မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ သရက်ခရိုင်အတွင်းရှိ မြို့နယ်များသို့ သွားရောက်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ သရက်ခရိုင်အတွင်းရှိ မြို့နယ်များသို့ သွားရောက်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

မကွေး     ဧပြီ    ၂၇
မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးတင့်လွင်သည် အဖွဲ့ဝင် တိုင်းဒေသ ကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးလှိုင်တင့်နှင့်အတူ တိုင်း၊ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါကာ ဧပြီလ ၂၇ ရက် နံနက် ၈ နာရီက သရက်ခရိုင် မင်းလှမြို့နယ်သို့ သွားရောက်ခဲ့ပြီး ဒမ္မိကာကျောင်းထိုင် ဆရာတော်ကြီးအား ဖူးမျှော်ကန်တော့ကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး


ဆက်လက်၍ မင်းလှမြို့နယ် ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်ချက်များအား ချပြရှင်းလင်းပြီး၊ လျှပ်စစ်မီးရရှိရေး၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ရေး၊ ဆက်သွယ်ရေးစနစ်ကောင်းမွန်ရေးနှင့် သယ်ယူပို့ဆောင်ရေးစနစ် ကောင်းမွန်ရေးတို့ကို အထူးအလေးထားဆောင်ရွက်ပေးကြရန် နှင့် စိုက်ပျိုးရေး၊ကျန်းမာရေးကိစ္စ အားလုံးလည်း ပူးပေါင်းဆောင်ရွက်ပးကြရန် ဆွေးနွေးမှာကြားသည်။

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး


ယင်းနောက် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးလှိုင်တင့်က နယ်မြေလုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့် လူမှုစီပွားဘဝဖွံ့ဖြိုးရေးဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေး ပြောကြားပြီး၊ မင်းလှမြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးဦးက မင်းလှမြို့နယ်၏ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဒေသဆိုင်ရာအချက်အလက်များအား Power Point ဖြင့် ရှင်းလင်းတင်ပြရာ မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ရှင်လင်းတင်ပြမှုများ အပေါ် လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်ပြီး မင်းလှမြို့နယ် ထန်းကိုင်းတံတား တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိပြီး တံတားတည်ဆောက် ဆောင်ရွက်နေမှု အခြေအနေအား ကြည်ရှုစစ်ဆေးကာ သတ်မှတ်ချိန်အမီ ပြီးစီးရေး၊အရည်အသွေးကောင်းမွန်ရေးတို့အတွက် အထူးအလေးထား ဆောင်ရွက်ကြရန် မှာကြား ဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌနှင့်အဖွဲ့သည် သရက်ခရိုင် မင်းတုန်းမြို့နယ်သို့ ထွက်ခွာခဲ့ပြီး မင်းတုန်းမြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် အမေ့သမီး ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်လျက်ရှိသည့် ကျောင်းဆောင်သစ် ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူတို့အား လိုအပ်သည်များ မှာကြားဆောင်ရွက်ခဲ့သည်။
 ဆက်လက်ပြီး မင်းတုန်းမြို့နယ် ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မင်းတုန်းမြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးတင့်လွင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် မူဝါဒများချမှတ်၍ ဆောင်ရွက် နေမှုများကို အသေးစိတ်ရှင်းလင်းပြောကြားပြီး၊ ဌာနဆိုင်ရာတာဝန်ရှိသူများအနေဖြင့် မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက် ရေးအတွက် တာဝန်ကျရာ အခန်းကဏ္ဍများအလိုက် နိုင်ငံဝန်ထမ်းကောင်းပီသစွာဖြင့် လုပ်ငန်း တာဝန်များကို ကျေပွန်စွာထမ်းဆောင်သွားကြရန်နှင့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့် အညီ နေထိုင်သွားကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်းနှင့် မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့သည် ညနေပိုင်းတွင် သရက်မြို့သို့ ဆက်လက်ထွက် ခွာခဲ့ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း