအားပေး သည်။

          မကွေးတိုင်းဒေသကြီးအတွင်း နိုင်ငံ့တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသည့် (အငြိမ်းစား)များ ဆေးကုသမှုကုန်ကျစရိတ်သက်သာစေရန်နှင့် စနစ်တကျ ဆေးကုသမှုခံယူနိုင်ရန် အတွက် အခမဲ့ ဆေးကုသခြင်း အစီစဉ်ကို လစဉ်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး၊ အခမဲ့ဆေးကုသမှုကို အထူးကုဆရာဝန်ကြီးများပါဝင်သည့် မျက်စိအထူးကုဆရာဝန်ကြီး၊ အထွေထွေရောဂါကု ဆရာဝန် ကြီးများမှ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု ပေးခြင်းများအပြင် ဆက်လက်ကုသရန် လိုအပ်သော လူနာများကိုလည်း တိုင်းပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းကာ ဆေးကုသမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး၊ နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား အခမဲ့ဆေးကုသပေးခြင်းကို မကွေးမြို့နယ်အပြင် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အားလုံးတွင် လစဉ်ပင်စင်ထုတ်ရက်များ အတွင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နောက်ဆုံးရ သတင်း