မကွေး ဇူလိုင် ၂၀
မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးတင့်လွင်နှင့် အဖွဲ့ဝင်များသည် ဇူလိုင် လ ၂၀ ရက် ယနေ့နံနက် ၉ နာရီအချိန်က တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါ ကာ မကြာမီရောက်ရှိလာတော့မည့် အောက်စီဂျင်ဓာတ်ငွေ့ထုတ်လုပ်သည့် စက်တားရှိရန် မကွေးမြို့ ကာကြီးကွင်းအတွင်းရှိ မြေနေရာအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး အဆောက်အဦ အမြန်ဆောက် လုပ်နိုင်ရေး၊လျှပ်စစ်မီး ရရှိရေး ကိစ္စရပ်များကို အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ရန် မှာကြား ခဲ့သည်။
မကြာမီရောက်ရှိလာတော့မည့် အောက်စီဂျင်အိုးအလုံး(၅၀၀)ထားရှိနိုင်ရန်အတွက် ကားကြီး ကွင်းအတွင်း၌ ဆောက်လုပ်ထားရှိပြီးဖြစ်သည့် အခန်းများအနက် အခန်း(၂)ခန်းကိုလည်း ပြင်ဆင် ဆောင်ရွက်ထားရန် တာဝန်ရှိသူများအား မှာကြားဆောင်ရွက်ခဲ့သည်။
တိုင်းဒေသကြီးအတွင်း အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါကာကွယ် ကုသရေး လုပ်ငန်းအတွက် လိုအပ်လျက်ရှိသော Oxygen လိုအပ်မှုကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရန် တစ်နေ့လျှင် Oxygen(40L)အိုး အလုံး(၃၀၀) ထွက်ရှိသည့် စက်(၁)လုံး၊ Oxygen(40L) အိုး အလုံး(၁၀၀) ထွက်ရှိသည့် စက်(၃) လုံးတို့အား မှာယူထားရှိပြီးဖြစ်ရာ ဇူလိုင်လကုန်တွင် ရောက်ရှိမည်ဖြစ်ပြီး၊ အောက်စီဂျင်အိုး အလုံး(၅၀၀)မှာ ယခု ဇူလိုင်လ ၂၈ ရက်နေ့တွင် ရောက်ရှိလာတော့မည်ဖြစ်ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် လတ်တလော အသက်ရှုလမ်း ကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ထိန်းချုပ်၊ကုသရေးဆိုင်ရာ လုပ်ငန်းများကို အချိန်နှင့် တစ်ပြေးညီ စီမံဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တစ်ဖက်တစ်လမ်းမှ အထောက် အကူဖြစ်စေရန် ဆောင်ရွက်ပေးလျက်ရှိသည့် မကွေး တိုင်းဒေသကြီးအတွင်းရှိ စေတနာ့ဝန်ထမ်း(Volunteer)များနှင့် ပရဟိတအဖွဲ့များအတွက် ကျန်းမာရေး အာမခံ ထားပေးနိုင်ရေး အစီအစဉ်နှင့် Quarantine Centre များတွင် ထားရှိသည့် Positive လူနာများ အနက် စားသောက်ရေးခက်ခဲသည့် လူနာများကိုလည်း ကျွေးမွေးနိုင်ရေး အစီအမံများကို တိုင်းဒေသ ကြီးစီမံအုပ်ချုပ်ရေးကောင်စီမှ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။