မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို (၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် မကွေးမြို့ အမှတ်(၃)အခြေခံပညာကျောင်းဝန်းအတွင်း တပ်ဖွဲ့ဝင်များ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်နေမှုနှင့် ဖန်ခါးမြေ ဘိုးဘွားရိပ်သာတွင် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုတို့အား ကြည့်ရှုအားပေး

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို (၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် မကွေးမြို့ အမှတ်(၃)အခြေခံပညာကျောင်းဝန်းအတွင်း တပ်ဖွဲ့ဝင်များ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်နေမှုနှင့် ဖန်ခါးမြေ ဘိုးဘွားရိပ်သာတွင် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုတို့အား ကြည့်ရှုအားပေး

မကွေး     စက်တင်ဘာ    

          မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုသည် အဖွဲ့ဝင်ဝန်ကြီးများနှင့် အတူ တိုင်းဒေသ ကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါကာ ယနေ့နံနက်ပိုင်းက အောက်တိုဘာလ (၁) ရက် နေ့တွင် ကျရောက်မည့်(၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုသောအားဖြင့် မကွေးမြို့ အမှတ်(၃)အခြေခံပညာကျောင်းဝန်းအတွင်း စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုနှင့် ဖန်ခါးမြေ ဘိုးဘွား ရိပ်သာတွင် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုတို့အား သွားရောက် ကြည့်ရှု အားပေးသည်။

          ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့် အဖွဲ့သည် မကွေးမြို့ အမှတ်(၃)အခြေခံ ပညာအထက်တန်းကျောင်းသို့ ရောက်ရှိပြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုသောအားဖြင့် မကွေး တိုင်းရဲတပ်ဖွဲ့မှူးရုံး၊ ခရိုင်ရဲတပ်ဖွဲမှူးရုံးနှင့် မြိုနယ်ရဲတပ်ဖွဲမှူးရုံးတိုမှ တပ်ဖွဲ့ဝင်အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သား(၁၇၀)ဦးတိုက ကျောင်းဝန်းအတွင်းရှိ တစ်သျူးငှက်ပျောစိုက်ခင်းအား ပေါင်းမြက်များ ရှင်းလင်းခြင်း၊ ကျောင်းသန့်ရှင်းသာယာလှပစေရေး ခြုံနွယ်ပိတ်ပေါင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ပေါင်းမြက်များရှင်းလင်းခြင်း၊ ရေမြောင်းများအတွင်းရှိ အမှိုက်သရိုက်များအား အမှိုက်ကားများဖြင့် စနစ်တကျ သိမ်းဆည်းစွန့်ပစ်ခြင်း စသည့် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်နေမှုကို လှည့်လည် ကြည့်ရှုအားပေးကာ၊ လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးသည်။

          ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မကွေးမြို့ ဖန်ခါးမြေ ဘိုးဘွားရိပ်သာသို့ သွားရောက်၍ ရိပ်သာဝင်းအတွင်း၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ဌာန ဆိုင်ရာဝန်ထမ်းများ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပရဟိတလူမှု့အဖွဲ့အစည်းများ စုပေါင်း၍ အဘိုးအဘွားများ စိတ်အေး ချမ်းသာစွာ နေထိုင်နိုင်ရေးအတွက် အမှိုက်သရိုက်များ ကောက်ယူခြင်း၊ ပေါင်းမြက်များ ရှင်းလင်းခြင်း၊ ခြုံနွယ်ပိတ်ပေါင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေမြောင်းများအတွင်းရှိ အမှိုက်သရိုက်များအား အမှိုက် ကားများဖြင့် စနစ်တကျ သိမ်းဆည်းစွန့်ပစ်ခြင်း စသည့် သန့်ရှင်ရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက် နေမှုများကို ကြည့်ရှုအားပေးကာ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်သည့် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့ အစည်းများအား အချိုရည်၊ မုန့်နှင့် သောက်ရေသန့်များ ဝေငှပေးခဲ့သည်။

 

          ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဖန်ခါးမြေဘိုးဘွားရိပ်သာရှိ အဘိုး(၈)ဦး၊ အဘွား(၁၆)ဦးတို့အား ရိပ်သာဓမ္မာရုံတွင် တွေ့ဆုံ၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က အားပေး စကားများ ပြောကြားကာ၊ အဘိုး၊ အဘွားများအား အဟာရစားသောက်ဖွယ်ရာမုန့်များနှင့် အဘိုး၊ အဘွား တစ်ဦးလျှင် ပံ့ပိုးအလှူငွေ(၃၀၀၀၀/-)ကျပ်စီတို့အား ပေးအပ်ခဲ့ပြီး၊ ဖန်ခါးမြေဘိုးဘွားရိပ်သာအတွက် အလှူငွေကျပ် သိန်း(၂၀)အား ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း