မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ သရက်၊ကံမ၊အောင်လံမြို့နယ်များအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ သရက်၊ကံမ၊အောင်လံမြို့နယ်များအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

မကွေး     ဧပြီ     ၂၈
မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးတင့်လွင်သည် အဖွဲ့ဝင် တိုင်းဒေသ ကြီးရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီးလှိုင်တင့်နှင့်အတူ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါ ကာ ဧပြီလ ၂၈ ရက်နေ့တွင် သရက်ခရိုင်၊ သရက်မြို့သို့ရောက်ရှိပြီး မြို့နယ်သံဃနာယက ဥက္ကဋ္ဌ၊ မြတောင်တိုက်ဆရာတော်အား သွားရောက်ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့သည်။

သရက်၊ကံမ၊အောင်လံမြို့နယ်များအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး


 ဆက်လက်၍ သရက်မြို့၊ အမှတ်(၁)အခြေခံပညာအထက်းတန်းကျောင်းသို့ ရောက်ရှိပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ရွှေမန်း(မကွေး)ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်လျက် ရှိသည့်(၁၄၀×၃၀)ပေ(၂)ထပ် Steel Structure အဆောက်အဦတည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေး ပြီး လိုအပ်သည်များ မှာကြားဆောင်ရွက်ခဲ့သည်။
 ဆက်လက်ပြီး ဥက္ကဋ္ဌနှင့်အဖွဲ့သည် စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးထားသည့် နွေစပါး(SRI) (၂)ဧကစံပြကွက်အား ကြည့်ရှုခဲ့ပြီး အထွက်တိုးရေးအတွက် မျိုးကောင်းမျိုးသန့်များအား ရွေးချယ် သုံးစွဲရေး၊ ကောက်စိုက်စနစ် မှန်ကန်ရေး အထူးအလေးထားဆောင်ရွက်ကြရန် မှာကြားခဲ့သည်။ ထို့နောက် သရက်-နတ်မီးတောက် - ကံမလမ်းပေါ်ရှိ မင်းတုန်းတံတား(ရေနံ့သာ)တည်ဆောက်ရေး လုပ်ငန်းခွင့်သို့ ရောက်ရှိပြီး တံတားတည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များအား မှာကြား ဆောင်ရွက်ခဲ့သည်။
မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဆက်လက်ထွက် ခွာလာရာ ကံမမြို့သို့ရောက်ရှိပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ နှင့်တွေ့ဆုံ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်၏ လမ်းညွှန်ချက်များအား ရှင်းလင်းပြောကြားကာ ဒေသတည်ငြိမ်အေးချမ်းရေး အတွက် ဧည့်စာရင်းဥပဒေကို အသက်သွင်းရန်လိုကြောင်း၊ ရပ်ကွက်/ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး များ၊ စာရေးဝန်ထမ်းများအနေဖြင့် ဧည့်စာရင်းစစ်ဆေးခြင်းကို ဥပဒေနှင့်အညီဆောင်ရွက်ပြီး ထူးခြားမှု များကို အချိန်နှင့်တစ်ပြေးညီ အထက်ဌာန အဆင့်ဆင့်သို့ တင်ပြပေးရန်လိုကြောင်း၊ ဒေသတည်ငြိမ် အေးချမ်းမှသာ ဒေသ၏ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆောင်ရွက်နိုင်မှာဖြစ်တဲ့အတွက် အားလုံးက ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ပေးစေလိုပါကြောင်း၊ တရားဥပဒေစိုးမိုးရေးနှင့်ပတ်သက်၍ ဥပဒေများအား ပြည်သူ များသိရှိအောင် အုပ်ချုပ်ရေးအဖွဲ့များ၊ သက်ဆိုင်ရာဌာနများမှ ရှင်းလင်းပြောကြောင်းပေးစေလို ကြောင်း၊ မကြာမီအချိန်အတွင်းမှာ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းများ ဥပဓိရုပ်ကောင်းမွန်ရေးကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရန်နှင့် စီမံချက်များစနစ် တကျ ရေးဆွဲပြီး Covid-19 ရောဂါကာကွယ်ရေးဆိုင်ရာ  ညွှန်ကြားချက်များနှင့်အညီ လိုက်နာဖို့ လိုကြောင်း ဆွေးနွေးမှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီးလှိုင်တင့်က ဒေသတည်ငြိမ်အေးချမ်း ရေးအတွက် မိမိတို့ဆောင်ရွက်နေရမှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး တရားဥပဒေ စိုးမိုးရေးအတွက် အားလုံးမှ ဝိုင်းဝန်းပူးပေါင်း၍ ကူညီဆောင်ရွက် ပေးစေလိုကြောင်း ဆွေးနွေးမှာကြားခဲ့သည်။
ဆက်လက်၍ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ကံမမြို့၊ ယွန်းကျောင်းတိုက်တွင် သီးတင်းသုံးတော် မူသော မြို့နယ်သံဃ ဥက္ကဋ္ဌ ဆရာတော်အား သွားရောက်ဖူးမြော်ကြည်ညိုခဲ့ပြီး လှူဖွယ်ပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့သည်။

သရက်၊ကံမ၊အောင်လံမြို့နယ်များအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး


