မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာများ ထားရှိဆောင်ရွက်ရန် အဆောင်များနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာများ ထားရှိဆောင်ရွက်ရန် အဆောင်များနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည်ရှုစစ်ဆေး

မကွေး ဇူလိုင် ၁၇

မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးတင့်လွင်သည် အဖွဲ့ဝင် ရဲမှူးကြီး လှိုင်တင့်၊ အတွင်းရေးမှူး ဦးဝင်းရှိန်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါကာ ဇူလိုင်လ ၁၇ ရက်နေ့ နံနက်ပိုင်းက မကွေးမြို့ တိုင်းဒေသကြီး အားကစားကွင်းအတွင်းရှိ ဖူဆယ်အားကစားရုံတွင် COVID-19 Positive လူနာများ ထားရှိကုသနိုင်ရန် ခုတင်၊စောင်၊ခေါင်းအုံးနှင့် အသုံးအဆောင်ပစ္စည်းများ ပြင်ဆင် ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး သောက်သုံးရေ ပြတ်လပ်မှုမရှိစေရေး၊ မီးရရှိရေးနှင့် ဌာနဆိုင်ရာများ၊လူမှုရေးအဖွဲ့အစည်းများအား အလှည့်ကျ တာဝန်ပေးအပ်ရန် မှာကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် မကွေး တက္ကသိုလ် ဗိဿနိုးဆောင်သို့ ရောက်ရှိပြီး ကိုဗစ်-၁၉ လူနာများထားရှိရန်အတွက် ပြင်ဆင်ထားရှိမှု၊ ပတ်ဝန်းကျင် သန့်ရှင်းရေးဆောင်ရွက်မှုနှင့် တာဝန်ချထားထားမှု အခြေအနေများအား ကြည့်ရှု စစ်ဆေးပြီး၊ကူညီဆောင်ရွက်လျက်ရှိသော မီးသတ်တပ်ဖွဲ့ဝင်များ၊ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် စေတနာ့ ဝန်ထမ်းများအား ကျွေးမွေးနိုင်ရန် ငွေကျပ်(၈၀၀၀၀/ိ-)ထောက်ပံ့ပေးခဲ့သည်။

ဆက်လက်ပြီး ဥက္ကဌ ဦးတင့်လွင်နှင့် အဖွဲ့ဝင်များသည် မကွေးမြို့နယ်အား Stay Home သတ်မှတ်ထားရှိမှုအပေါ် ပြည်သူများ လိုက်နာစေရေးအတွက် စစ်ဆေးဆောင်ရွက်နေသော မကွေး မြို့ ဗိုလ်ချုပ်လမ်းနှင့်နတ်မောက်လမ်းဆုံသို့ ရောက်ရှိခဲ့ပြီး စစ်ဆေးဆောင်ရွက်နေမှု အခြေအနေများ အား ကြည့်ရှုစစ်ဆေးကာ တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအတွက် ကျွေးမွေးဧည့်ခံနိုင်ရန် ငွေကျပ်(၈၀၀၀၀/ိ-)ထောက်ပံ့ပေးအပ်ခဲ့သည်။ ယင်းနောက် ဥက္ကဌနှင့် အဖွဲ့ဝင်များသည် မကွေးမြို့ ကမ်းနားလမ်းတွင် တည်ဆောက်လျက်ရှိသော ညဈေးဆောက်လုပ်မှုလုပ်ငန်းခွင်သို့ ရောက်ရှိပြီး လုပ်ငန်းများအချိန်မီ ပြီးစီးရေးနှင့် အရည်အသွေးကောင်းမွန်စေရေး စေတနာထားဆောင်ရွက်ရန် မှာကြားသည်။

ဆက်လက်၍ မကွေးမြို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာများ ထပ်မံများပြားလာပါက ထားရှိ ဆောင်ရွက်နိုင်ရန် အခြေခံကျန်းမာရေးတက္ကသိုလ်နှင့် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းများမှ ကျောင်း အိပ်ဆောင်များအား သွားရောက်ကြည့်ရှုခဲ့ပြီး၊ ကျန်းမာရေးတက္ကသိုလ်တွင် အတည်ပြုလူနာ (၁၅၀)ဦး၊ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းတွင် အတည်ပြုလူနာ(၁၅၀)ဦးနှင့် Contact လူနာ(၁၅၀)ဦး ထားရှိနိုင် အောင် စီစဉ်ထားရှိရန် မှာကြားဆောင်ရွက်ခဲ့ကြောင်းနှင့် ဥက္ကဌနှင့် အဖွဲ့ဝင်များသည် မကွေးမြို့တွင် ဆောင်ရွက်လျက်ရှိသော ကုန်တင်ကား စစ်ဆေးရေးဂိတ်နှင့် ကုန်တင်ကုန်ချ ဂိတ်ဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းအဖြစ် ကူးစက်ပြန့်ပွားမှုက မြင့်မားလျက်ရှိပြီး ကိုဗစ်-၁၉ Third Wave မှာ စတင်တွေ့ရှိခဲ့တဲ့(၂၇-၅-၂၀၂၁)ရက်နေ့မှ ယနေ့အထိ ပိုးတွေ့အတည်ပြု လူနာပေါင်း(၄၄၀၆)ဦးရှိပြီး၊ ကျန်းမာရေး ပြန်လည်ကောင်းမွန်ကာ ဆေးရုံဆင်းခွင့် ရရှိသူ(၈၆၉)ဦးနှင့်သေဆုံးသူက(၄၉)ဦးရှိကာ တိုင်းဒေသကြီးအတွင်းရှိ ဆေးရုံအသီးသီးတွင် တက် ရောက် ဆေးဝါးကုသမှုခံယူနေသူ(၃၄၈၈)ဦးရှိကြောင်း တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီဌာန မှတ်တမ်းများအရ သိရသည်။

နောက်ဆုံးရ သတင်း