မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

ဂန့်ဂေါတွင် COVID-19 ကာကွယ်ဆေး ထိုးနှံပေး

ဂန့်ဂေါတွင် COVID-19 ကာကွယ်ဆေး ထိုးနှံပေး

ဂန့်ဂေါ  ဧပြီ ၂၇
 ဂန့်ဂေါမြို့နယ်၊ ဟံသာဝတီကျေးရွာနှင့် မြောက်ခင်ရန်းကျေးရွာများတွင် ဧပြီ ၂၇ ရက် နံနက်က COVID-19 ကာကွယ်ဆေးများ ပထမအကြိမ်အဖြစ်ထိုးနှံပေးကြောင်း သိရသည်။
 ထိုသို့ကာကွယ်ဆေးထိုးနှံပေးရာတွင် ဟံသာဝတီကျေးရွာ၊တိုက်နယ်ဆေးရုံ၌(၅၆၆)ဦးကိုလည်းကောင်း၊ မြောက်ခင်ရန်းကျေးရွာ ၊ ကျေးလက်ကျန်းမာရေးဌာန၌(၄၉၄)ဦးကိုလည်းကောင်း စတင်ထိုးနှံပေးခြင်း ဖြစ်သည်။

ဂန့်ဂေါတွင် COVID-19 ကာကွယ်ဆေး ထိုးနှံပေး


 ကာကွယ်ဆေးထိုးရာသို့ ကလေးမြို့ဒေသကွပ်ကဲရေးစစ်ဌာနချုပ်မှ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး သန့်ဇင်ဦး၊ ဂန့်ဂေါခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းညို၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်အေးတို့နှင့် တာဝန်ရှိသူများတက်ရောက် အားပေးကြ၍ ကာကွယ်ဆေးထိုးရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှအဖွဲ့များအပါအဝင် ကလေးမြို့ အမှတ်(၁၀)တပ်မတော်ကုတင်(၁၀၀)စစ်ဆေးရုံမှဆေးတပ်မှူး ဗိုလ်မှူး သန်းထွဋ်ဦးနှင့်အဖွဲ့က ပူးပေါင်းပါဝင် ဆောင်ရွက်ထိုးနှံပေးခြင်း ဖြစ်ကြောင်းသိရသည်။

ဂန့်ဂေါတွင် COVID-19 ကာကွယ်ဆေး ထိုးနှံပေး


 ထို့အပြင် ဂန့်ဂေါမြို့နယ်တွင် မတ်လအတွင်းက COVID-19 ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူများကို ဧပြီလ ၂၄ ရက်မှ ၃၀ရက် အထိ ဒုတိယအကြိမ်အဖြစ် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

နောက်ဆုံးရ သတင်း