မကွေး ဇူလိုင် ၁၇
မကွေတိုင်းဒေသကြီး Covid19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ တွဲဘက်အတွင်းရေးမူး ဦးဝင်းရှိန်သည် ဇူလိုင်လ ၁၇ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ခရိုင်/ မြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ ဥက္ကဌ များ နှင့် Virtual Meeting စနစ်ဖြင့် တိုင်းဒေသကြီးအတွင်းလက်ရှိဖြစ်ပွါးလျက်ရှိသည့် COVID 19 နှင့်ပါတ်သက်၍ တားဆီး၊ ကာကွယ်၊အမြန်ဆုံးထိမ်းချုပ်နိုင်ရေး အစည်းအဝေး အမှတ်စဉ် (၂/၂၀၂၁) ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။