၎င်းနောက် #ကံမမြို့နယ်အတွင်းရှိ နွေးစပါးစိုက်ပျိုးမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လျာထားချက်ထက် ကျော်လွန်အောင် စိုက်ပျိုးနိုင်ရေးနှင့် အထွက်တိုးစေရေးအတွက် မျိးကောင်း မျိုးသန့်များသုံးစွဲရေး၊ စိုက်စနစ်မှန်ကန်စေရေးအတွက် ပညာပေးဆောင်ရွက်ရန် တာဝန်ရှိသူများအား မှားကြားခဲ့ပြီး၊ ဆက်လက်ထွက်ခွာခဲ့ရာ ကံမမြို့နယ်ရှိ မဒေးရေလှောင်တမံသို့ ရောက်ရှိပြီး၊ ဆည်အတွင်း ရေကျန်ရှိမှုအခြေအနေ၊ ဆည်ရေပေးဝေနိုင်မှုအခြေအနေ၊ နွေစပါးစိုက်ပျိုးပြီးစီးမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး မြောင်၏ အထက်ပိုင်းကျ၍ စိုက်ပျိုးနိုင်ခြင်းမရှိသော လယ် များအတွက် ရေတင်စိုက်ပျိုးနိုင်မည့် နည်းလမ်းများ ရှာဖွေ၍ လျာထားချက်ပြည့်မီအောင် ဆောင်ရွက် ကြရန် မှားကြားခဲ့ပြီး၊အောင်လံမြို့နယ်သို့ ဆက်လက်ထွက်ခွာသွားကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် အောင်လံမြို့နယ်၊ ဒုရင်္ဂဗိုရ် မြစ်ရေတင်စီမံကိန်းသို့ရောက်ရှိပြီး ရေတင်စက်များအခြေအနေ၊ စက်များမောင်းနှင်မှု အခြေအနေ၊ ရေပေးဝေမှု၊ စိုက်ပျိုးပြီးစီးမှု၊ ရေခွန်ကောက်ခံရရှိမှု အခြေအနေနှင့် ကြွေးကျန်များရရှိရန် ကျန်ရှိမှုအခြေအနေများအား စစ်ဆေးခဲ့ပြီး နှစ်စဉ်ရရှိသည့် ရန်ပုံများဖြင့် ရေမြောင်းများ ကောင်းမွန်ရေး ကို အထူးအလေးထားဆောင်ရွက်ရန်နှင့် လျာထားချက်ထက်ကျော်လွန် စိုက်ပျိုးနိုင်ရေး ကြိုးစား ဆောင်ရွက်ကြရန် မှာကြား ဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ မြို့နယ်စက်မှုလယ်ယာဉီးစီးဌာနရှိ ငှားရမ်းထားသည့် New Holland ထွန်စက် (၅)စီး၏ လက်ရှိအခြေအနေ၊ အသုံးပြုမှုအခြေအနေများ ကြည့်ရှုစစ်ဆေးခဲ့ပြီး လယ်ယာကုန်ထုတ်သမ ဝါယမအသင်းများဖွဲ့စည်းရန်နှင့် အတက်ကြွဆုံးဆောင်ရွက်နိုင်သည့်အသင်းအား ထွန်စက်များအား အခမဲ့ငှားရမ်းပြီး စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန် မှာကြားခဲ့သည်။
ဆက်လက်၍ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် အောင်လံမြို့၊ ဧရာဝတီတံတား(သရက်-အောင်လံ) စီမံကိန်းလုပ်ငန်းခွင့်သို့ ရောက်ရှိပြီး တံတားချဉ်းကပ်လမ်း တည်ဆောက်ပြီးစီးမှုအခြေအနေ၊ ရေလယ် တိုင်များစိုက်ထူဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းခွင်တွင် အလုပ်သမားများ မတော်တဆ ထိခိုက်မှုများမရှိစေရေးအတွက် အထူးဂရုပြုဆောင်ရွက်ကြရန်နှင့် မိုးမကျမီ ရေလယ်တိုင် စိုက်ထူခြင်းလုပ်ငန်းများ ပြီးစီးအောင်ဆောင်ရွက် ကြရန်မှာကြား ဆောင်ရွက်ခဲ့သည်။

သရက်၊ကံမ၊အောင်လံမြို့နယ်များအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး


ဆက်လက်ပြီး အောင်လံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၊ အစည်းအဝေးခန်းမတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ နှင့်တွေ့ဆုံ၍ ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် ပြောကြားခဲ့ပြီး တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးမှလည်း မိမိတိုင်းဒေသကြီးဖြစ်ပေါ်လျက်ရှိသည့် မတည်ငြိမ်မှုများနှင့် ပတ်သက်၍ ဆွေးနွေးမှာကြားခဲ့ကြောင်းနှင့် ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် အောင်လံမြို့နယ် သံဃ နာယက ဥက္ကဋ္ဌ သီတင်းသုံးတော်မူသော တာဝတိံသာ ကျောင်းတိုက်သို့ သွားရောက်၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ မကွေးမြို့သို့ ပြန်လည်ထွက်ခွာသွားကြောင်း သိရှိရသည်။

နောက်ဆုံးရ သတင်း