မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

ဒုတိယရှေ့နေချုပ် ဦးစန်းလွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ ဥပဒေအရာရှိများအား တွေ့ဆုံဆွေးနွေး မှာကြား

ဒုတိယရှေ့နေချုပ် ဦးစန်းလွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ ဥပဒေအရာရှိများအား တွေ့ဆုံဆွေးနွေး မှာကြား

မကွေး     မေ     ၈
 ဒုတိယရှေ့နေချုပ် ဦးစန်းလွင်သည် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ တာဝန်ရှိသူများ လိုက်ပါကာ မေလ ၈ ရက် ယနေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီးဥပဒေချုပ်ရုံး အစည်းအဝေး ခန်းမ၌ တိုင်းဒေသကြီးဥပဒေချုပ်ရုံး၊ ခရိုင်နှင့် မြို့နယ်ဥပဒေရုံးများမှ ဥပဒေအရာရှိများနှင့် တွေ့ဆုံဆွေးနွေး သည်။
 ထိုသို့ တွေ့ဆုံစဉ် ဒုတိယရှေ့နေချုပ်က ပြည်ထောင်စုရှေ့နေချုပ်ရုံးတွင် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မဟာဗျူဟာစီမံကိန်းပါ လုပ်ငန်းစဉ်များကို ပြည်ထောင်စု ရှေ့နေချုပ်ရုံးနှင့် ဥပဒေရုံးအဆင့်ဆင့်က ဟန်ချက်ညီညီ အတူလက်တွဲ အကောင်အထည်ဖော် ဆောင်ရွက်သွားရေးကိစ္စ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ပြုလုပ်နေသော ရာထူးတိုး၊ အပြောင်းအရွေ့၊ သင်တန်းအစရှိသည့် စီမံရေးရာကိစ္စ၊ တရားစွဲနှင့် အမှုလိုက်ဆိုင်ရာကိစ္စ နှင့် လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် အန္တရာယ်ကင်းရှင်းစေရေးကိစ္စများကို ဆွေးနွေးမှာကြားသည်။

ဥပဒေအရာရှိများအား တွေ့ဆုံဆွေးနွေး မှာကြား


 ဆက်လက်၍ မကွေးတိုင်းဒေသကြီး ဥပဒေအရာရှိ ဦးဝင်းနိုင်က တိုင်းဒေသကြီးအတွင်း ဆောင်ရွက်လျက်ရှိသည့် အမှုလိုက်လုပ်ငန်းများ အခြေအနေနှင့် လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာသည့် ခရိုင်နှင့် မြို့နယ်ဥပဒေအရာရှိများက မိမိတို့၏ လုပ်ငန်း ဆောင်ရွက်မှုနှင့် စပ်လျဉ်း၍  ရှင်းလင်းတင်ပြကာ၊ ဒုတိယရှေ့နေချုပ်က တင်ပြချက်များအပေါ် ပြန်လည်ဆွေးနွေး၍ လိုအပ်သည်များ မှာကြားခဲ့ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း