မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်ပြား တစ်မျိုးမျိုး ထုတ်ပေးရေး ပန်းခင်း စီမံချက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်ပြား တစ်မျိုးမျိုး ထုတ်ပေးရေး ပန်းခင်း စီမံချက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မကွေး  ဧပြီ  ၂၉
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးက တိုင်းဒေသကြီးအတွင်း မြန်မာနိုင်ငံသား များဖြစ်ကြသော တိုင်းရင်းသားများနှင့်ဥပဒေအရနိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်ပြားတစ်မျိုးမျိုးထုတ်ပေးရေး ပန်းခင်း စီမံချက်နှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီလ ၂၉ ရက် နံနက် ၉ နာရီ ချိန်က လူဝင်မှူကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာမကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး  အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ပန်းခင်း စီမံချက်  လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ


အစည်းအဝေးသို့  မကွေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်ဦးစီးမှူးများ တက်ရောက် ခဲ့ကြပြီး အစည်းအဝေးအစီအစဉ်အရ မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးပိုင်မြင့်က ပန်းခင်း စီမံချက်နှင့် ပတ်သက်၍ အသေးစိတ်ရှင်းလင်းပြောကြားကာ အစည်းအဝေးသို့ တက်ရောက်လာကြသူ ခရိုင်/မြို့နယ် ဦးစီးမှူးများမှ မိမိတို့ ခရိုင်/မြို့နယ်အတွင်း လုပ်ဆောင်မည့် ပန်းခင်း စီမံချက်နှင့် ပတ်သက်သည့် အစီအမံများအား ရှင်းလင်းတင်ပြခဲ့ကြောင်းနှင့် အဆိုပါ စီမံချက်အား (၃.၅.၂၀၂၁)မှ (၃.၁၁.၂၀၂၂)ထိ စုစုပေါင်း စီမံချက် ကာလ (၁၈) လကြာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း