မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ အောင်လံမြို့၌ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ အောင်လံမြို့၌ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေး

သရက် ဧပြီ ၂၇
မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင့်လွင်နှင့်အဖွဲ့သည် အောင်လံမြို့နယ်၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးပြီး ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေး မှူးများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့ ညနေ(၆)နာရီခွဲက အောင်လံမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင်ကျင်းပခဲ့ရာ မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးတင့်လွင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် မူဝါဒများ ချမှတ်၍ ဆောင်ရွက်နေမှုများကို အသေးစိတ်ရှင်းလင်းပြောကြားပြီး ဌာနဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ကျရာအခန်းကဏ္ဍများအလိုက် နိုင်ငံ့ဝန်ထမ်းကောင်းများ ပီသစွာဖြင့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်သွားကြရန် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့် နေထိုင်သွားကြရန် လမ်းညွှန်မှာကြားခဲ့သည်။

အောင်လံမြို့၌ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေး


ဆက်လက်၍ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၅) ရဲမှူးကြီးလှိုင်တင့်က နယ်မြေလုံခြုံရေး နှင့်တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များ၊ လူမှုစီးပွာဘဝဖွံ့ဖြိုးရေးဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားပြီး အောင်လံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသန်းက အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဒေသဆိုင်ရာအချက်အလက်များအား ရှင်းလင်းတင်ပြရာ မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌက ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များ ဖြည့်စွတ်လမ်းညွှန် မှာကြား၍ ၂၀၂၀ ခုနှစ်အတွင်း သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးသွားသော သီးနှံပျက်စီးဧက (၄၅၃၅) အတွက် ထောက်ပံ့ငွေကျပ် (၃၁၁၃၀၀၀၀/-)ကို ပေးအပ်ခဲ့ရာ တောင်သူများက လက်ခံရယူခဲ့သည်။

အောင်လံမြို့၌ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေး


#မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင့်လွင်နှင့်အဖွဲ့သည် ဧပြီ(၂၈)ရက် ညနေ (၄) နာရီခွဲက ဒုရင်္ဂဗိုလ်လျှပ်စစ်မြစ်ရေတင်လုပ်ငန်းမှ D1C မြောင်းမှ နွေစပါးသီးနှံစိုက်ပျိုးမှုအတွက် ရေပေးဝေမှုများ၊ စပါးသီးနှံစိုက်ပျိုးထားရှိမှုနှင့် မြစ်ရေတင်လုပ်ငန်း စက်ရုံလည်ပတ်နေမှုတို့အား ကြည့်ရှု စစ်ဆေးခဲ့သည်။ ဆက်လက်၍  အောင်လံမြို့နယ် စက်မှုလယ်ယာဦးစီးဌာနသို့ ရောက်ရှိကာ ထွန်စက်များ ထိန်းသိမ်းငှားရမ်းသုံးစွဲမှုနှင့် ပတ်သက်၍ ကြည့်ရှုစစ်ဆေးပြီး အောင်လံ - သရက်တံတား တည်ဆောက် နေမှုလုပ်ငန်းအခြေအနေအား ရှင်းလင်းတင်ပြမှု အပေါ်လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း