မကွေး ဇွန် ၁၇
မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အောက်ထပ်အစည်းအဝေးခန်းမ၌ မကွေးမြို့ ကားကြီးဝင်းတွင် ကုန်တင်ယာဉ်များ စစ်ဆေးရေးစခန်း ဆောက်လုပ်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက ပြုလုပ်ဆောင်ရွက်ရာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးတင့်လွင် တက်ရောက် အမှာစကားပြောကြားသည်။
ဆွေးနွေးပွဲတွင် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင့်လွင်က မကွေးမြို့တွင်းကို ကုန်တင်ယာဉ်ကြီးများ ဝင်ရောက်ဖြတ်သန်းသွားလာခြင်း ကြောင့် မြို့တွင်းရှိ(၁၃)တန်အထိ ခံနိုင် ဝန်ရှိတဲ့ လမ်း/တံတားများ ပျက်စီးခြင်းနှင့် ယာဉ်ကြောပိတ်ဆို့ခြင်း ယာဉ်အန္တရာယ် ဖြစ်ပေါ်စေခြင်းတို့ အပေါ် မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ၏ တင်ပြချက်နှင့် မြို့နယ်စီမံခန့်ခွဲမှုကော် မတီ၊ မြို့နယ်အထောက်အကူပြုကော်မတီ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီတို့ ဆွေးနွေးညှိနှိုင်းမှု များအရ ကုန်တင်ကုန်ချကားကြီးဝင်းတစ်ခု တည်ဆောက်၍ ၎င်းမှတဆင့် မြို့တွင်းသို့ ကုန်စည်များ ဖြန့်ဝေရန် ကုန်တင်ကုန်ချကားကြီးဝင်း တည်ဆောက်ခဲ့တာဖြစ်ပြီး၊ အဆိုပါလုပ်ငန်းမှာ ရပ်တန့်၍ ဆက်လက် ဆောင်ရွက်မှု မရှိတာကို တွေ့ရကြောင်း၊ ယခုအခါ မြို့တွင်းယာဉ်အဝင်အထွက်များ ပိုမိုများ ပြားလာကာ ယာဉ်အန္တရာယ်ဖြစ်ပွားမှု၊ လမ်း/တံတား ပျက်စီးမှုများ လျှော့နည်းစေရန်နှင့် ယာဉ်အဝင် အထွက်များ စိစစ်စစ်ဆေးမှုများ လုပ်ဆောင်နိုင်စေရန် ကုန်တင်ကုန်ချကားကြီးဝင်းကို အမြန်ဆုံး ပြန်လည်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့ တာဝန်ရှိသူများနှင့် တွေ့ဆုံခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၁)ဦးအောင်ချိန်က ကားကြီးဝင်းတွင် ကုန်တင်ယာဉ်များ စစ်ဆေးရေးစခန်း ဆောက်လုပ်ရေးကိစ္စနှင့်ပတ်သက်၍ အကြံပြုဆွေးနွေး ခဲ့ပြီး၊ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ တိုင်းဦးစီးမှူးနှင့် တာဝန်ရှိသူတို့က ယခင်ကုန်တင်ကုန်ချ ကားကြီးဝင်း တည်ဆောက်ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကာ၊ တင်ပြချက်များ နှင့် စပ်လျဉ်း၍ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက အဆိုပါလုပ်ငန်း ပြန်လည်အကောင် အထည်ဖော် ဆောင်ရွက်နိုင်စေရေးအတွက် လိုအပ်သည့် ပံ့ပိုးမှုများ ဖြည့်ဆည်းဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း ပြောကြားသည်။
မောင်ညီညာ (မကွေး)