မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဆေးရုံကြီး၊ကျန်းမာရေးစင်တာနှင့် စစ်ဆေးရေးဂိတ်များသို့ သွားရောက်ကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဆေးရုံကြီး၊ကျန်းမာရေးစင်တာနှင့် စစ်ဆေးရေးဂိတ်များသို့ သွားရောက်ကြည့်ရှုစစ်ဆေး မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဆေးရုံကြီး၊ကျန်းမာရေးစင်တာနှင့် စစ်ဆေးရေးဂိတ်များသို့ သွားရောက်ကြည့်ရှုစစ်ဆေး

မကွေး    ဇူလိုင်     ၁၄

 

မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးတင့်လွင်နှင့် အဖွဲ့ဝင်များသည် ဇူလိုင်လ ၁၃ ရက်နေ့ နံနက် ၁၀ နာရီက မကွေးမြို့ သီတဂူမျက်စိဆေးရုံ၌ ကိုဗစ်-၁၉ရောဂါ စစ်ဆေး ဆောင်ရွက်နေမှု အခြေအနေအား သွားရောက်ကြည့်ရှုပြီး Mask များ၊လက်အိတ်များနှင့် စားသောက် ဖွယ်ရာများ လှူဒါန်းပေးအပ်ခဲ့သည်။

 

ဆက်လက်၍ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးတင့်လွင်နှင့် အဖွဲ့ဝင်များသည် ကံပြားကျေးရွာ စစ်ဆေးရေးဂိတ်သို့ရောက်ရှိပြီး ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးအတွက် အပူချိန် တိုင်းတာပေးနေမှု၊ စာရင်းကောက်ယူမှုအခြေအနေနှင့် မော်တော်ယာဉ် ဝင်ထွက်မှု အခြေအနေများ စစ်ဆေးဆောင်ရွက်မှုနေမှုကို ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြား ဆောင်ရွက်ခဲ့သည်။

 

ဆက်လက်ပြီး မကွေးမြို့ မြို့ရှောင်လမ်းရှိ ကမ္ဘာကျော် အောက်စီဂျင်ဓာတ်ငွေ့ ထုတ်လုပ်ရေး စက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး မကွေးတိုင်းဒေသကြီးအတွင်းရှိ ဆေးရုံများ၏ အောက်စီဂျင် လိုအပ်မှုများ ဖြည့်ဆည်းနိုင်ရေးအတွက် နေ့စဉ်ထွက်ရှိသည့် အောက်စီဂျင်များအား အချိုးကျခွဲဝေ ရောင်းချပေးရေး ညှိနှိုင်းဆောင်ရွက်ပေးပြီး လျှပ်စစ်မီးအချိန်ပြည့်ရရှိရေး တင်ပြမှုအပေါ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

မွန်းလွဲပိုင်းတွင် မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးတင့်လွင်နှင့် အဖွဲ့ဝင် များသည် မင်းဘူးခရိုင်ပြည်သူ့ဆေးရုံကြီးသို့ရောက်ရှိပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းများ အတွက် ဆေးနှင့်ဆေးပစ္စည်း လိုအပ်ချက်ရှိ/မရှိ နှင့် ဆေးဝါးကုသဆောင်ရွက်ပေးနေမှု အခြေအနေ များအား ကြည့်ရှုစစ်ဆေးခဲ့ပြီး၊ ဆေးရုံကြီးတွင် အောက်စီဂျင်လိုအပ်ချက် မရှိစေရေးအတွက် လက်ရှိ အသုံးပြုလျက်ရှိသော အောက်စီဂျင်စက် လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးကာ ထပ်မံ ပြုပြင်ဆောင်ရွက်ရန် မှာကြားသည်။

 

ယင်းနောက် မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးတင့်လွင်နှင့် အဖွဲ့ဝင် များသည် ငဖဲမြို့နယ် ပျဉ်းဝကျေးရွာ ဝင်/ထွက် ပူးပေါင်းစစ်ဆေးရေးဂိတ်သို့် ထွက်ခွာလာရာ ညနေ ၄  နာရီ ၅၀ မိနစ် အချိန်ခန့်တွင် ငဖဲမြို့နယ် ပျဉ်းဝကျေးရွာ ကျန်းမာရေးစစ်ဆေးရေးဂိတ်နှင့် ဝင်/ထွက် ပူးပေါင်းစစ်ဆေးရေးဂိတ်သို့် ရောက်ရှိပြီး မော်တော်ယာဉ်များ ဝင်/ထွက်သွားလာမှု ကျန်းမာရေး စစ်ဆေးပေးနေမှု အခြေအနေများနှင့် ပျဉ်းဝကုန်စည်လွှဲပြောင်းရေးစခန်းရှိ လေလံရောင်းချမည့် အဆောက်အဦ အခြေအနေမျာအား ကြည့်ရှုစစ်ဆေးပြီး၊ ခရိုင်၊မြို့နယ်များမှ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးပြီး၊ ပျဉ်းဝ ကုန်စည်လွှဲပြောင်းရေး စခန်းရှိ ဂိတ်အဆောက်အအုံဟောင်းများကို မြို့နယ်အတွင်းရှိ လိုအပ်သော နေရာများတွင် အကျိုး ရှိရှိအသုံးချနိုင်ရေးနှင့် ကျန်းမာရေးစစ်ဆေးရေးဂိတ်ကို စုပေါင်းဂိတ်၏ အထက် မြေကွက်လပ်တွင် ပြောင်းရွှေ့ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားရန် မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း