မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

ဂန့်ဂေါတွင် လေဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ငွေများပေးအပ်

ဂန့်ဂေါတွင် လေဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ငွေများပေးအပ်

ဂန့်ဂေါ ဧပြီ ၃၀
 မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် ဧပြီ ၃၀ ရက် နေ့လယ်ပိုင်းက လေပြင်း တိုက်ခတ်မှုဖြစ်ပွားခဲ့ရာ ပျက်စီးဆုံးရှုံးခဲ့သည့် အိမ်ထောင်စုများအား ယမန်နေ့ မွန်းလွဲပိုင်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

ထောက်ပံ့ငွေများပေးအပ်
 ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ဧပြီ ၃၀ ရက္က လေပြင်းတိုက်ခတ်သဖြင့် ပျက်စီးသွားသည့် မြို့မရပ်ကွက်ရှိ နေအိမ်တစ်လုံးအတွက် ဆန်ရိက္ခာနှင့် အိမ်ဆောက်ပစ္စည်းဝယ်ယူရန်အတွက် (၉၈၄၀၀)ကျပ်၊ ကျောတိုက်ရပ်ကွက်ရှိ နေအိမ်တစ်လုံးအတွက် ဆန်ရိက္ခာနှင့် အိမ်ဆောက်ပစ္စည်းဝယ်ယူရန်အတွက် (၄၆၃၀၀)ကျပ်၊ မြောက်ကုန်းရပ်ကွက်ရှိ နေအိမ် တစ်လုံးအတွက် ဆန်ရိက္ခာနှင့် အိမ်ဆောက်ပစ္စည်းဝယ်ယူရန်အတွက် (၉၈၄၀၀)ကျပ်၊ ပြစ်မကျေးရွာရှိ လေဘေးသင့်ဘုန်းကြီးကျောင်းအတွက် ဆန်ရိက္ခာနှင့် ကျောင်းဆောက်ပစ္စည်းဝယ်ယူရန်အတွက် (၉၀၀၀၀)ကျပ်နှင့် နေအိမ်(၇)လုံးအတွက် (၆၂၁၉၀၀)ကျပ်၊ လယ်မကျေးရွာရှိ နေအိမ်(၃)လုံးအတွက် ဆန်ရိက္ခာနှင့် အိမ်ဆောက်ပစ္စည်းဝယ်ယူရန်အတွက် (၃၁၆၂၀၀)ကျပ်တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
 အဆိုပါပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်အေးနှင့် အဖွဲ့ဝင်များ၊ ဂန့်ဂေါခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရွိ ဒေါ်ဝင်းဝင်းမော်တို့က တက်ရောက်ပေးအပ်ကြကြောင်း သိရသည်။

နောက်ဆုံးရ သတင်း