မကွေး မေ ၆
မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင့်လွင်သည် အဖွဲ့ဝင်များဖြစ်သည့် ဦးစိုင်းမြင့်အေး၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးလှိုင်တင့်နှင့် အတူ တိုင်းဒေသကြီးအဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများ လိုက်ပါကာ မေလ ၆ ရက်နေ့ နံနက်ပိုင်းက ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ တောင်စင်ကျေးရွာရှိ ကင်တာသစ်ဆိတ်မွေးမြူရေးကုမ္ပဏီသို့ ရောက်ရှိခဲ့ပြီး ဒေသဆိတ်များ မွေးမြူ ဖြစ်ထွန်း နေမှုအခြေအနေများအား ကြည့်ရှုခဲ့ပြီး ဈေးကွက်သို့တင်ပို့ရောင်းချမှု အခြေအနေများအား မေးမြန်းကာ လိုအပ်သည်များ မှာကြားဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ တိုးရွှေဝါကုမ္ပဏီ၏ ဆိတ်မွေးမြူနေမှုအခြေအနေများအား ကြည့်ရှုခဲ့ပြီး ဆိတ်များကြီးထွားဖွံ့ဖြိုးအောင် ကျွေးမွေးစောင့်ရှောက်မှုအခြေအနေများအား မေးမြန်းကာ စနစ်တကျ ပိုမိုဖြစ်ထွန်းအောင်မြင်အောင် ဆောင်ရွက်နိုင်ရေးအတွက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအား လိုအပ်သည့် နည်းစနစ်များအား ရှင်းလင်းစေပြီး ၊ရေစကြိုမြို့သို့ ဆက်လက်ထွက်ခွာလာရာ ရွှေချောင်း မြစ်ရေတင်စီမံကိန်းသို့ ရောက်ရှိခဲ့ပြီး နွေးစပါးစံပြစိုက်ခင်းအား ကြည့်ရှုစစ်ဆေးကာ၊ အထွက်တိုးရေး အတွက် မျိုးကောင်းမျိုးသန့်များသုံးစွဲရေး၊ စိုက်စနစ်မှန်ကန်ရေးတို့ကို အထူးအလေးပြု ဆောင်ရွက် ကြရန်၊လျားထားချက် ပြည့်မီကျော်လွန် စိုက်ပျိုးနိုင်အောင် ကြိုးစားဆောင်ရွက်ကြရန်နှင့် ရေးပေးဝေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားဆောင်ရွက်ခဲ့သည်။
တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်းစီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မွန်းလွဲပိုင်းတွင် ရေစကြို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက် /ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများနှင့် တွေ့ဆုံ၍ မိမိတို့အဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဖြစ်သော လမ်းပန်းဆက်သွယ်မှုကောင်းမွန်ရေး၊ လျှပ်စစ်မီးလင်းရေး၊ ဆက်သွယ်ရေးစနစ် ကောင်းမွန်နှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလိုကြောင်း၊ ဖော်ပြပါလုပ်ငန်းများ ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်မှာ တည်ငြိမ်အေးချမ်းဖို့လိုကြောင်း၊ တည်ငြိမ်အေးချမ်းရန် တရားဥပဒေစိုးမိုးဖို့ လိုအပ်ကြောင်း၊ တရားဥပဒေစိုးမိုးရေးအတွက် ရဲတပ်ဖွဲ့ တစ်ခုတည်းနှင့် ဆောင်ရွက်၍ မရကြောင်း၊ ပြည်သူများမှ ပူးပေါင်းပါဝင်ကြဖိုလိုကြောင်း၊ တရားဥပဒေ စိုးမိုးနိုင်ရန် အတွက် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရင်းဝန်ထမ်းများသည် အဓိကအခန်း ကဏ္ဍမှ ပါဝင်ကြောင်း၊ မိမိတို့ရပ်ကွက်ကျေးရွာများအတွင်း ဧည့်စာရင်းတိုင်ကြားစေခြင်း၊ ဧည့်စာရင်း စစ်ဆေးခြင်းလုပ်ငန်းများကို