မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ၊ တိုင်းဒေသကြီးစက်မှုဇုန်များဖော်ဆောင်ရေးနှင့် ကြီးကြပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက်

မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ၊ တိုင်းဒေသကြီးစက်မှုဇုန်များဖော်ဆောင်ရေးနှင့် ကြီးကြပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက်

မကွေး     မေ     ၁၁
 မကွေးတိုင်းဒေသကြီး စက်မှုဇုန်များဖော်ဆောင်ရေးနှင့် ကြီးကြပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မေလ ၁၁ ရက်နေ့ နံနက် ၁၀ နာရီအချိန်က တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ရုံး အစည်းအဝေး၌ ကျင်းပရာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ တက်ရောက်၍ အမှာစကားပြောကြားသည်။

လုပ်ငန်းညှိနှိုင်း အစည်းအဝေး


 အစည်းအဝေးတွင် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးတင့်လွင်က မကွေးတိုင်း ဒေသကြီးအတွင်း တည်ထောင်ပြီး စက်မှုဇုန်(၂)ခု ရှိပါကြောင်း၊ရေနံချောင်း စက်မှုဇုန်မှာ (၁၀၀)ပေ ပတ်လည်(၁၇၈)ကွက်ရှိပြီး၊အကျယ်အဝန်းမှာ(၁၇၉.၇၁)ဧက ရှိပါကြောင်း၊ ရေနံချောင်း ဇုန်အတွင်း မှတ်ပုံတင်ပြီးလုပ်ငန်း(၁၀၅)ခုရှိပြီး၊အများဆုံးမှာ စားသောက်ရေးလုပ်ငန်းများဖြစ်ကြောင်း၊ ပခုက္ကူဇုန် က (၁၀၀)ပေ ပတ်လည် မြေကွက်ပေါင်း(၈၉၈)ကွက် ဖော်ထုတ်ထားပြီး၊ အကျယ်အဝန်းမှာ(၃၇၈.၈) ဧက ရှိကြောင်း၊ ပခုက္ကူ စက်မှုဇုန်အတွင်း  မှတ်ပုံတင်ပြီးလုပ်ငန်း(၂၂၀)ခုရှိပြီး၊ အများစုကတော့ စားသောက်ရေးလုပ်ငန်းများပင်ဖြစ်ကြောင်း၊နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ၏ လမ်းညွှန် ချက်နှင့် အညီ တိုင်းဒေသကြီးမြို့တော် မကွေးမြို့တွင် စက်မှုဇုန်အသစ်တစ်ခု အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ(၂၆)ရက်နေ့တွင် ပြဌာန်းထားသည့်  စက်မှုဇုန် ဥပဒေပါ ပြဌာန်းချက်များအတိုင်း  အကောင်အထည်ဖော်ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ လိုအပ်သည့် မြေနေရာ အကျယ်အဝန်း၊ လမ်းပန်းဆက်သွယ်ရေး အနေအထား၊ကုန်ကြမ်းရရှိမှု အခြေအနေတို့ကို ကော်မတီအဖွဲ့ဝင်များ ဝိုင်းဝန်းဆွေးနွေးပေးစေလိုကြောင်း စသည်ဖြင့် အမှာစကားပြောကြားသည်။

နောက်ဆုံးရ သတင်း