မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ တိုင်းဒေသကြီးပြည်သူ့ဆေးရုံကြီးရှိ ကိုဗစ်လူနာ များအတွက် စားသောက်ဖွယ်ရာများနှင့် ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်

မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ တိုင်းဒေသကြီးပြည်သူ့ဆေးရုံကြီးရှိ ကိုဗစ်လူနာ များအတွက် စားသောက်ဖွယ်ရာများနှင့် ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်

မကွေး     ဇူလိုင်     ၁၃

မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးတင့်လွင်သည် အဖွဲ့ဝင်များဖြစ်သည့် ဗိုလ်မှူးကြီးကျော်ကျော်လင်း၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးလှိုင်တင့်တို့နှင့်အတူ ဇူလိုင်လ ၁၂ ရက် ညနေ ၅ နာရီအချိန်က တိုင်းဒေသကြီးပြည်သူ့ဆေးရုံကြီးရှိ ကိုဗစ်လူနာများ ကုသဆောင်ရွက် ပေးသည့် တိုးချဲ့(၅)ဆောင်သို့ရောက်ရှိပြီး၊ ကိုဗစ်-၁၉ ရောဂါ ဆေးဝါကုသမှုခံယူနေသူ လူနာများ အတွက် ကြက်ဥ၊ ခေါက်ဆွဲခြောက် ကွေကာ၊ Mask၊ Face Shield လက်သန့်ဆေးရည်တို့အား တိုင်းဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်ဝင်းဝင်းဌေးထံ ပေးအပ်ထောက်ပံ့လှူဒါန်းခဲ့သည်။

ဆက်လက်ပြီး မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌနှင့်အဖွဲ့သည် လူနာများ အသုံးပြု ဆောင်ရွက်ရန်အတွက် အဆိုပါဆေးရုံကြီးရှိ အောက်စီဂျင်ထုပ်လုပ် ဆောင်ရွက်သည့် စက်ရုံအတွင်း ရောက်ရှိခဲ့ပြီး၊ ဆေးရုံအုပ်ကြီးမှ အောက်စီဂျင်ထုတ်လုပ်ဆောင်ရွက်မှု အခြေအနေ၊ လိုအပ်ချက်၊အခက်အခဲများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ရာ၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဌက တင်ပြခဲ့မှုများအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးအတွင်း လက်ရှိအခြေအနေမှာ ပိုးတွေ့အတည်ပြုလူနာပေါင်း(၂၅၄၁)ဦး ရှိပြီး၊ ကျန်းမာရေး ပြန်လည်ကောင်းမွန်ကာ ဆေးရုံဆင်းခွင့်ရရှိသူ(၁၆၅)ဦး၊ သေဆုံးသူက(၂၇)ဦးရှိခဲ့ ကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ Quarantine Centre များနှင့် ဆေးရုံအသီးသီးတွင် တက်ရောက် ဆေးဝါးကုသမှု ခံယူနေသူ(၂၃၄၉))ဦးရှိကြောင်း တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီး ဌာန မှတ်တမ်းများအရ သိရသည်။

နောက်ဆုံးရ သတင်း