အထူးဂရုပြုဆောင်ရွက်ရန်နှင့် ထူးခြားမှုရှိပါက အထက်ဌာန အဆင့်ဆင့်သို့ အသိပေးတင်ပြပေးရန်ဖြစ်ကြောင်း၊ မကြာမီမိုးတွင်းကာလသို့ ရောက်ရှိ လာတော့မည် ဖြစ်ပြီး သစ်ပင်စိုက်ပျိုးခြင်းလုပ်ငန်းကို ပွဲတော်များကျင်းပ၍ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ စိုက်ပျိုးရာတွင် တစ်ပင်စိုက်လျှင် တစ်ပင် ရှင်သန်အောင် ဆောင်ရွက်ဖို့လိုကြောင်း၊ မကြာမီကာလတွင် ကျောင်းများ ပြန်လည် ဖွင့်လှစ်တော့မည် ဖြစ်၍ မိမိတို့ကျေးရွာများရှိ ကျောင်းများအား ဥပဓိရုပ် ကောင်းမွန်အောင် ပြင်ဆင်ဆောင်ရွက်ကြရန်နှင့် Covit -19 ညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ်ဖို့လိုအပ်ပြီး အချိန်(၂)ပိုင်း ခွဲ၍ သင်ကြားဖို့လိုပါက သင်ကြားနိုင်ရန် အသေးစိတ်စီမံချက်များ ရေးဆွဲဆောင်ရွက်ရန် လိုအပ် ကြောင်း၊ ဆရာ/ဆရာမများ အနေဖြင့် ကလေးများအား လိမ္မာယဉ်ကျေး အောင်လည်း သင်ကြားပေးစေ လိုပါကြောင်း ဆွေးနွေးမှာကြားသည်။
ဆက်လက်ပြီး အဖွဲ့ဝင်(၃)၊ ဦးစိုင်းမြင့်အေးက လဝကမှ ဆောင်ရွက်မည့် ပန်းခင်းစီမံချက် တွင်လည်း ဝိုင်းဝန်းကူညီဆောင်ရွက်ပေးစေလိုပါကြောင်း၊ လျှပ်စစ်မီတာခများကို ပြန်လည်ကောက်ခံ တော့မည် ဖြစ်သည့်အတွက် အပြည့်အဝကောက်ခံရရှိရေးကိုလည်း ဝိုင်းဝန်းဆောင်ရွက်ပေးကြစေလို ကြောင်း၊ မီတာဖတ်စာရေး နေ့စားဝန်ထမ်းများ ခန့်ထားပေးမည်ဖြစ်၍ အခြေခံပညာအထက်တန်း အောင်ပြီးသူများအား လျှောက်ထားနိုင်ကြောင်းကို အသိပေးဆောင်ရွက်ပေးစေလိုကြောင်း၊ ထန်းပင် များအား ခုတ်လှဲရောင်းချနေကြောင်း သိရှိရသည့်အတွက် ထန်းမျိုးမပြုန်းတီးရေးအတွက် ထိန်းသိမ်း ဆောင်ရွက် ပေးကြစေလိုကြောင်း ဆွေးနွေးမှာကြားသည်။
ယင်းနောက် အဖွဲ့ဝင်(၅) တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီးလှိုင်တင့်က ၎င်းသည် ရပ်ရွာ အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက် ရာမှာ မိမိတို့မြန်မာနိုင်ငံရဲတပ်ဖွဲ့တစ်ခုတည်းနှင့် ဆောင်ရွက်၍မရဘဲ ပြည်သူများမှလည်း ဝိုင်းဝန်း ဆောင်ရွက် ပေးစေလိုပါကြောင်း၊ ကျောင်းများလည်း မကြာခင်ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်၍ မိမိတို့ကလေးများ အေးချမ်းစွာပညာသင်ကြားနိုင်ရေးအတွက် တရားဥပဒေစိုးမိုးနိုင်အောင် ဝိုင်းဝန်း ကူညီ ဆောင်ရွက်ပေးရန်လိုကြောင်း ဆွေးနွေးမှာကြားခဲ့သည်။
ဆက်လက်၍ ရေစကြိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင် ကျော်မင်းက အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာအချက်အလက်များအား တင်ပြခဲ့ပြီး တင်ပြချက် များအပေါ် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်းစီ ဥက္ကဋ္ဌက လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်းနှင့် ဥက္ကဋ္ဌနှင့်အဖွဲ့သည် ရေစကြိုမြို့၊ စည်သူရှင်ဘုရားသို့ ရောက်ရှိ ဖူးမြော်ခဲ့ပြီး အလှူငွေများ ပေးအပ်လှူဒါန်းကာ ပခုက္ကူမြို့သို့ ပြန်လည်ထွက်ခွာသွားကြောင်း သိရှိရသည်။