မကွေး စက်တင်ဘာ ၆
ပြည်သူ့စစ်မှုထမ်း အပတ်စဉ် (၁/၂၀၂၄) နှင့် (၂/၂၀၂၄)တို့မှ ထပ်မံရောက်ရှိလာသူများနှင့် အပတ်စဉ်(၃/၂၀၂၄)နှင့် (၄/၂၀၂၄)တို့တွင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ကျေပွန် စွာထမ်းဆောင်ပြီး နေရပ်သို ပြန်လည်ရောက်ရှိလာသော ပြည်သူ့စစ်မှုထမ်းများအား ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်ခြင်းနှင့် ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခြင်း အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက မကွေးမြို၊ မြိုတော်ခန်းမ၌ ကျင်းပပြုလုပ်ရာ၊ အခမ်းအနားသို မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို၊ နယ်မြေခံတပ်နယ်မှ အရာရှိကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဖိတ်ကြား ထားသည့် ဧည့်သည်တော်များနှင့် နေရပ်ပြန်ပြည်သူ့စစ်မှုထမ်းများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်ကိုကိုက ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် မိမိတိုအသက်အရွယ်၊ အတွေ့အကြုံနှင့် စွမ်းဆောင်ရည်များဖြင့် နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေး အတွက် ပေးအပ်လာသည့် စစ်မှုထမ်းတာဝန်များကို ကျေပွန်အောင်ထမ်း ဆောင်ခဲ့ကြသည့် နိုင်ငံ့သား ကောင်းပြည်သူ့စစ်မှုထမ်းများ၏ ကြိုးပမ်းဆောင်ရွက်မှုများကို လှိက်လှိက်လှဲလှဲ အသိအမှတ်ပြု ဂုဏ်ယူ ပါကြောင်း၊ မကွေးတိုင်းဒေသကြီးကိုယ်စားပြု ပြည်သူ့စစ်မှုထမ်းဆောင်ခဲ့ကြပြီး စစ်မှုထမ်း ကာလ(၂) နှစ်ကို ပြီးမြောက်အောင် နိုင်ငံချစ်စိတ်၊ မလျှော့သော ဇွဲ၊ လုံ့လ၊ ဝီရိယတို့နဲ့ ပြီးမြောက်အောင် တာဝန် ထမ်းဆောင်နိုင်ခဲ့တဲ့အတွက် မကွေးတိုင်းဒေသကြီးအတွင်း မှီတင်းနေထိုင်တဲ့ ပြည်သူများက လေးစား အတုယူစရာ ဂုဏ်ပြုထိုက်တဲ့ ဂုဏ်ယူရတဲ့ စစ်မှုထမ်း လူငယ်တွေဖြစ်တဲ့အတွက် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှလည်း ဝမ်းမြောက်စွာ ဂုဏ်ပြုဧည့်ခံပွဲ အခမ်းအနား ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်း ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁/၂၀၂၄)နှင့် အမှတ်စဉ် (၂/၂၀၂၄) တို့မှ (၃၀-၅-၂၀၂၆)ရက်နေ့အထိ ပြည်သူ့စစ်မှုထမ်း တာဝန်(၂)နှစ် ကျေပွန်စွာ ထမ်းဆောင်ပြီးမြောက် ၍ မိမိနေရပ်သို့ ပြန်လည်ရောက်ရှိလာသည့် မကွေးခရိုင်မှ (၄၁)ဦး၊ ချောက်ခရိုင်မှ (၄၁)ဦး၊ မင်းဘူးခရိုင် (၇၉)ဦး၊ သရက်ခရိုင်မှ (၈၉)ဦး၊ အောင်လံ ခရိုင်မှ (၄၉)ဦး၊ ပခုက္ကူခရိုင်မှ (၁၇)ဦး၊ စုစုပေါင်း (၃၁၆)ဦး အနက်မှ နိုင်ငံ့ဝန်ထမ်းများအဖြစ် မင်းတုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင်(၁)ဦး၊မင်းတုန်း မြို့နယ်သစ်တောဦးစီးဌာနတွင်(၁)ဦးနှင့် သရက်မြို့နယ်ရှိ အမှတ်(၁၂) ကာကွယ်ရေးပစ္စည်းစက်ရုံတွင် (၁)ဦး အလုပ်ခန့်ထားဆောင် ရွက်ပေးခဲ့ပြီးဖြစ်ကာ၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး အဖွဲ့တွင်(၆)ဦး၊ ပုဂ္ဂလိကလုပ်ငန်း အနေဖြင့် ယာဉ်မောင်း/ ယာဉ်နောက်လိုက်(၃)ဦး၊ CB ဘဏ် ဝန်ထမ်း (၂)ဦး၊ ပန်းရံလုပ်သား(၂)ဦး၊ စုစုပေါင်း(၆)ဦးတို့အား အလုပ်အကိုင်ရရှိနိုင်ရေး ရှာဖွေဆောင်ရွက်ပေးခဲ့ပြီး ဖြစ်သလို ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၂/၂၀၂၄)မှ မောင်ကျော်ထင်ဟန် အောင်လံမြို့နယ် နေသူအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတွင် အလုပ်အကိုင် ရရှိရေးအတွက် ချိတ်ဆက်ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း၊ စလင်းမြို့နယ်မှ ဦးနေလင်းအား စလင်းမြို့နယ်စည်ပင် သာယာရေးရုံးအဖွဲ့တွင် လုပ်သား(၃)ရာထူးနေရာတွင် ခန့်ထားဆောင်ရွက်ပြီး ဖြစ်ပါကြောင်း၊ အရင်း အနှီး ရရှိလိုသူ(၃၀)ဦးနှင့် အသက်မွေးဝမ်းကျောင်းသင်တန်း တက်ရောက်လိုသူ(၇)ဦးတို့အား သမဝါယ မဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် စိုက်ပျိုး ရေးဦးစီးဌာနတို့မှ အရင်းအနှီးနှင့် ချေးငွေများအား သင်တန်းတက်ရောက်နိုင်ရေး ဆောင်ရွက်ပေးခဲ့ ပြီးဖြစ်ပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းကာလ(၂)နှစ်ပြည့်မြောက်အောင် ထမ်းဆောင်ပြီး မြောက်ခဲ့ကြတဲ့ စစ်မှုထမ်းများဟာ နိုင်ငံတော်အတွက် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်တွေမှာလည်း အုတ်တစ်ချပ်၊ သဲတစ်ပွင့်ပမာ မိမိတတ်စွမ်းသည့်ဘက်မှ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြပြီး ပြည်သူအားကိုးရတဲ့ နိုင်ငံ့သားကောင်းတွေဖြစ်သလို တစ်ဖက်မှာလည်း မကွေးတိုင်းဒေသကြီး၏ တည်ငြိမ်အေးချမ်းရေးနှင့် သာယာဝပြောရေးအတွက် မိမိနေထိုင်ရာ ဒေသ၊ မိမိရပ်ရွာများသို့ ပြန်လည် ရောက်ရှိချိန်မှာလည်း မိမိရပ်ရွာနဲ့ မိသားစုများက အားကိုးရတဲ့ သူများဖြစ်အောင် နေထိုင်ကြဖို့၊ ရပ်ရွာ တည်ငြိမ်အေးချမ်းမှု ရရှိအောင် အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ လုပ်ငန်းဆောင်ရွက်မှု တွေမှာလည်း ကူညီဆောင်ရွက်ပေးကြဖို့နဲ့ စစ်မှုထမ်းတာဝန်ထမ်းဆောင်ပြီးမြောက်သူများ အနေနဲ့ တပ်မတော်မှ သင်ယူတတ်မြောက်ခဲ့သည့် စစ်ရေးအသိပညာများ၊ စာတွေ့လက်တွေ့ သင်ကြားခဲ့ရမှုများမှ အတွေ့ အကြုံများကို အသုံးချ၍ မိမိရပ်ရွာအေးချမ်းသာယာမှု ရရှိအောင် ဝိုင်းဝန်းပူးပေါင်း ပါဝင်ကူညီ ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က မကွေးတိုင်းဒေသကြီးမှ တာဝန် ထမ်းဆောင်ခဲ့ကြသူ ပြည်သူ့စစ်မှုထမ်း အပတ်စဉ်(၁)နှင့် (၂)တို့မှ ထပ်မံရောက်ရှိလာသူ(၃၉)ဦးနှင့် အပတ်စဉ်(၃)နှင့် (၄)တို့မှ ပြန်လည်ရောက်ရှိလာသူ(၁၇၉)ဦး စုစုပေါင်း(၂၁၈)ဦးအတွက် တစ်ဦးလျှင် ငွေကျပ် (၁)သိန်းနှုန်းဖြင့် ဂုဏ်ပြုချီးမြှင့်ခဲ့ကာ ဂုဏ်ပြုညစာကို အတူတကွသုံးဆောင်ခဲ့ကြသည်။
ဂုဏ်ပြုညစာ သုံးဆောင်နေစဉ်အတွင်း အနုပညာရှင်များက တေးသီချင်းများဖြင့် သီဆိုဖျော် ဖြေတင်ဆက်ခဲ့ကြပြီး အခမ်းနားအပြီးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက နေရပ်ပြန် နိုင်ငံ့သားကောင်း ပြည်သူ့စစ်မှုထမ်းအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။





