သရက် ဧပြီ ၂၈
မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ကံမမြို့နယ်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ် ခန်းမတွင် ကျင်းပရာ မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင့်လွင်က နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် မူဝါဒများချမှတ်၍ ဆောင်ရွက်နေမှုများကို အသေး စိတ် ရှင်းလင်းပြောကြားပြီး ဌာနဆိုင်ရာတာဝန်ရှိသူများအနေဖြင့် မိမိတို့ဒေသဖွံ့ဖြိုး တိုးတက်ရေး အတွက် တာဝန်ကျရာအခန်းကဏ္ဍများအလိုက် နိုင်ငံ့ဝန်ထမ်းကောင်းများပီသစွာဖြင့် လုပ်ငန်း တာဝန်များကို ကျေပွန်စွာထမ်းဆောင်သွားကြရန် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့် နေထိုင်သွားကြရန် လမ်းညွှန်မှာကြားခဲ့သည်။
တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၅) ရဲမှူးကြီးလှိုင်တင့်က နယ်မြေလုံခြုံရေးနှင့်တရား ဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များ၊ လူမှုစီးပွာဘဝဖွံ့ဖြိုးရေးဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေး ပြောကြားပြီး ကံမမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလင်းသိန်းက အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဒေသဆိုင်ရာ အချက်အလက်များအား ရှင်းလင်းတင်ပြရာ မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များ ဖြည့်စွတ် လမ်းညွှန် မှာကြားခဲ့သည်။
#အဆိုပါ တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားသို့ မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဦးတင့်လွင်နှင့် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စာရေးများ တက်ရောက်ခဲ့ကြောင်း သိရသည်။