မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို မကွေးမြို့ ကမ်းနားလမ်း မြစ်ဧရာရှုခင်းသာ (Ayeyarwady River View Point Pavilion)ဖွင့်ပွဲနှင့် အခြေခံကျန်းမာရေးတက္ကသိုလ်(မကွေး) ကျောင်းသူ(၁၅၀)ဆံ့(၃)ထပ်ဆောင် အဆောက်အဦ ဆောက်လုပ်ခြင်း ပန္နက်တော်တင်မင်္ဂလာ အခမ်းအနား တက်ရောက်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်  ဦးတင်ကိုကို မကွေးမြို့ ကမ်းနားလမ်း မြစ်ဧရာရှုခင်းသာ (Ayeyarwady River View Point Pavilion)ဖွင့်ပွဲနှင့် အခြေခံကျန်းမာရေးတက္ကသိုလ်(မကွေး) ကျောင်းသူ(၁၅၀)ဆံ့(၃)ထပ်ဆောင် အဆောက်အဦ ဆောက်လုပ်ခြင်း ပန္နက်တော်တင်မင်္ဂလာ အခမ်းအနား တက်ရောက်

မကွေး     စက်တင်ဘာ    

          မကွေးမြို့ ကမ်းနားလမ်း မြစ်ဧရာရှုခင်းသာ(Ayeyarwady River View Point Pavilion)ဖွင့်ပွဲ အခမ်းအနားကို စက်တင်ဘာလ ၉ ရက် ယနေ့နံနက် ၉ နာရီက အဆိုပါ ရှုခင်းသာ‌ရှေ့၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်  ဦးတင်ကိုကို၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဒေါက်တာမောင်မောင်ဌေး၊ တိုင်းဒေသကြီးအစိုးရအဖွဲဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအဖွဲ့အစည်းများ၊ မြို့မိမြို့ဖများ၊ ကျောင်းသား၊ ကျောင်းသူများ တက်‌ရောက်ကြသည်။

          ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ခေတ်မှာဆိုရင် မြိုပြလူနေမှုစနစ် တိုးတက်လာသည်နှင့်အမျှ ပြည်သူလူထုစိတ်လက်ချမ်းမြေ့စွာ အနားယူအပန်းဖြေနိုင်မည့်နေရာများ ကိုယ့်မြေကိုယ့်ရေ ကိုယ့်ဒေသမှာရှိတဲ့ သဘာဝရဲ့ အလှအပ တွေကို ထိတွေ့ခံစားနိုင်မည့်နေရာများ၊ အများပြည်သူအနားယူ အပန်းဖြေနိုင်မည့် Public Area များ ဖော်ဆောင်ဖန်တီးပေးရန် လိုအပ်လျှက်ရှိကြောင်း၊ ဧရာဝတီမြစ်ဟာဆိုရင် မြန်မာနိုင်ငံရဲ့ အဓိက အသက်သွေးကြော မြစ်မကြီးဖြစ်ပြီး သဘာဝအလှတရားများနှင့် ရေသယံဇာတများပေါများ ကြွယ်ဝ လှသည့် မြန်မာနိုင်ငံသူနိုင်ငံသားတို၏ ယဉ်ကျေးမှုအမွေ အနှစ်များစီးဆင်းရာ အဓိက မြစ်ကြီးလည်း ဖြစ်ပါကြောင်း၊ ဒီကနေ့ ဖွင့်လှစ်တဲ့ မြစ်ဧရာရှုခင်းသာ (Ayeyarwady River View Point Pavilion) ဟာဆိုရင် ဧရာဝတီမြစ်ရဲ့ မြစ်ကမ်းအလှကို အကျိုးရှိရှိ အသုံးချပြီး ဒေသခံပြည်သူများနှင့် ခရီးသွားဧည့်သည်များကို ဆွဲဆောင်နိုင်မည့် အထင်ကရ နေရာတစ်ခု ဖြစ်လာမည်လို ယုံကြည်ပါ ကြောင်း၊ ဧရာဝတီမြစ်ကမ်းအလှကို အခြေခံ၍ မြို၏အထင်ကရ နေရာတစ်ခုအဖြစ် ပြည်သူများနှင့် ခရီးသွားလုပ်ငန်းများအား ဆွဲဆောင်နိုင်စေရန် တိုင်းဒေသကြီး မြိုတော် အင်္ဂါရပ်နှင့် အညီ မြစ်ကမ်းနား မြေကွက်လပ်များအား စနစ်ကျ၍ လှပသော သန့်ရှင်းသာယာ သော၊ လုံခြုံ၍ ဘေးကင်းသော အများပြည်သူနှင့် သက်ဆိုင်သည့် နေရာတစ်ခုအဖြစ် မြိုပြအလှ မြှင့်တင်ရန်တို့အတွက် ရည်ရွယ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ပြည်သူများ စိတ်ရောကိုယ်ပါ ကျန်းမာကြံ့ခိုင်ပြီး ပျော်ရွှင်ချမ်းမြေ့ စေနိုင်မည့် နေရာတစ်ခုအဖြစ် တည်ဆောက်ပေးခဲ့သည့် မြစ်ဧရာရှုခင်းသာ(Ayeyarwady River View Point Pavilion) အား အစဉ်အမြဲ သန့်ရှင်းသာယာ လှပစေရေး ဒေသခံပြည်သူများနှင့် တာဝန်ရှိ သူများအားလုံးက ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် Ayeyarwady River View Point Pavilion အခမ်းအနား မုခ်ဦးအား တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ လျှပ်စစ်စွမ်းအင်စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် စည်ပင်သာယာရေးဝန်ကြီးတို့က ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုက မြစ်ဧရာရှုခင်းသာ မော်ကွန်းကျောက် စာအား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကာ၊ မြစ်ဧရာရှုခင်းသာ မော်ကွန်းကျောက်စာအား အမွှေးနံ့သာရည် များ ပက်ဖျန်းပေးကြသည်။

          ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖွင့်ပွဲအခမ်းအနားတွင့် ကူညီပါဝင်ခဲ့သည့် ဘင်ခရာ၊ ပန်းဖွားအဖွဲ့များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ပြီး၊ တက်ရောက်လာကြသည့် တာဝန်ရှိသူ များနှင့် အတူ မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးကာ၊  မြစ်ဧရာရှုခင်းသာအတွင်း လှည့်လည် ကြည့်ရှုခဲ့ကြ သည်။
            အဆိုပါ River View Point Pavilion ကို မကွေးမြိုပြ အင်္ဂါရပ်နှင့်အညီ မြစ်ကမ်းနား မြေကွက်လပ်များအား စနစ်ကျ၍ လှပ၊ သန့်ရှင်း၊ သာယာပြီး လုံခြုံဘေးကင်းသည့် နေရာတစ်ခု ဖြစ်လာစေရန်၊ ဒေသခံပြည်သူများ၊ မိသားစုများနှင့် လူငယ်လူရွယ်များ နံနက်ခင်းနှင့် ညနေခင်း အချိန်များတွင် သဘာဝတရားနှင့် ထိတွေ့ကာ အနားယူအပန်းဖြေခြင်း၊ ကိုယ်လက်လှုပ်ရှား ဆောင်ရွက် ခြင်းများ ပြုလုပ်နိုင်ရန်နှင့် ဧရာဝတီမြစ်ကမ်းအလှကို အခြေခံ၍ ခရီးသွားများကို ဆွဲဆောင်နိုင်မည့် မြိုပြ၏ အထင်ကရ နေရာတစ်ခုအဖြစ် ဖန်တီးနိုင်ရန် ရည်ရွယ်ဆောင်ရွက် ခဲ့ခြင်းဖြစ်ပြီး၊ လူမှုအသိုင်း အဝိုင်း ဖွံဖြိုးတိုးတက်မှုများ ရရှိကာ၊ တိုင်းဒေသကြီး၏ ပုံရိပ်ကို ပိုမိုလူသိများ ထင်ရှားလာစေ မှာဖြစ်ကြောင်း သိရသည်။

          ထို့အတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက အခြေခံ ကျန်းမာရေးတက္ကသိုလ်(မကွေး) ကျောင်းသူ(၁၅၀)ဆံ့ (၃)ထပ်ဆောင(၂၁၆’×၃၆’×၃၂’) အဆောက် အဦ ဆောက်လုပ်ခြင်း ပန္နက်တော်တင် မင်္ဂလာအခမ်းအနားသို့ တက်ရောက်သည်။

          ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့် တာဝန်ရှိသူများသည် ဆောက်လုပ်ရေး ဝန်ကြီးဌာန အဆောက်အဦဦးစီးဌာန အဆောက်အဦအထူးအဖွဲ့(၉)က ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် တာဝန်ယူ တည်ဆောက်မည့်  အခြေခံကျန်းမာရေး တက္ကသိုလ်(မကွေး) ကျောင်းသူ(၁၅၀)ဆံ့ (၃) ထပ်ဆောင် (၂၁၆’×၃၆’×၃၂’)အဆောက်အဦ ဆောက်လုပ်ခြင်း ပန္နက်တင်မင်္ဂလာ အခမ်းအနားသို့ တက်ရောက်၍ မင်္ဂလာအချိန်တွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သတ်မှတ်နေရာ အသီးသီး၌ မင်္ဂလာပန္နက်တိုင်များကို ပန္နက်ရိုက် စိုက်ထူပေးကာ၊  အမွှေးနံ့သာရည်များ ပက်ဖြန်း ပေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း